Ryan Reynolds သည် ကနေဒါလူမျိုး နာမည်ကြီးအမျိုးသားသရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဂန္တဝင်မြောက် ဇာတ်ကား များကလည်း မရေမတွက်နိုင်အောင်ပဲ များပြားလှပါတယ်။ သူသည် ၁၉၇၆ ခုနှစ်၊ အောက်တိုဘလ ၂၃ ရက်နေ့က ကနေနိုင်နိုင်ငံ၊ ဗန်ကူးဗားမြို့တွင် ဖွားမြင်ခဲ့တာဖြစ်ပြီး Blake Lively ဆိုတဲ့ အမေရိကန်သူ အမျိုးသမီးသရုပ်ဆောင်ကို လက်တွဲဖော်အဖြစ် လက်ထပ်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားသမီး ၃ ယောက်လည်း ပိုင်ဆိုင်ထားပါတယ်။
Photo: Metro UK
Ryan Reynolds သည် ဟာသဉာဏ်ရွှင်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဟာသဉာဏ်ရွှင်တဲ့အတွက်ကြောင့်ပဲ သူ့ရဲ့ဇာတ်ကားများသည် ပိုပြီး ဂန္တဝင်မြောက် ကာ လူကြိုက်များသော ဇာတ်ကား တွေဖြစ်လာရတာပါ။
ကွီးတို့သည် Ryan Reynolds ရဲ့ ပရိသတ်တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကား (၁၀) ကားကိုတော့ မဖြစ်မနေကြည့်ထားသင့်ပါတယ်။
(၁၀) Definitely, Maybe
Source: Movieclips Classic Trailers
ဒီဇာတ်ကားကတော့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ရိုမန့်တစ်၊ ဟာသဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Will Hayes သည် သူ့မိန်းမနှင့် ကွာရှင်းပြတ်ဆဲထားတာဖြစ်ပြီး သူ့ရဲ့သမီးငယ်လေးကို သူ့ရဲ့ရိုမန့်တစ်ဆန်တဲ့အချစ်ဇာတ်လမ်းအကြောင်း ပြန်ပြောင်းပြောပြနေတာဖြစ်ပါတယ်။
(၉) Waiting
Source: stuartcoles
ဒီဇာတ်ကားတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ငယ်ရွယ်တဲ့ Ryan Reynolds ကို ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကနေတဆင့် ကြည့်ရှုနိုင်ပါတယ်။
(၈) Underground
Source: Netflix
ဒီဇာတ်ကားတော့ ၂၀၁၉ ခုနှစ်တုန်းက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကောင်းကောင်းလေးကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အားလုံး ဒီဇာတ်ကားကို ကြိုက်နှစ်သက်မှာ အမှန်ပါပဲ။
(၇) Detective Pikachu
Source: Warner Bros. Pictures
သင်သည် Pokemon ကာတွန်းကားတွေနဲ့ ကြီးပြင်းလာရသူတစ်ယောက်ဖြစ်ပြီး Ryan Reynolds ရဲ့ အမာခံဖန်တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို လက်မလွတ်တမ်း ကြည့်ရှုသင့်ပါတယ်။
(၆) The Proposal
Source: Movieclips Classic Trailers
Reynolds သည် နယူးယော့ခ်မြို့ရှိ စာအုပ်တိုက်တွင် လက်ထောက်အကူအဖြစ် ခက်ခက်ခဲခဲအလုပ်လုပ်နေရတာဖြစ်ပြီး သူ့ရဲ့သူဌေး (Bullock) နဲ့ စစချင်းမှာတော့ ဆက်ဆံရေး မပြေလည်ကြပါတယ်။ သို့သော် သူတို့နှစ်ယောက်သည် ဟန်ဆောင်လက်ထပ်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို သိချင်ရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ပါ။
(၅) Red Notice
Source: Netflix
Ryan အပြင် Dwayne Johnson နဲ့ Gal Gadot တို့ရဲ့ သုံးယောက်ပေါင်း Trio ကို ဒီဇာတ်ကားထဲမှာ အပေးအယူမျှမျှနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
(၄) The Hitman’s Bodyguard
Source: Zero Media
ဒီဇာတ်ကားထဲမှာတော့ Ryan Reynolds ကို ကိုယ်ရံတော်သက်တော်စောင့်အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ သူသည် သူ့ရဲ့ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ အသည်းအသန်ကြိုးစားနေတာကို ဟာသမြောက်စွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
(၃) Deadpool
Source: 20th Century Studios UK
Ryan Reynolds ကို ပိုပြီး လူကြိုက်များလာစေတဲ့ ဂန္တဝင်မြောက် ဇာတ်ကား တစ်ကားကို ပြပါဆိုရင် ဒီဇာတ်ကားလေးကိုပဲ ညွှန်းချင်ပါတယ်။ ၂၀၁၆ တုန်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။
(၂) Deadpool 2
Source: 20th Century Studios UK
၂၀၁၈ ခုနှစ်မှာတော့ Deadpool 2 ဆိုပြီး Sequel အနေနဲ့ ထပ်မံထွက်ရှိခဲ့တာဖြစ်ပါတယ်။
(၁) Free Guy
Source: 20th Century Studios UK
ဘဏ်မှာ အလုပ်လုပ်နေတဲ့ Ryan သည် သူ့အလုပ်ကို ကြိုးကြိုးစားစား ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ သူသည် ဗွီဒီယိုဂိမ်းထဲတွင် ဂိမ်းဆော့သူတွေရဲ့အလိုကျ ပြုလုပ်နေရတာဖြစ်ကြောင်း သိသွားတဲ့အခါမှာတော့ ဘယ်လိုပြုမူမလဲဆိုတာကို Free Guy ထဲမှာ ကြည့်ရှုနိုင်ပါတယ်။
Source: Screenrant.com
Featured Imagee: Variety