Daily Express ရဲ့ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမည့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ လီဗာပူးတိုက်စစ်မူး မနေးနှင် ဒေါ့မွန်တိုက်စစ်မူး ဟာလန်း တို့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း လီဗာပူးဟာ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို စာချုပ်သစ်တစ်ရပ်ချုပ်ဆိုနိူင်ဖို့အတွက် ကြိုးစားနေတာလည်းဖြစ်ပါတယ်။

Source: Sports Mole

ဒေါ့မွန်အသင်းအတွက် (၁၁) ပွဲကစားပေးပြီး (၁၂) ဂိုးအထိ သွင်းယူပေးနိူင်ကတည်းက ဟာလန်း ရီးရဲလ်နည်းပြဇီဒန်း ရဲ့အဝယ်စာရင်းထိပ်ဆုံးမှာ ပါဝင်လာခဲ့တာပါ။ ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအပြောင်းအရွှေ့ကာလတုံးက Red Bull Salzburg ကနေ ဒေါ့မွန်အသင်းဆီ ယူရို (၄၅) သန်းခန့်ဖြင့် ရောက်ရှိလာခဲ့တာပါ။

Source: Daily Express

ရီးရဲလ်အသင်းဟာ မာနေးအတွက် ပေါင်သန်း (၁၀၀) ခန့်ဖြင့် လီဗာပူးအသင်းကို ကမ်းလှမ်းသွားဖွယ်ရှိနေပြီး ငွေကြေးပြန်လည်ရှာဖွေဖို့အတွက် ဘေလ်းကိုရောင်းထုတ်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်ရာသီတွင် အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေပြီး ထိပ်တန်းကစားသမားများကိုခေါ်ယူရန် စီစဉ်နေခြင်းဖြစ် သည်။

Source: Marca

မာနေနှင့် ဟာလန်းတို့ကို ခေါ်ယူနိုင်ခြင်းမရှိပါက အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို အစားထိုးခေါ်ယူရန် စီစဉ်နေကြောင်းလည်း သိရပါတယ်။