လီဗာပူးလ္အသင္းကေတာ့ ခ်န္ပီယံလိဂ္ ဆီမီးဖုိင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ ဘာစီလုိနာအသင္းကုိ ၃ ဂုိးျပတ္နဲ႔ ဂုိးျပတ္အေရးနိမ့္ခဲ့တာေၾကာင့္ လာမယ့္ဒုတိယအေက်ာ့မွာ ဒီရလဒ္ကုိ ျပန္လည္ေခ်ပၿပီး ဖုိင္နယ္ကုိ တတ္လွမ္းသြားဖုိ႔က ျဖစ္ႏုိင္ေျခ အရမ္းနည္းသြားခဲ႔ရပါတယ္။ ဒီလုိ အေျခအေနမ်ိဳး ျဖစ္ေနခ်ိန္မွာေတာင္ အသင္းအတြင္းမွာ  ဒဏ္ရာရ ကစားသမားဦးေရက ပုိတုိးလာခဲ႔ၿပီး ဆာလာလုိ အသင္းရဲ႕ အဓိက ကစားသမားပါ ဒဏ္ရာရသြားခဲ႔တာေၾကာင့္မုိ႔ လီဗာပူးလ္အတြက္ ေခါင္းခဲစရာ ျဖစ္လာခဲ့ရပါတယ္။ ဒီလုိ ဆာလာမပါဝင္ႏုိင္ေတာ့တာနဲ႔ပတ္သက္ၿပီး ဘာစီလုိနာအသင္းရဲ႕ တုိက္စစ္မွဴးဆြာရက္ဇ္က သူရဲ႕ ထင္ျမင္ခ်က္ကုိ ေျပာဆုိလာခဲ႔ပါတယ္။

Photo Credit : CNN

ဆာလာဟာ နယူးကာဆဲလ္ယူႏုိက္တက္အသင္းကုိ ၂ ဂုိး ၃ ဂုိးနဲ႔ အႏုိင္ရခဲ႔တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္းမွာ အသင္းအတြက္ ဒုတိယေျမာက္သြင္းဂုိးကုိ သြင္းယူေပးခဲ႔ေပမယ့္လည္း ဒုတိယပုိင္းမွာ နယူးကာဆဲလ္ဂုိးသမား ဒူဘရက္ဇ္ကာနဲ႔ ထိခိုက္မိခဲ႔ရာကေန ဦးေခါင္းဒဏ္ရာရရွိသြားခဲ႔လုိ႔ ပြဲကုိဆက္မကစားႏုိင္ေတာ့သလုိ လာမယ့္ ဘာစီလုိနာနဲ႔ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ကုိပါ လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။ ဆာလာ ပါဝင္မကစားႏုိင္ေတာ့နဲ႔ပတ္သက္ၿပီး ဆြာရက္ဇ္က “ဆာလာက လီဗာပူးလ္အသင္းက အေရးအႀကီးဆုံး ကစားသမားတစ္ေယာက္ပါ။ လြန္ခဲ႔တဲ့ႏွစ္အနည္းငယ္ေလာက္ကဆုိရင္လည္း သူက ကမာၻ႔အေကာင္းဆုံး ကစားသမား ၃ ေယာက္စာရင္းမွာလည္း ပါဝင္ႏုိင္ခဲ႔သူပါ”

Photo Credit : Dream Team

“အခု ခ်န္ပီယံလိဂ္ပြဲကုိ လြဲေခ်ာ္ရေတာ့မွာျဖစ္လုိ႔ ဒါက လီဗာပူးလ္အတြက္ ထိခုိက္နစ္နာမႈႀကီး ျဖစ္လာႏုိင္ပါတယ္။ ဒါေပမယ့္ သူတုိ႔မွာ ရွာကြီရီ စတာရစ္ခ်္ ေအာ္ရီဂီတုိ႔လုိ ကစားသမားေကာင္းေတြ ရွိေနေသးတာမုိ႔ သတိထားၿပီး ကစားသြားရမွာျဖစ္ပါတယ္” လုိ႔ ဖြင့္ဟေျပာဆုိသြားခဲ႔ပါတယ္။ လီဗာပူးလ္အသင္းဟာ အန္ဖီးလ္ကြင္းမွာ ကစားရမယ့္ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ဆာလာအျပင္ ဖာမီႏုိနဲ႔ ကီတာတုိ႔လုိ အဓိက ကစားသမားေတြကုိလည္း ဒဏ္ရာျပသာနာေတြေၾကာင့္ လက္လြတ္ရဦးမွာျဖစ္လုိ႔ လူအင္အားပုိင္းမွာ အားေလ်ာ့ဖြယ္ရွိလုိ႔ေနပါတယ္။ ဘာစီလုိနာအသင္းကေတာ့ ဒီပြဲမတုိင္ခင္ ကစားခဲ႔ရတဲ႔ ဆယ္တာဗီဂုိနဲ႔ လာလီဂါပြဲမွာ အဓိက ကစားသမားအားလုံးနီးပါးကုိ အနားေပးထားလုိ႔ ကစားသမားေတြ လန္းဆန္းေနၾကမွာျဖစ္သလုိ ဒဏ္ရာရစာရင္းမွာလည္း အရန္ကစားသမားေတြေလာက္သာ ရွိေနတာမုိ႔ လီဗာပူးလ္ထက္ကုိ အားသာေနမွာ ေသခ်ာပါတယ္ခင္ဗ်ာ။

(Unicode)

လီဗာပူးလ်အသင်းကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ၃ဂိုးပြတ်နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် လာမယ့်ဒုတိယအကျော့မှာ ဒီရလဒ်ကို ပြန်လည်ချေပပြီး ဖိုင်နယ်ကို တတ်လှမ်းသွားဖို့က ဖြစ်နိုင်ခြေ အရမ်းနည်းသွားခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်နေချိန်မှာတောင် အသင်းအတွင်းမှာ  ဒဏ်ရာရ ကစားသမားဦးရေက ပိုတိုးလာခဲ့ပြီး ဆာလာလို အသင်းရဲ့ အဓိက ကစားသမားပါ ဒဏ်ရာရသွားခဲ့တာကြောင့်မို့ လီဗာပူးလ်အတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့ရပါတယ်။ ဒီလို ဆာလာမပါဝင်နိုင်တော့တာနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးဆွာရက်ဇ်က သူရဲ့ ထင်မြင်ချက်ကို ပြောဆိုလာခဲ့ပါတယ်။

Photo Credit : CNN

ဆာလာဟာ နယူးကာဆဲလ်ယူနိုက်တက်အသင်းကို ၂ဂိုး၃ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ နယူးကာဆဲလ်ဂိုးသမား ဒူဘရက်ဇ်ကာနဲ့ ထိခိုက်မိခဲ့ရာကနေ ဦးခေါင်းဒဏ်ရာရရှိသွားခဲ့လို့ ပွဲကိုဆက်မကစားနိုင်တော့သလို လာမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ကိုပါ လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဆာလာ ပါဝင်မကစားနိုင်တော့နဲ့ပတ်သက်ပြီး ဆွာရက်ဇ်က “ဆာလာက လီဗာပူးလ်အသင်းက အရေးအကြီးဆုံး ကစားသမားတစ်ယောက်ပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကဆိုရင်လည်း သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား၃ယောက်စာရင်းမှာလည်း ပါဝင်နိုင်ခဲ့သူပါ”

Photo Credit : Dream Team

“အခု ချန်ပီယံလိဂ်ပွဲကို လွဲချော်ရတော့မှာဖြစ်လို့ ဒါက လီဗာပူးလ်အတွက် ထိခိုက်နစ်နာမှုကြီး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူတို့မှာ ရှာကွီရီ စတာရစ်ချ် အော်ရီဂီတို့လို ကစားသမားကောင်းတွေ ရှိနေသေးတာမို့ သတိထားပြီး ကစားသွားရမှာဖြစ်ပါတယ်” လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်ကွင်းမှာ ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ ဆာလာအပြင် ဖာမီနိုနဲ့ ကီတာတို့လို အဓိက ကစားသမားတွေကိုလည်း ဒဏ်ရာပြသာနာတွေကြောင့် လက်လွတ်ရဦးမှာဖြစ်လို့ လူအင်အားပိုင်းမှာ အားလျော့ဖွယ်ရှိလို့နေပါတယ်။ ဘာစီလိုနာအသင်းကတော့ ဒီပွဲမတိုင်ခင် ကစားခဲ့ရတဲ့ ဆယ်တာဗီဂိုနဲ့ လာလီဂါပွဲမှာ အဓိက ကစားသမားအားလုံးနီးပါးကို အနားပေးထားလို့ ကစားသမားတွေ လန်းဆန်းနေကြမှာဖြစ်သလို ဒဏ်ရာရစာရင်းမှာလည်း အရန်ကစားသမားတွေလောက်သာ ရှိနေတာမို့ လီဗာပူးလ်ထက်ကို အားသာနေမှာ သေချာပါတယ်ခင်ဗျာ။