လီဗာပူးအသင်းက ဘရိုက်တန်အသင်းကို (၃-၁) ဂိုးဖြင့်အနိူင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် တိုက်စစ်မူး ဆာလာ့ဟာ သူကိုယ်တိုင် (၂) ဂိုးသွင်းယူခဲ့ပြီး တစ်ဂိုးဖန်တီးပေးနိူင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ပရီးမီးယားလိဂ်တွင် လီဗာပူးအသင်းအတွက် ဂိုးပါဝင်ပတ်သက်မူ (၁၀၀) တွင် စတုတ္ထမြောက် လီဗာပူးကစားသမားအဖြစ် မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ပါတယ်။ ဆာလာ့ဟာ လီဗာပူးအတွက် သွင်းဂိုး (၇၃) ဂိုးနဲ့ ဂိုးဖန်တီးမှု (၂၇) ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

Source: Goal.com

လီဗာပူးအသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားဖြစ် ဂျရက်က (၂၁၂) ကြိမ်ဖြင့် ပထမနေရာကနေ ဦးဆောင်နေပြီး ရော်ဘီဖောင်လာ (၁၅၈) ကြိမ်ဖြင့် ဒုတိယ၊ အိုဝင် (၁၄၈) ကြိမ်ဖြင့် တတိယနေရာတွင် ရပ်တည်နေပါတယ်။

ဆာလာ့ဟာ လီဗာပူးအသင်းနဲ့ (၂၀၂၃) ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ (၁၀၄) ပွဲအထိကစားပေးထားကာ (၇၃) ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု (၂၇) ကြိမ်ပြုလုပ်ထားပါတယ်။ ဆာလာ့အနေဖြင့် ရော်ဘီဖောင်လာနှင့်အိုဝင်တို့ရဲ့ ဂိုးပါဝင်ပတ်သက်မှု မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ အလားအလာရှိနေပါတယ်။

Source: Planet Football

ဆာလာ့ဟာ (၂၀၁၇) ခုနှစ်တွင် စီးရီးအေကလပ် ရိုးမာအသင်းမှ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပွဲဦးထွက်ရာသီတွင် ရွှေဖိနပ်ဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ အသင်းဖော် မာနေးနဲ့အဆင်နယ်တိုက်စစ်မူး အူဘာမီယန်တို့က ပူးတွဲရရှိခဲ့ပါတယ်။

ယခုနှစ်မှာတော့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် လက်စတာတိုက်စစ်မူး ဗာဒီက (၂၂) ဂိုးဖြင့် ဦးဆောင်နေပြီး သူ့နောက်မှာတော့ အူဘာမီယန် (၂၀) ဂိုးဖြင့် ဒုတိယ၊ ဆာလာ့ နဲ့ ဒန်နီအင့် တို့က (၁၉) ဂိုးစီဖြင့် တတိယနေရာမှာ ရှိနေပါတယ်။

Source: Egypt Independent

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၅) အဖြစ် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေနဲ့ ပွဲစဉ်တွင် တဖက် တစ်ဂိုးစီ သရေကြခဲ့ကြောင်းသိရပါတယ်။