Sky Sports ဘောလုံးဝေဖန်သုံးသပ်သူ ယူနိုက်တက်ဂန္တဝင်ကစားသမား ဂယ်ရီနဗီးက မိုဟာမက်ဆာလာဟာ လာမယ့်အနာဂတ်မှာ ဘာစီလိုနာ သို့မဟုတ် ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ချင်နေတာကြောင့် လီဗာပူးကို ခုတုံးလုပ်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ လီဗာပူးအသင်းကို ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုကို ဆက်တိုက် ရရှိခဲ့သူဖြစ်ပြီး လီဗာပူးအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၄၀ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၉၀ အထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

Photo: talksport

ဒါပေမယ့်လည်း မိုဟာမက်ဆာလာနဲ့အတူ လီဗာပူးအသင်းရရှိခဲ့တဲ့ အောင်မြင်မှုဟာ အန်းဖီးမှာ ဆာလာ စွမ်းဆောင်နိုင်ခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပရိသတ်တွေဆီက အမြင်မျိုး မကြာခဏရှိနေခဲ့တာဖြစ်ပါတယ်။

မိုဟာမက်ဆာလာရဲ့ကွင်းအတွင်းက အပြုအမူကလည်း ၎င်းဟာ ဘောလုံးပိုင်ဆိုင်မှုမှာ တကိုယ်ကောင်းဆန်တဲ့သူမျိုးဖြစ်ကြောင်းကို မြင်နိုင်စေခဲ့ပြီး ပရိသတ်တွေရဲ့ အမြဲတမ်းချစ်ခင်နှစ်သက်မှုမျိုး မရရှိခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးက မိုဟာမက်ဆာလာဟာ စပိန်ကို ပြောင်းရွှေ့ချင်တာကြောင့် လီဗာပူးအသင်းမှာ ကိုယ်ရည်သွေးနေတာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူ့လို ကစားသမားမျိုးကို အစားထိုးဖို့ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး” “ကျွန်တော် လွန်ခဲ့တဲ့ ၁၈ လလောက်က ပြောခဲ့တာက မိုဆာလာက လီဗာပူးကို စွန့်ခွာလိမ့်မယ်လို့ ထင်ခဲ့တယ်ဆိုပြီးတော့ပါ”

Photo: dagbladet

“ဘာကြောင့် လီဗာပူးပရိသတ်တွေက မိုဟာမက်ဆာလာအတွက် သူတို့နှစ်သက်ကြောင်းကို လက်တွေ့မပြသတာဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ အတွေးက နည်းနည်းပိုပြီး ရိုးရှင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါက အလိုအလျောက်သဘောကျမှုနဲ့ သစ္စာစောင့်သိမှုပါပဲ”

“သူက ရီးရဲမက်ဒရစ်အသင်းကို သွားပြီး ကစားချင်တယ်။ သူက ဘာစီလိုနာအသင်းကို သွားပြီးကစားချင်တယ်။ သူက ကြီးမားတဲ့အပြောင်းအရွှေ့ကို လုပ်ဆောင်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုးရှိနေခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။