Samsung ဟာ Galaxy Buds 2 Pro / Galaxy Buds Pro 2 ကို လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ Galaxy Z Fold4 ၊ Z Flip4 ၊ Galaxy Watch5 ၊ Watch5 Pro တို့နဲ့အတူ မိတ်ဆက်သွားဖွယ် ရှိနေပါတယ်။ Pro Buds အသစ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ကထွက်ခဲ့တဲ့ မူရင်း Galaxy Buds Pro တွေရဲ့ အဆက်ဖြစ်လာမှာ ဖြစ်ပါတယ်။

Photo : GSMArena.com

လက်ရှိ အမေရိကန် ဈေးကွက်မှာတော့ Galaxy Buds 2 Pro ရဲ့ စျေးနှုန်းနဲ့ ပတ်သတ်တဲ့ ကောလာဟလ သတင်းအသစ်တစ်ခု ထွက်ပေါ်လာပါတယ်။ Galaxy Buds 2 Pro ဟာ ဒေါ်လာ ၂၂၉.၉၉ ဝန်းကျင် ကျသင့်နိုင်ပြီး လက်လီရောင်းချမယ့် Galaxy Buds Pro ထက် ဒေါ်လာ ၃၀ ခန့် ပိုများမယ်လို့ ယူဆရပါတယ်။

အကယ်၍ ဒီသတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် တခြားဈေးကွက်တွေမှာလည်း အလားတူ ဈေးတက်မယ်လို့ မျှော်လင့်ရပါတယ်။ တခြားသတင်းအရင်းအမြစ်တစ်ခုကလည်း Galaxy Buds အသစ်တွေမှာ 24-bit Audio စနစ် ထောက်ပံ့ပေးနိုင်မယ်လို့ ဆိုထားပါတယ်။

Photo : NotebookCheck.net

ယခင်ထွက်ခဲ့တဲ့ သတင်းတွေအရ Galaxy Buds ကို White ၊ Graphite နဲ့ Bora Purple ဆိုပြီး အရောင် ၃ မျိုးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy Watch တွေရဲ့ အရောင်အသစ်တွေနဲ့ ပတ်သတ်ပြီးလည်း သတင်းတွေထွက်ပေါ်နေပြီး 40mm Watch5 အတွက်ကို Gold ၊ Gray ၊ Silver ၃ ရောင် ၊ 44m မော်ဒယ် အတွက်ကို Blue ၊ Gray ၊ Silver ၃ ရောင်နဲ့ Pro မော်ဒယ်တွေ အတွက်ကိုတော့ Black ၊ Gray ၂ ရောင်နဲ့ ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။

Featured Photo : GSMArena.com