Samsung ကနေ ဈေးနှုန်းသင့်တင့်တဲ့ Galaxy F04 ဖုန်း ကို ကြေညာခဲ့ပြီး ၎င်းဖုန်းဟာ Jade Purple နဲ့ Opal Green ဆိုတဲ့ အရောင်ဆန်းလေးတွေနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Samsung Galaxy F04 ဖုန်းမှာ MediaTek Helio P35 12nm Chipset နဲ့အတူ 4GB RAM ကိုတွဲဖက် တပ်ဆင်ပေးထားပါတယ်။

Photo : Gadgets 360

Storage ပိုင်းမှာတော့ 64GB Base Storage ထည့်သွင်းပေးထားပြီး 1TB အထိ ထပ်မံတိုးမြှင့်နိုင်မယ့် microSD card slot တစ်ခုလည်း ပါဝင်လာပါတယ်။ Samsung Galaxy F04 ဖုန်းရဲ့ ဆော့ဖ်ဝဲပိုင်းမှာတော့ Android 12 ကိုအခြေခံထားတဲ့ OneUI မောင်းနှင်ပေးထားပါတယ်။

Specs တွေ အနေနဲ့ကတော့ ၆.၅ လက်မ 1600x720px PLS LCD မျက်နှာပြင် တပ်ဆင်ပေးထားပြီး 60Hz refresh rate ထောက်ပံ့ပေးထားပါတယ်။ ကင်မရာပိုင်းမှာ ကျောဘက် 13MP f/2.2 Main ကင်မရာ ကို 2MP depth sensor ကင်မရာတစ်လုံးနဲ့ တွဲဖက် တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက်မှာတော့ 5MP Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပြီး ဖုန်းပေါ်မှာ Fingerprint Scanner တော့ ပါဝင်လာခြင်း မရှိပါဘူး။ နောက်ဆုံးအနေနဲ့ 15W အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 5,000mAh ဘက်ထရီလည်း ပါဝင်လာပါတယ်။

Photo : GSMArena.com

Samsung Galaxy F04 ဖုန်း ကို ရူပီး ၉,၄၉၉ (မြန်မာငွေ ၂ သိန်း ၄ သောင်း) ဝန်းကျင်ခန့် နဲ့ Flipkart မှာ ရောင်းချဖို့ ကြေညာထားပေမယ့် စတင်ရောင်းချမယ့် ပရိုမိုးရှင်းဈေးနှုန်း အနေနဲ့ ရူပီး ၇,၄၉၉ (မြန်မာငွေ ၁ သိန်း ၉ သောင်း) ဝန်းကျင်ခန့် နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Galaxy F04 ဖုန်းကို အိန္ဒိယနိုင်ငံမှာ လာမယ့် ဇန်နဝါရီ ၁၂ ရက် နေ့လည်ပိုင်းမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com