Samsung Galaxy Fit3 ကို ယခုနှစ်အစောပိုင်းမှာ တရားဝင်မိတ်ဆက်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့်လည်း ထင်သလိုမဖြစ်လာခဲ့ပါဘူး။ Samsung အနေနဲ့ Fit3 ကို ဘယ်အချိန်မှာ ကြေညာသွားမယ်ဆိုတာကို အတိအလင်း မထုတ်ပြန်ထားပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ပေါက်ကြား လာတဲ့ Renders တွေအရ Smartband ရဲ့ပုံစံဒီဇိုင်း ဘယ်လိုရှိတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။
Photo : SamMobile
Fit3 ကို အရောင်အသစ်တွေဖြစ်တဲ့ မီးခိုးရောင်နဲ့ အနက်ရောင် ၂ မျိုးထုတ်လုပ်ထားတဲ့ ပုံတွေလည်း ထွက်ပေါ်လာပါတယ်။ အခုထွက်ပေါ်လာတဲ့ ပုံတွေဟာ ယခင် Samsung Galaxy Fit3 ရဲ့ ဒီဇိုင်းပေါက်ကြားခဲ့တုန်းကနဲ့လည်း ကိုက်ညီမှုရှိတယ်လို့ အတည်ပြုထားပါတယ်။
Samsung Galaxy Fit3 ဟာ ထွက်ခဲ့တာ ၃ နှစ်ရှိပြီဖြစ်တဲ့ ရှေ့မျိုးဆက် Fit2 ရဲ့ မျက်နှာပြင်ထက် ပိုကြီးတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပြီး Fit3 မှာ စတုဂံပုံ မျက်နှာပြင် ပါဝင်လာမယ်လို့ ပြောထားပါတယ်။ Physical Button နဲ့ ညာဘက်မှာ မိုက်ခရိုဖုန်းတစ်ခုလည်း ပါရှိမယ်လို့ သတင်းတွေအရ သိရပါတယ်။
Samsung Galaxy Fit3 မှာ ဆီလီကွန် လက်ပတ်ကြိုးတွေ ပါရှိမှာဖြစ်ပြီး အိပ်စက်မှုကိုခြေရာခံခြင်း ၊ နှလုံးခုန်နှုန်းကို တိုင်းတာစောင့်ကြည့်ပေးခြင်း နဲ့ ခြေလှမ်း ရေတွက်ပေးခြင်းအပါအဝင် ပုံမှန်ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုဆိုင်ရာ ခြေရာခံကိရိယာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
Photo : GSMArena.com
Samsung အနေနဲ့ Galaxy S24 စီးရီးကို လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ ကြေညာသွားမယ်လို့ ကောလာဟလများ ထွက်ပေါ်နေပြီး အဆိုပါပွဲမှာ Galaxy Fit3 ကိုပါ တပါတည်း မိတ်ဆက်မလားဆိုတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Featured Photo : GSMArena.com