ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက Samsung ကနေ Helio P35 SoC မောင်းနှင်ထားတဲ့ Galaxy M04 ဖုန်း ကို တရားဝင် မိတ်ဆက်ပြသသွားခဲ့ပါတယ်။ Galaxy M04 ဖုန်းမှာ RAM 4GB ပါရှိပြီး RAM Plus Feature နဲ့ 8GB အထိ ထပ်မံတိုးချဲ့ နိုင်မှာဖြစ်ကာ Storage အနေနဲ့ကတော့ 64GB နဲ့ 128GB ဆိုပြီး ရွေးချယ်စရာ Options ၂ မျိုးပေးထားပါတယ်။

Photo : GSMArena.com

Samsung Galaxy M04 ဖုန်းမှာ ၆.၅ လက်မ HD+ LCD မျက်နှာပြင် တပ်ဆင်ပေးထားပြီး ဆောဖ့်ဝဲအနေနဲ့ကတော့ Android 12 ကို အသုံးပြုပါတယ်။ Samsung ဘက်နေ Galaxy M04 ဖုန်းအတွက် OS Upgrade ၂ ကြိမ်နဲ့ Security Update ၄ နှစ် ပေးသွားမယ်လို့ ကတိပေး ထားပါတယ်။

Photo : GSMArena.com

Galaxy M04 ဖုန်းမှာ ကင်မရာ ၃ လုံးပါဝင်လာမှာဖြစ်ပြီး အရှေ့ဘက်မှာ 5MP Selfie ကင်မရာ ၁ လုံးပါရှိကာ ကျောဘက်မှာတော့ 13MP ပင်မ ကင်မရာ နဲ့ 2MP Depth ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင် ပေးထားပါတယ်။ ဒါ့အပြင် Galaxy M04 ဖုန်းမှာ 15W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီလည်း တပ်ဆင်ပေးထားပါတယ်။ Samsung ရဲ့ သတင်းထုတ်ပြန်ချက် အရတော့ Galaxy M04 ဖုန်းမှာ Charger ပါဝင်လာမှာ ဖြစ်ပြီး ဘယ်လောက်အမြန်နှုန်းရှိလဲဆိုတာတော့ ဖော်ပြခြင်း မရှိသေးပါဘူး။

Photo : GSMArena.com

Samsung Galaxy M04 ဖုန်းရဲ့ အရောင်တွေ အနေနဲ့ကတော့ Sea Glass Green နဲ့ Shadow Blue ဆိုပြီး ရွေးချယ်စရာ အရောင် ၂ မျိုးပေးထားပါတယ်။ Galaxy M04 ဖုန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့က စပြီး  Samsung ရဲ့ တရားဝင် အိန္ဒိယဝက်ဘ်ဆိုက် Amazon.in နဲ့ အခြားသော လက်လီအရောင်းဆိုင်တွေကနေတဆင့် အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ 4GB/128GB မော်ဒယ်အတွက် ရူပီး ၈.၄၉၉ (၁၀၅ ဒေါ်လာ / ယူရို ၁၀၀ / မြန်မာငွေ ၂ သိန်း ၁ သောင်းခန့်) ကျသင့်မှာ ဖြစ်ပြီး 6GB/128GB မော်ဒယ်အတွက်ကိုတော့ ရူပီး ၉.၄၉၉ (၁၁၅ ဒေါ်လာ / ယူရို ၁၁၀ / မြန်မာငွေ ၂ သိန်း ၄ သောင်းခန့်) နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com