Galaxy S23 စီးရီးဟာ 30fps (ယခင်မော်ဒယ်တွေမှာတော့ 24fps နဲ့သာ အများဆုံးထွက်ခဲ့တာပါ) မှာ 8K ထောက်ပံ့မှုအပါအဝင် အဆင့်မြှင့်တင်ထားတဲ့ ဗီဒီယိုရိုက်ကူးနိုင်မှု စွမ်းရည်တွေကို ယူဆောင်လာပါတယ်။ Leakster Ice Universe ရဲ့ အဆိုအရလည်း Galaxy S23 Ultra မှာ Portrait Video Mode ပိုမိုကောင်းမွန်လာမယ်လို့ သိရပါတယ်။
Photo : GSMArena.com
Resolution က 30fps မှာ 4K အထိရှိလာမှာဖြစ်ပြီး လက်ရှိ S22 Ultra မှာတော့ 1080p/30fps ဗီဒီယိုတွေကို Portrait Mode နဲ့သာ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Subject နဲ့ Background ခွဲခြားမှုမှာလည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။
ဒီအဆင့်မြှင့်တင်မှုတွေကို အခြားသော Galaxy S23 မော်ဒယ်နှစ်ခုမှာ ရနိုင်မလားဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ Galaxy S23 မော်ဒယ်အားလုံးမှာ တူညီတဲ့ Snapdragon 8 Gen 2 Chipsets မောင်းနှင်ထားပေမယ့် Ultra ကတော့ ISOCELL HP2 200MP Sensor အသစ်ထည့်သွင်းလာတဲ့ တစ်လုံးတည်းသော ဖုန်းဖြစ်ပါတယ်။ S22 နဲ့ S22+ မော်ဒယ်တွေမှာတော့ 50MP Sensors တွေကိုပဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
Photo : Sammy Fans
ဘာပဲဖြစ်ဖြစ် The Cat ကတော့ Galaxy S23 Ultraရဲ့ အပူလျှော့ချပေးတဲ့ စွမ်းဆောင်ရည်ဟာ အတော်လေး ကောင်းမွန်တယ်လို့ ရေးသားခဲ့ပြီး ဆိုလိုတာကတော့ ဒီ Flagship ဖုန်းအသစ်က စွမ်းအင် ပိုမိုလိုအပ်တဲ့ Video Modes တွေ ရိုက်ကူးချိန်မှာ Heat အရမ်းတက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ S23 စီးရီးကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တရားဝင်ကြေညာမှာ ဖြစ်ပါတယ်။
Featured Photo : Gizchina.com