ဖေဖော်ဝါရီ ၁ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ Borussia Dortmund နဲ့ Union Berlin အသင်းပွဲစဉ်မှာ Dortmund ကစားသမားတွေဖြစ်တဲ့ Sancho နဲ့ Haaland တို့ဟာ စံချိန်တွေအသီးသီးရရှိခဲ့ကြပါတယ်။
အင်္ဂလန်နိုင်ငံသား Sancho ဟာ Union Berlin ပွဲသွင်းဂိုးတွေကြောင့် ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းမှာ အသက် (၂၀) မပြည့်မီ သွင်းဂိုး (၂၅) ဂိုး သွင်းယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
Source: Forbes
နော်ဝေးနိုင်ငံသား Haaland ဟာလည်း ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းမှာ ကစားသမားရဲ့အဖွင့်ပွဲစဉ် ၃ ပွဲမှာ ၇ ဂိုးအထိသွင်းယူထားနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဒေါ့မွန်အသင်းသို့ ရောက်ရှိလာသည့် နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် စုစုပေါင်းပွဲချိန် (၁၃၆) မိနစ်သာ ကစားရသေးသော်လည်း (၇) ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်သည်။
Source: Retuers UK
ဒေါ့မွန်အသင်းသည် ၂၀၂၀ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် (၃) ပွဲစလုံးတွင် (၅) ဂိုးစီ သွင်းယူနိုင်ခဲ့ပြီး ဟာလန်းက ယင်း(၃)ပွဲတွင် (၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဒေါ့မွန်အသင်းနှင့် နောက်ဆုံးရင်ဆိုင်ခဲ့ရသည့် Union Berlin အသင်း၏ နောက်ခံလူ ဆူဘိုတစ်က ”ဟာလန်းဟာ လီဝန်ဒေါစကီးနဲ့ အူဘာမီယန်းတို့ ပေါင်းစပ်ထားသလို ကစားသမားမျိုးပါ” ဟု ချီးကျူးပြောကြားခဲ့သည်။
Source: Sky Sports
Union Berlin နဲ့ပွဲစဉ်မှာ Haaland (၂) ဂိုး၊ Sancho (၁) ဂိုး၊ Marco Reus (၁) ဂိုးနဲ့ Witsel က (၁) ဂိုးစီ စုစုပေါင်း ၅-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။