ချယ်ဆီးနည်းပြ ဆာရီက ” ဂျော်ဂျင်ဟိုက တကယ်ကို ကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပါ။ ကျွန်တော်နဲ့အတူ ပွဲစဉ်တော်တော်များများတိုက်ပွဲဝင်ဖူးခဲ့ပါတယ်။ ဒါပေမဲ့ ကျန်တဲ့အသင်းဖော်တွေက ကျွန်တော်တို့ရဲ့ ကစားဟန်ကို နားလည်ဖို့ကြိုးစားသင့်ပါတယ်။” ဆိုပြီး သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

Source : facebook

နာပိုလီအသင်းမှာ ကံကောင်းခြင်းတွေကိုယူဆောင်လာပေးခဲ့တဲ့ နည်းပြဆာရီကတော့ ဒီနှစ်အပြောင်းအရွှေ့ကမှ လန်ဒန်မြေချယ်ဆီးကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။ ချယ်ဆီးမှာ ယခုလက်ရှိဆာရီသုံးစွဲနေတဲ့ (အများအခေါ် Sari Ball ) ဟာ ဝေဖန်မှုတွေတော်တော်များခဲ့တာဖြစ်ပါတယ်။ နည်းပြဟာ ဂျော်ဂျင်ဟိုကို အီတလီမြေကနေ ပေါင် (၅၇) နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ဂျော်ဂျင်ဟိုအနေနဲ့တော့ ထိုက်တန်တဲ့ခြေစွမ်းမျိုးမပြနိုင်ခဲ့ပါဘူး။ ဒါ့အပြင် Sari Ball ဗျူဟာမှာ ဂျော်ဂျင်ဟိုနဲ့တွဲဖက်ကစားတဲ့ ချယ်ဆီးရဲ့ ကြယ်ပွင့် ကန်တီပါ ခြေစွမ်းပျောက်ဆုံးခဲ့တဲ့အထိ ဆိုးရွားခဲ့လို့ ချယ်ဆီးပရိသတ်တွေအပြင် ဘောလုံးဝေဖန်သူတွေကပါ ဝိုင်းဝန်ကန့်ကွက်နေတာလည်းဖြစ်ပါတယ်။

Source: facebook

” ကျွန်တော်နာပိုလီအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်တွေ မဆုံးရှုံးအောင်ကာကွယ်နိုင်ခဲ့ပါတယ်။ ယခုလက်ရှိ ချယ်ဆီးမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာကို ရာသီကုန်ရင်သိမ်းပိုက်နိုင်သွားမယ်လို့ယုံကြည်ပါတယ်။”

Source: facebook

နည်းပြဆာရီအနေနဲ့ ဝေဖန်မှုတွေများနေပေမယ့်လည်း သူရဲ့ ဗျူဟာ၊ သူ့တပည့်ကျော် ဂျော်ဂျင်ဟိုရဲ့ ခြေစွမ်းကိုတော့ ယုံကြည်နေသေးတာပဲဖြစ်ပါတယ်။ ခေါက်ချိုးတောင်မကျန်တော့ဘဲ ပန်းဝင်တော့မယ့် ပရီးမီးယားလိဂ်ခရီးလမ်းမှာ ဆာရီနဲ့ ခြင်္သေ့ပြာတွေ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားမလားဆိုတာ စောင့်ကြည့်ကြရအောင်ဗျာ။