ချဲလ်ဆီးနည်းပြ ဆာရီဟာ အသင်းကို ယူရိုပါလိဂ်ဖလားရအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အသင်းနဲ့ လမ်းခွဲလိုက်ပါပြီ။ ဆာရီဟာ ချဲလ်ဆီးအသင်းကို (၂၀၁၈) ကတည်းကနည်းပြခဲ့တာပါ။ ယူရိုပါလိဂ်ဖလားက အသင်းပိုင်ရှင် Roman Abramovich ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးခဲ့တာပါလို့ ဆာရီက ပြောခဲ့ပါသေးတယ်။

Source: The National

အဆိုပါနည်းပြဟာ ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် ဘောလုံးရာသီအပြီးမှာ အဆင့် (၃) နေရာထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့ Carabao Cup ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကံအကြောင်းမလှလို့သာ မန်စီးတီးအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

Source: Eurosport

ချဲလ်ဆီးအသင်းကို နည်းပြခဲ့တဲ့ကာလတစ်လျှောက် ပွဲပေါင်း (၆၃) ပွဲမှာ (၃၉) ထိ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဆာရီဟာ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်မဟုတ်ဘဲ ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ နည်းပြလောကထဲကို (၂၀၀၅) တွင် စီးရီးဘီကလပ်အသင်းတစ်ခုဖြစ်တဲ့ Pescara အသင်းကို နည်းပြလုပ်ရင်း စတင်ဝင်ရောက်လာခဲ့တာပါ။

(၂၀၁၄) အရောက်မှာတော့ Empoli အသင်းကို စီးရီးအေသို့ တန်းတက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့ နောက်ပိုင်းမှာ နည်းပြဆာရီကို နာပိုလီ အသင်းက ခေါ်ယူခဲ့ပါတယ်။ နောက်ပိုင်းအသင်းပိုင်ရှင်နဲ့ အဆင်မပြေမှုတွေရှိလာတဲ့အတွက်ကြောင့် အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။

Source: 101 Great Goals

ချဲလ်ဆီးအသင်းကိုတော့ (၂၀၁၇-၂၀၁၈) ဘောလုံးရာသီမှာ ရောက်ရှိလာခဲ့တာပါ။ ချဲလ်ဆီး ဒါရိုက်တာ Marina Granovskaia ကတော့ ဆာရီက မွေးရပ်မြေကို ပြန်ပြီး နည်းပြ လုပ်ချင်တာကြောင့် နှစ်ဦးသဘောတူလမ်းခွဲတာပါလို့ ပြောပါတယ်။

ဂျူဗီတပ် အသင်းကနေ ထွက်ခွာသွားတဲ့ နည်းပြ Massimiliano Allegri နေရာမှာ အစားထိုးဖို့အတွက် ဆာရီကို ခေါ်ယူခဲ့တာပါ။