တရားထိုင်ခြင်းမှာ အကျိုးကျေးဇူးများစွာရှိတယ်ဆိုတာလူတိုင်းလိုလိုသိထားပြီးဖြစ်မှာပါ။အဓိကအားဖြင့် စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး ဒေါသစိတ်မောဟစိတ်များကင်းဝင်းစေကာ ပျော်ရွှင်တဲ့လူနေမှုဘဝကို ရရှိပိုင်ဆိုင်စေပါတယ်။ဒါ့ထက်ပိုပြီး တရားထိုင်ခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုလည်း စာဖတ်ပရိသတ်တွေအတွက် ဝေမျှပေးချင်ပါတယ်။
(၁) စိတ်ဖိစီးမှုလျော့ကျစေတယ်
Source : Shutterstock
လူတိုင်းလိုလိုစိတ်ဖိစီးမှုနဲ့ မကင်းကြပါဘူး။စိတ်ဖိစီးမှု ဆိုတာ မမျှော်လင့်တဲ့အချိန် မမျှော်လင့်တဲ့နေရာကနေ ဝင်လာနိုင်ပြီး လူတိုင်းလွှဲလို့ရတဲ့ အရာတစ်ခုလည်း မဟုတ်ပါဘူး။ နေ့စဥ်တရားထိုင်ခြင်းဟာ စိတ်ရဲ့ ပူပင် သောကတွေ စိတ်ရဲ့ ဖိစီးမှုဝေဒနာတွေကိုလျော့ကျစေပြီး အေးချမ်းတဲ့စိတ်ခံစားမှုကိုရရှိစေမှာဖြစ်ပါတယ်။ဒါ့အပြင် စိတ်ကျရောဂါကိုတောင် တရားထိုင်ခြင်းနဲ့ တိုက်ထုတ်လို့ရနိင်ပါတယ်။
(၂) စိုးရိမ်သောကမှုကင်းစေတယ်
Source : Verywell Mind
စိတ်ဖိစီးမှုလျော့ကျခြင်းဟာ တနည်းအားဖြင့် စိုးရိမ်သောကကင်းငြိမ်းခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ် ။သတင်းပတ်ရှစ်ပတ်အကြာ လေ့လာဆန်းစစ်ချက်တွေအရ တရားထိုင်တဲ့လူတွေဟာ လူမှုပတ်ဝန်းကျင်မှာကြုံတွေ့နေရတဲ့ စိုးရိမ်စိတ်ဖြစ်ခြင်း ကြောက်စိတ်လွန်ကဲခြင်း အတွေးလွန်ခြင်းစတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ လျော့ချနိုင်တဲ့ အကျိုးကျေးဇူးတွေခံစားကြရတယ်လို့ သိရပါတယ်။
(၃) စိတ်ကိုထိန်းချုပ်လာနိုင်တယ်
Source : 123RF.com
တရားထိုင်ခြင်းကြောင့် မိမိကိုယ့်ကို ပိုမိုသိမြင်လာနိုင်ပြီး မိမိရဲ့စိတ်ကိုလည်းအကောင်းဆုံး ထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်။လူအများစုဟာ မိမိစိတ်ကိုမထိန်းချုပ် နိုင်လို့သာ ဒေါသထွက်ခြင်း ဝမ်းနည်းခြင်း စတဲ့ခံစားချက်တွေဖြစ်နေကြတာပါ။စိတ်အခြေအနေပေါ်မှာ မူတည်နေတဲ့အရာတွေအားလုံးကို ထိန်းချုပ်သွားနိုင်မယ်ဆိုရင် စိတ်ကြောင့်ဖြစ်တက်တဲ့ အမှားတွေကိုလည်းမကျူးလွန်မိမှာဖြစ်သလို ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
(၄) အာရုံစူးစိုက်မှုကောင်းစေတယ်
Source : Dreamstime
တရားထိုင်ခြင်းဆိုတာ စိတ်ကိုကျန်းမာအောင်လေ့ကျင့်ပေးတဲ့ အလေ့အကျင့်တစ်ခုပါပဲ။နေ့စဥ်အားကစား လုပ်ဆောင်ခြင်းဖြင့် နုပျိုကျန်းမာတဲ့ ခန္ဓာကိုယ်ရရှိစေသလို တရားထိုင်ခြင်းဖြင့်လည်း နုပျိုကျန်းမာတဲ့စိတ်အခြေအနေကိုရရှိပြီး ကောင်းမွန်တဲ့အတွေးအခေါ်တွေ ဆုံးဖြတ်ချက်တွေနဲ့ အာရုံစူးစိုက်မှုကိုပိုမိုကောင်း မွန်လာစေမှာဖြစ်ပါတယ်။အာရုံစူးစိုက်မှုကောင်းမွန်ခြင်းက ဘဝအတွက်အကျိုးများစေတဲ့အရာတစ်ခုဖြစ်ပြီး အောင်မြင်မှုလမ်းကြောင်းစီသို့တွန်းပို့ပေးနိုင်တဲ့ ခြေလှမ်းတစ်လှမ်းလည်းဖြစ်ပါတယ်။
(၅) ရုပ်ပိုင်းဆိုင်ရာကျန်းမာစေတယ်
Source : Verlo Mattress
စိတ်ပိုင်းဆိုင်အကျိုးကျေဇူးတွေသာမက ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေများစွာလည်း တရားထိုင်ခြင်းကနေရရှိစေနိုင်ပါတယ်။တရားထိုင်ခြင်းသည် ခန္ဓာကိုယ်အတွင်းက သွေးဖိအားကိုထိန်းချုပ်ပေးပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်စေတာကြောင့် နှလုံး ရောဂါ လေဖြတ်ရောဂါနဲ့ သွေးကြောဆိုင်ရာရောဂါများကိုကာကွယ်ပေးပါတယ်။ညဘက်တွေမှာလည်း ကောင်းစွာအိပ်ပျော်စေတာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာခြင်းတွေကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။