ဝိတ်ကျချင်ရင် သားသတ်လွတ် (သက်သတ်လွတ်) စားဖို့ အကြံပေးကြပါတယ်။ သားသတ်လွတ်စားခြင်းဟာ ကိုယ်အလေးချိန်ဟန်ချက်မျှစေတဲ့အပြင် အန္တရာယ်ကြီးလှတဲ့ ဆီးချိုသွေးချို နဲ့ ကင်ဆာတချို့ပါ ကာကွယ်ပေးနိုင်တယ်လို့ ယူဆသူတွေ ရှိပါတယ်။ သိပ္ပံနည်းကျ အထောက်အထားတွေအရ သားသတ်လွတ်စားရင် ဒီအကျိုးတွေ ရရှိမယ်လို့ ဆိုပါတယ်။
(၁) အသီးအရွက်စားတာ တချို့အာဟာရတွေ ပိုရတယ်
Photo: Unsplash
အသားငါးရှောင်ပြီး အစေ့အဆံ ၊ အသီးအရွက် ၊ ပဲအမျိုးမျိုး ၊ ကောက်ပဲသီးနှံတွေ စားတာဟာ အသားငါးတွေမှာ မရတဲ့ တချို့အာဟာရဓါတ်တွေ ပိုရတယ်လို့ ဆိုပါတယ်။ သားသတ်လွတ်စားခြင်းဟာ အမျှင်ဓါတ် ၊ ဓါတ်တိုးဆန့်ကျင်ဓါတ် နဲ့ တခြားအပင်ထွက်ဒြပ်ပေါင်းတွေ အများအပြား ပိုရနိုင်ပါတယ်။ ဒီလို ဒြပ်ပေါင်းထဲမှာ ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ် ၊ ဖိုလိတ် ၊ ဗိုက်တာမင်အေ ,စီနဲ့ အီးတို့ ပါဝင်ပါတယ်။
သားသတ်လွတ်စားရာမှာ တစ်ခါတလေ အသားငါးတွေက ပေးတဲ့ ဓါတ်သတ္ထုမျိုး ချို့တဲ့တတ်ပါတယ်။ ဒီထဲမှာ Fatty Acids ၊ ဗိုက်တာမင် B12 ၊ နိုင်ယာစင် ၊ ဗိုက်တာမင် B2 ၊ ဗိုက်တာမင်ဒီ ၊ ကယ်လ်ဆီယမ် ၊ အိုင်အိုဒင်း ၊ ဆီလီနီယမ်နဲ့ ဇင့်င်ဓါတ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် သားသတ်လွတ်စားမှုမှာ မရတဲ့ အာဟာရဓါတ်အတွက် ဖြည့်စွက်ဆေးဝါးတွေ စားပေးဖို့ လိုပါတယ်။
(၂) ဝိတ်ချနိုင်ပါတယ်
Photo: Unsplash
အသီးအရွက်များများစားရင် မလိုဘဲ ပိုလျှံနေတဲ့ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကလည်း Vegan Diets စားသူတွေဟာ တခြားသူတွေထက် ဝိတ်ချရာမှာ ပိုထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။
(၃) သွေးတွင်းသကြားဓါတ် လျှော့ချပြီး ကျောက်ကပ်လုပ်ဆောင်ချက် ပိုကောင်းစေတယ်
Photo: Unsplash
အသားငါး ရှောင်ခြင်းဟာ Type 2 Diabetes ဆီးချိုသွေးချိုအတွက် အကျိုးများပြီး ကျောက်ကပ်လုပ်ဆောင်မှု အားနည်းတာကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။ အသီးအရွက် စားတာဟာ သွေးတွင်းသကြားဓါတ် Level လျှော့ချနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုပိုကောင်းကာ Type 2 Diabetes ဖြစ်နှုန်း လျှော့ချနိုင်ပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ၊ ပဲနဲ့ အမျှင်ဓါတ်မြင့်တဲ့ သစ်သီးဝလံတွေ စားပေးတာဟာ နှလုံးရောဂါဖြစ်ပွားမှုပါ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
(၄) ကင်ဆာတချို့ မဖြစ်အောင် ကာကွယ်နိုင်တယ်
Photo: Unsplash
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးရဲ့ အဆိုအရ ကင်ဆာအားလုံးရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ အစားအသောက် ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပဲသီးပဲတောင့်တွေ စားပေးခြင်းဟာ အူမကြီး ကင်ဆာဖြစ်နှုန်း ၉% ကနေ ၁၈% အထိ လျှော့ချပေးနိုင်ပါတယ်။ နေ့တိုင်း လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးတာဟာ ကင်ဆာကြောင့် သေနှုန်းကို ၁၅% အထိ အဖြစ်နည်းစေပါတယ်။
ပဲနို့ပါတဲ့ အသီးအရွက်တွေ စားခြင်းဟာ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်သလို ဆီးကျိတ်ကင်ဆာပါ ကာကွယ်နိုင်စွမ်း ရှိပါတယ်။ တာရှည်ခံပြုပြင်ထားပြီး ကျပ်တိုက်ထားတဲ့အစားအသောက်တွေနဲ့ အကျက်လွန်အောင် ချက်ထားတဲ့ အသားတွေကြောင့် ကင်ဆာဖြစ်နှုန်း မြင့်မားစေပါတယ်။
(၅) အဆစ်အမြစ် ကိုက်ခဲနာကျင်တာ သက်သာစေတယ်
Photo: Healthline
လေ့လာမှုတွေအရ အဆစ်ရောင်တဲ့လူတွေကို အသီးအရွက်တွေ စားစေရာမှာ ကောင်းမွန်တဲ့ရလဒ်တွေ ပေးတယ်လို့ ဆိုပါတယ်။ အဆစ်အမြစ်ရောင်သူ လူနာ ၄၀ ကို ကောက်ပဲသီးနှံ နဲ့ အပင်က ရတဲ့ အစားအသောက်တွေ ၆ ပတ်စာ စားစေရာမှာ အဆစ်ကိုက်လို့ နာကျင်တာ သက်သာစေနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် နေ့စဉ် လတ်ဆတ်တဲ့ Vegan Diet ကို စားပေးခြင်းအားဖြင့် အခုပြောမယ့် ကျန်းမာရေးအကျိုးတွေ ခံစားရမှာပါ။
Featured Photo: Healthline