မှတ်ဉာဏ်ကောင်းချင်တဲ့ ယောကျာ်းများအတွက် သိပ္ပံနည်းကျအခြေခံထားတဲ့ နည်းလမ်းကောင်းများကို ဖော်ပြပေးချင်ပါတယ်။ ဒီနည်းလမ်းကောင်းများသည် စာဖတ်သူတို့ရဲ့မှတ်ဉာဏ်စွမ်းအားကို တဖြည်းဖြည်းချင်း မြင့်မားလာအောင် ကူညီပေးနိုင်ပါတယ်။

အစိမ်းရောင်များများစားပါ

tips for men who want to be smart

အစိမ်းရောင်ဟင်းသီးဟင်းရွက်များထဲတွင် ပရိုတင်းဓာတ်၊ သံဓာတ်၊ အမျှင်ဓာတ်တို့ပါဝင်ပြီး ထိုအာဟာရဓာတ်များသည် ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေပါတယ်။ တစ်နေ့လျှင် အစိမ်းရောင်ဟင်းသီးဟင်းရွက် နှစ်ပန်းကန်ခန့် စားသုံးပေးပါက မှတ်ဉာဏ်များမြင့်မားလာမှာဖြစ်တယ်လို့ သုတေသနပြုလုပ်ထားသော အာရုံကြောဂျာနယ်ထဲတွင် ဖော်ပြထားပါတယ်။

ရေများများသောက်ပါ

tips for men who want to be smart

တစ်နေ့လျှင် ရေ ဘယ်နှခွက်ခန့် သောက်သုံးသင့်တယ်လို့ ထင်ပါသလဲ။

ရေ ၈ ခွက်ခန့် သောက်သုံးသင့်ပါတယ်။ ရေသော်သုံးခြင်းသည် အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပြီး နိုးကြားတက်ကြွစေပါတယ်။ ရေတိုမှတ်ဉာဏ်အတွက်လည်း ကောင်းမွန်ပါတယ်။

ငါးများများစားသုံးပါ

tips for men who want to be smart

အိုမီဂါသရီးပါဝင်သော ငါးများသည် မှတ်ဉာဏ်စွမ်းအားအတွက် အထူးကောင်းမွန်ပါတယ်။ ငါးထံမှရရှိတဲ့ အိုမီဂါသရီးသည် အပင်ထံမှရရှိသော အိုမီဂါသရီးနဲ့ မတူပါဘူး။ ငါးရဲ့အိုမီဂါသရီးက ပိုမိုအစွမ်းထက်တာကြောင့် အိုမီဂါသရီးကြွယ်ဝတဲ့ငါးများကို များများစားသုံးပေးသင့်ပါတယ်။

TV ကြည့်တဲ့အချိန်ကို ရပ်တန့်လိုက်ပါတော့

tips for men who want to be smart

လေ့လာတွေ့ရှိချက်များအရ ပဟေဠိဂိမ်းများ ဆော့ကစားခြင်း၊ ကတ်ဂိမ်းများ ဆော့ကစားခြင်းသည် မှတ်ဉာဏ်အတွက် အထောက်အကူဖြစ်စေပေမယ့် TV ရှေ့မှာ တစ်ချိန်လုံးအချိန်ဖြုန်းခြင်းကတော့ မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။ သစ်ပင်ပန်းမာန်များ စိုက်ပျိုးခြင်းသည်လည်း မှတ်ဉာဏ်အတွက် အကျိုးဖြစ်ထွန်းစေပါတယ်။

သံလွင်ဆီနဲ့ ဟင်းချက်ပါ

tips for men who want to be smart

သံလွင်ဆီထဲတွင် မပြည့်ဝဆီများနှင့် Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသုပ် သုပ်စားတဲ့အခါပဲဖြစ်ဖြစ်၊ ဟင်းချက်တဲ့အခါပဲဖြစ်ဖြစ် သံလွင်ဆီနဲ့ ချက်ပြုတ်ပေးလိုက်ပါ။

ယောဂ ကစားပါ

tips for men who want to be smart

ယောဂ ကစားခြင်းသည် စိတ်ကို တည်ငြိမ်စေပြီး အသက်ရှူနှုန်းမှန်ကန်အောင်လည်း ကူညီပေးပါတယ်။ တစ်ပတ်လျှင် ရက်အနည်းငယ်ခန့် ယောဂ ကစားပေးခြင်းသည် ကိုယ်ရော စိတ်ပါ ကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားကိုလည်း တိုးမြှင့်စေပါတယ်။

သကြားလျော့စားပါ

tips for men who want to be smart

အိမ်သော့တွေ ကားသော့တွေ ဘယ်နားထားမိမှန်းမမှတ်မိလို့ စိတ်ညစ်နေပါသလား။ ဒီလိုမေ့လျော့နေခြင်းက သင်သည် အချိုဓာတ်အများအပြား စားသုံးနေမိလို့ပဲဖြစ်ပါတယ်။ မကြာသေးမှီကမှ လေ့လာထားတဲ့ လော့လာချက်အရ အချိုဓာတ် အလွန်အကျွံ စားသုံးခြင်းသည် ရေတိုမှတ်ဉာဏ်ရော ရေရှည်မှတ်ဉာဏ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Source: Menshealth.com

Featured Image Source: Freepik.com