ရုပ်ရည်ပုံမှန်သာရှိပေမယ့် မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတွေက ဆွဲဆောင်မှုရှိတဲ့အမျိုးသားတွေထက် အမျိုးသမီးတွေနဲ့ ပိုပြီးအဆင်ပြေကြတယ်။ ဘာလို့လဲဆိုတာ ဒီနေ့ရှင်းပြသွားမှာပါ။
Psychological Science ဂျာနယ်မှာ ဖော်ပြချက်အရ ရုပ်ရည်ကပုံမှန်ပဲရှိပေမယ့် အမျိုးသမီးတွေကြားမှာ ယုံကြည်မှုရှိရှိပြုမှုနေထိုင်တက်တဲ့ အမျိုးသားတွေဟာ ရုပ်ရည်ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေထက် အမျိုးသမီးတွေအပေါ် ပိုပြီးလွှမ်းမိုးမှုရှိတယ်လို့ သိရပါတယ်။

Source: Daily Mail
ဒီရလဒ်ကတော့ အမျိုးသား (၉၆) ယောက်နဲ့ အမျိုးသမီး (၁၀၃) ယောက်ပါတဲ့ အဖွဲ့နှစ်ဖွဲ့ကို လေ့လာစောင့်ကြည့်ပြီးမှ ရရှိခဲ့တဲ့ရလဒ်ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ စကားပြောတဲ့အချိန်မှာ ပင်ရင်းရှိတဲ့ရုပ်ရည်ထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ မိမိကိုယ်ကိုယုံကြည်တဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်မှုရှိစေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါကတော့ အမျိုးသမီးတွေနဲ့ ဒိတ်လုပ်တဲ့အခါမှာ အသုံးဝင်နိုင်တဲ့ အချက်တစ်ချက်ပါပဲ။ ဒါပေမယ့် အလွန်အကျွံယုံကြည်မှုလွန်ကဲတာမျိုးမလုပ်ဖို့တော့ လိုအပ်ပါတယ်။

Source: Dating Scout
နောက်ထက်လေ့လာမှုတစ်ခုအရ ရုပ်ရည်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေအပေါ် ဆွဲဆောင်မှုရှိရုံသာမကဘဲ သူတို့ပြုစုပျိုးထောင်ထားတဲ့ ကလေးတွေဟာလည်း မိမိကိုယ်ကို ယုံကြည်မှုရှိကြတယ်လို့ ဆိုထားပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ပိုင်ဆိုင်တဲ့ အမျိုးသားတွေ အများစုကတော့ သူတို့ရဲ့ပါတနာအပေါ် ဖောက်ပြန်တက်တယ်လို့လည်း ဒီလေ့လာမှုမှာ ဖော်ပြထားပါသေးတယ်။

Source: Panda Gossips
အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတွေဟာ ရုပ်ရည်ရှိတဲ့ အမျိုးသားတွေထက် ယုံကြည်မှုရှိပြီး ကြင်နာတက်တဲ့ အမျိုးသားတွေကို ပိုပြီးသဘောကျလေ့ရှိပါတယ်။
