လွန်ခဲ့သော ၁၀ နှစ်ခန့်အစောပိုင်းသိပ္ပံနည်းကျ သုတေသနပြုချက်တွေအရ မှတ်ဉာဏ်ဂိမ်းကစားခြင်းက ဦးနှောက်ထဲက ဉာဏ်ရည်အရည်ကိုတိုးစေတယ်လို့ဆိုပါတယ်။ ဖုန်းထဲက apps တွေ၊ စာအုပ်တွေနဲ့ သင်ခန်းစာတွေပေါ်လာတာကလည်း လူတွေကိုပိုစမတ်ကျစေတယ်လို့ဆိုပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာလေ့လာမှုတွေအရ ဦးနှောက်ကို လေ့ကျင့်ပေးတာက ဉာဏ်ရည်နဲ့သက်ဆိုင်မှုမရှိကြောင်းသက်သေပြခဲ့ကြပါတယ်။ စိတ်ပညာနဲ့အာရုံကြောဆိုင်ရာသိပ္ပံပညာမှာမကြာသေးခင်က ပြုလုပ်ခဲ့တဲ့သုတေသနပြုချက်အရ သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေဖို့အတွက် ထိရောက်တဲ့နည်းလမ်း ၄ခု ကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ဒါတွေကတော့

(၁) ဖြစ်နိုင်ခြေရှိတယ်လို့ ယုံကြည်ပါ

Source : Mark Manson

ကိုယ့်ကိုယ်ကို ပိုပြီးစမတ်ကျအောင်လုပ်နိုင်တယ်ဆိုတာကိုယုံကြည်ခြင်းက သင့်ကိုပိုပြီးစမတ်ကျစေတယ် လို့ဆိုပါတယ်။ သင့်ရဲ့ဦးနှောက်ကသင့်ယုံကြည်တဲ့ပအချက်အလက်တွေကိုပူးပေါင်းဆောင်ရွက်တတ်ပါတယ်။ သင့်အနေနဲ့စမတ်ကျသူတစ်ယောက်အဖြစ်ကိုယ့်ကိုယ်ကိုယုံကြည်လိုက်တဲ့အခါ အာရုံခံဆဲလ်များဆက်သွယ်မှုတည်ဆောက်ရန်အတွက် ပိုလွယ်ကူစေပါတယ်။ ဒီနည်းအတိုင်း ကျောင်းသားအုပ်စု၂ဖွဲ့ကိုစမ်းသပ်ခဲ့ရာ ဖြစ်နိုင်ခြေရှိတယ်လို့ယုံကြည်တဲ့အဖွဲ့က ၈၅% အထိလုပ်ဆောင်နိုင်စွမ်းတက်လာပြီး ကျန်အဖွဲ့ကတော့ ၅၄% သာကျန်ပါတယ်။

(၂) လူမှုရေးတွေ့ဆုံမှုတွေလုပ်ပါ

Source : Entrepreneur

အပြန်အလှန်လူမှုဆက်သွယ်ရေးတွေဖြစ်တဲ့ သူငယ်ချင်း၊ မိသားစုတွေနဲ့မကြာခဏ စကားပြောခြင်းကဲ့သို့လူမှုဆက်ဆံရေးတွေက သင့်ရဲ့ဉာဏ်ရည်ကိုတိုးပွားစေနိုင်ပါတယ်။ ဥပမာအားဖြင့် ၁၉၉၈မှ ၂၀၀၄ခုနှစ်အတွင်းပြု လုပ်ခဲ့သောလေ့လာမှုတခုအရ အပြန်အလှန်လူမှုဆက်သွယ်ရေးရှိသူတွေဟာ နှစ်နှစ်တာကာလအတွင်း မှတ်ဉာဏ်ထိန်းသိမ်းမှုပိုမိုမြင့်မားကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအပြန်အလှန်လူမှုဆက်သွယ်မှုရှိဖို့ အရေးကြီးတယ်ဆိုတာကိုတော့ လူတွေသိပ်မသိကြပါဘူး။

(၃) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

Source : Exercise Right

စိတ်ဖိစီးမှုကြောင့်ဖြစ်စေတဲ့ ရောဂါတွေကိုရှောင်ရှားရန် နည်းလမ်းတစ်ခုအဖြစ် လေ့ကျင့်ခန်းများများလုပ်ပေးပါ။ နောက်ဆုံးပေါ်အာရုံကြောသိပ္ပံပညာအရ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ရဲ့ သွေးနဲ့ ဦးနှောက်ထဲမှာဖြစ်ပေါ်တဲ့ပရိုတင်းဓါတ်ဖြစ်တဲ neurotrophic factor (BDNF) အဆင့်ကိုတိုးပွားပါတယ်။ ဒါ့ကြောင့် ဦးနှောက်ကမှတ်ဉာဏ်တွေကိုဖန်တီးပေးပြီး အားဖြည့်ပေးတာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းကသင့်ကိုစမတ်ကျစေနိုင်တာပါ။

(၄) ကော်ဖီ သို့ လက်ဖက်ရည် သောက်ပေးပါ

Source : Mantelligence

သုတေသနပြုချက်တွေမှာ ကော်ဖီနဲ့ လက်ဖက်ရည်သောက်တာက သင့်ဦးနှောက်ရဲ့အရေးကြီးအစိတ်အပိုင်းတွေဆီကို Dopamine ဓါတ်ရစေပြီး လှုံ့ဆော်မှုပေးတဲ့အတွက် သင့်ရဲ့ရေရှည်မှတ်ဉာဏ်ကိုတိုးပွားစေခြင်းအကျိုးသက်ရောက်မှုရရှိစေပါတယ်။ ဒါကိုလုပ်ပေးနိုင်တဲ့တခြားဆေးဝါးတွေရှိပေမယ့် အလွယ်ကူဆုံးနည်းလမ်းက ကဖိန်းဓါတ်ကိုများများစားသုံးပေးတာပါ။ ကဖိန်းဓါတ်က သင့်ဦးနှောက်ရဲ့တုံ့ပြန်မှု၊ မှတ်ဉာဏ်ထိန်းသိမ်းမှုနဲ့ သင့် ဦးနှောက်စွမ်းဆောင်ရည်ကိုတိုးမြှင့်ပေးတဲ့ norepinephrine ဓါတ်ကိုလည်း ထုတ်လွှတ်ပေးပါတယ်။