ကြွက်သား ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်ရဖို့က ‌ယောင်္ကျားလေးတိုင်းရဲ့ စိတ်ကူး အိပ်မက်လို့ပြောရင် မမှားနိုင်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံး ကျစ်လစ်သန်မာတဲ့ ကြွက်သားထုနဲ့ ကိုယ်လုံးကိုယ် ပေါက် ဖွံ့ဖွံ့ထွားထွား ရှိခြင်းကလည်း ဆွဲဆောင်မှုတစ်ခုပဲ မဟုတ်လား။ တကယ်လို့ သင်ကပိန်တဲ့ ခန္ဓာကိုယ် အမျိုးအစား ထဲမှာပါနေပြီး ဝိတ်တက်ချင်တယ် ၊ ကြွက်သားထုထည် ကြီးထွားသန်မာလာဖို့ ရည်မှန်းချက်ရှိ တယ်ဆိုရင်တော့ အခုပြောမယ့် အချက်လေးတွေက ထိရောက်မှုရှိစေမှာပါ။

(၁) အလေးပို မပါ

Sportsman lifting barbell during cross training in gym

Photo Source : Men’s Journal

ကြွက်သားထုတက်လာဖို့ အထိရောက်ဆုံးနည်းလမ်းက အလေး မခြင်းပါပဲ။ အလေး မတဲ့အခါ နည်းစနစ် မှန်ကန် မှုရှိဖို့ အထူးဂရုစိုက်ရပါမယ်။ ကစားနည်းစုံစုံလင်လင်နဲ့ တဖြည်းဖြည်းချင်း ကိုယ်မ နိုင်တဲ့အလေးပမာဏကို ပိုပို တိုးပြီး လေ့ကျင့်သွားမယ်ဆိုရင် လျှင်လျှင်မြန်မြန်ပဲ ကြွက်သားထုထည် ကြီးထွားသန်မာလာမှာ ဖြစ်ပါတယ်။

(၂) ပရိုတင်း များများစားပါ

Man holding protein rich foods for sports nutrition

Photo Source : Eat This, Not That

ကြွက်သားများ ကြီးထွားသန်မာလာဖို့ လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ မလုံလောက်မှု မရှိနိုင်ပါဘူး။ အစာအာဟာရ ကလည်းများစွာအရေးပါ ပါတယ်။ ပရိုတင်းဓာတ်ဆိုတာ ကြွက်သားတည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ပါ။ ပရိုတင်းဓာတ်က ကြွက်သားဆုံးရှုံးမှုကိုကာကွယ်ပေးပြီး လေ့ကျင့်ခန်းလုပ်ရာမှာ ပိုမိုအားစိုက် နိုင်ဖို့ ကူညီပေးတာကြောင့် ကြွက်သားတွေ အမြန်ဖွံ့ဖြိုးကြီးထွားလာစေမှာ ဖြစ်ပါတယ်။

(၃) အိပ်ရေးဝဝအိပ်ပါ

handsome shirtless bearded man sleeping in bed

Photo Source : Crello

လေ့ကျင့်ခန်းလုပ်ထားတဲ့ ကြွက်သားတွေကို ကောင်းစွာအိပ်စက်ခြင်းဖြင့် ပြန်လည်အနားပေးဖို့ လိုပါတယ်။ လေ့လာမှုတွေအရ လူ့ခန္ဓာကိုယ်ဟာ အိပ်စက်နေချိန်မှာ ကြီးထွားမှုဟော်မုန်းတွေ ထုတ်ပေးလေ့ရှိပြီး ၎င်းဟော်မုန်းက ကြွက်သားများ ကြီးထွားသန်မာဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကြွက်သားထုထည် မြန်မြန်တက်ချင်တယ်ဆိုရင် တစ်ညကို ၈ နာရီခန့် ပြည့်ဝစွာအိပ်စက်ပေးရမှာ ဖြစ်ပါတယ်။

(၄) ဖြည့်စွက်စာမှီဝဲပါ

man prepares a protein shake or uses a sports food supplement in the gym

Photo Source : Men’s Health

ဖြည့်စွက်စာတွေက ကြွက်သားကြီးထွားဖို့ တိုက်ရိုက်သက်ရောက်မှုမရှိပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရာမှာတော့ သင့်ရဲ့စွမ်းဆောင်ရည်ကို တိုးစေမှာဖြစ်ပြီး ကြွက်သားကြီးထွားဖို့ တွန်းအားဖြစ်စေပါတယ်။ ဒါကြောင့်လည်း ကြွက်သားထုမြန်မြန်တက်ဖို့ဆိုရင် ပရိုတင်း Shake လို ဖြည့်စွက်စာတွေလည်း သုံးစွဲပေးဖို့ လိုမှာပါ။

Body Transformation လုပ်တဲ့အခါ အရေးကြီးဆုံးက ဇွဲရှိရှိနဲ့ တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့ပါပဲ။ သင့်အနေ နဲ့ အထက်မှာပြောခဲ့တဲ့ အချက်လေးတွေနဲ့အတူ ခိုင်မာတဲ့ရည်မှန်းချက်တစ်ခု သေချာချမှတ်ပြီး ရေရှည် ပုံမှန်လေး လုပ်ဆောင်သွားမယ်ဆိုရင်တော့ မြန်မြန်ပဲ သိသာပြောင်းလဲတဲ့ရလဒ်ကို ရရှိလာမှာ ဖြစ်ပါတယ်။

Featured Photo Source : Men’s Journal