လူတွေကြားမှာ IQ နဲ့ EQ ဘယ်ဟာ ပိုအရေးကြီးလဲဆိုတာ အခုထိငြင်းခုံနေကြဆဲပါ။ တစ်ချို့တွေကတော့ လူတစ်ယောက်ရဲ့အသွင်အပြင်နှင့်ပြုမူနေထိုင်မူပုံစံတွေက သူ့ရဲ့ IQ နဲ့ဆက်စပ်မူရှိနေတယ်လို့ ယုံကြည်နေကြတယ်။

သိပ္ပံပညာရှင်တွေကလည်း လူတစ်ယောက်ရဲ့ အရပ်အမြင့်၊ လက်ချောင်း ပြုမူနေထိုင်မူတွေက သူ့ရဲ့ ဉာဏ်ရည်ထက်မြတ်မူ မည်မျှရှိကြောင်းကို ဖော်ပြနိူင်တယ်လို့ပြောဆိုထားပါတယ်။ အခု kwee ကနေပြီး ဉာဏ်ရည်ကောင်းတဲ့သူတွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်တချို့ကို ပြောပြပေးသွားမှာပါ။

အကြီးဆုံးသားတွေ

Source: Your Teen Magazine

Edinburgh University ကသိပ္ပံပညာရှင်တွေက အကြီးဆုံးသားတွေဟာ တခြားအငယ်ဆုံးသားတွေထက် IQ (၃) မှတ် ပိုမြင့်ကြောင်း ဆိုထားပါတယ်။

အဝလွန်မနေဘူး

Source: Bright Side

ပုံမှန်ထက် ဝနေတဲ့သူတွေမှာ IQ နှိမ့်လေ့ ရှိတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ ဒါက လူ ၂၂၀၀ ကျော်ကို လေ့လာပြီးတွေ့ရှိခဲ့တဲ့ အချက်အလက်ပဲ ဖြစ်ပါတယ်။ အဝလွန်တာနဲ့ IQ အနိမ့်အမြင့် ကွာသွားပါတယ်။

ဒါက IQ မြင့်တဲ့သူတွေဟာ ဝင်ငွေပိုများတာကြောင့် ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူနိူင်ကာ ကျန်းမာရေးဂရုစိုက်တာကြောင့် လို့လည်း ထင်မြင်ချက်ပေးလို့ ရပါတယ်။

သူတို့တွေက ပျင်းကြတယ်

Source: The Unlikely Partners Network

အလုပ်ကို ဖြတ်ထိုးဉာဏ်နဲ့ လုပ်တတ်တဲ့ ဉာဏ်ကောင်းတဲ့သူတွေဟာ ပုံမှန်လူတွေထက် ပျင်းကြတယ်လို့ အမေရိကန် သိပ္ပံပညာရှင်တွေက ပြောဆိုထားပါတယ်။ ပုံမှန်ထက် ဉာဏ်ရည်မြင့်တဲ့သူတွေဟာ အင်အားသုံးပြီးလုပ်ရသည့်အလုပ်တွေထက် စိတ်ပိုင်းဆိုင်ရာအားထုတ်မူပြုလုပ်ရတဲ့ အလုပ်များ ချက်စ် ကစားခြင်း စတာတွေကို ပိုမိုနှစ်ခြိုက်ကြပါတယ်။

သူတို့တွေက အသံတွေအပေါ် sensitive ဖြစ်လွန်းတယ်

Source: Healthline

နံရံကို ရိုက်တဲ့အသံ၊ အစားစာတဲ့ အသံနဲ့ အသံအကျယ်ကြီးအသက်ရှုတာကို တောင်မခံနိုင်တဲ့ သူတွေဟာ IQ မြင့်တဲ့သူတွေဖြစ်ကြောင့် သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

IQ မြင့်တတ်သူတွေဟာ တိတ်ဆိတ်မှုကို လိုလားကြတယ်။ ဒါမှသူတို့ရဲ့ အလုပ်ကို ကောင်းကောင်းအာရုံစိုက်နိုင်ပြီး အကောင်းဆုံးလုပ်တတ်ကြပါတယ်။

သူတို့တွေက ပုံမှန်ထက် ကျိန်ဆဲကြတယ်

Source: Go Social

အခုလိုပြောလိုက်တော့ နည်းနည်းထူးဆန်းနေပါမယ်။ ဒါပေမဲ့ ပုံမှန်ထက် ကျိန်ဆဲကြတဲ့သူတွေဟာ ဉာဏ်ရည်မြင့်မားကြတယ်လို့ ဆိုထားပါတယ်။ ပုံမှန်အားဖြင့် ဉာဏ်ကောင်းတဲ့သူတွေဟာ သူတို့ရဲ့စိတ်ခံစားချက်ကို စကားလုံးတွေအသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုတတ်ကြတယ်။

စိတ်ပညာရှင်တွေရဲ့ လေ့လာမူအရ လူတစ်ယောက်က ပိုပြီးပညာတတ်လေ ပိုပြီးကျိန်ဆဲလာလေ ဖြစ်ကြောင်း ဆိုထားပါတယ်။

သူတို့တွေက ပုံမှန်ထက်အရပ်မြင့်ကြတယ်

Source: Zimbio

သိပ္ပံပညာရှင်တွေကတော့ ပုံမှန်ထက်အရပ်မြင့်တဲ့ သူတွေဟာ ပုံမှန်လူတွေထက် IQ ပိုမြင့်ကြတယ်လို့ ဆိုထားပါတယ်။ ဥပမာ Steve Jobs’s ဟာဆိုရင် အရပ် ၆ ပေ ၂ လက်မ ထိရှိပြီးတော့ Donald Trump လည်း အရပ် ၆ ပေ ၃ လက်မ ထိရှိပါတယ်။