အဲလ်ဘတ်အိုင်းစတိုင်းက “ ကျွန်တော်သာ ရူပဗေဒပညာရှင်မဖြစ်ခဲ့ရင် ဂီတပညာရှင်တစ်ယောက်ဖြစ်ကောင်းဖြစ်လိမ့်မယ်” လို့ ဂီတနဲ့ပတ်သတ်ပြီး ပြောခဲ့ဖူးပါတယ်။ တေးဂီတမှာ မမြင်နိုင်တဲ့စွမ်းအားတွေများစွာရှိပြီး လူတစ်ယောက်ရဲ့စိတ်ခံစားမှုတွေကိုတောင်ပြောင်းလဲပေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူသိနည်းတဲ့ တေးဂီတသီချင်းတွေရဲ့စွမ်းအားတွေအကြောင်းပြောပြပေးချင်ပါတယ်။

Source : Dissolve

သုတေသနပြုချက်တွေအရ သင်ကြိုက်နှစ်သက်တဲ့ တေးသီချင်းများကိုနားထောင်တဲ့အခါ သင့်ရဲ့ဦးနှောက်မှ Doparmine လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်ပေါ်လာစေပြီး အဆိုပါဟော်မုန်းက ပျော်ရွှင်မှု စိတ်လှုပ်ရှားမှု နှင့်ရွှင်လန်းခြင်းစသည့် စိတ်ခံစားမှုများကိုရစေပါတယ်။

သီချင်းတွေက စိတ်ဓာတ်ခွန်အားမြင့်တင်ပေးတဲ့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ စိတ်ညစ်နေတဲ့အချိန် စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ သီချင်းနားထောင်လိုက်တာက အချိန်တိုအတွင်း စိတ်ဓာတ်ခွန်အားကိုပြန်လည်မြင့်တင်ပေးနိုင်ပါတယ်။

ဝိတ်ကျချင်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ဂျော်ဂျီယာနည်းပညာတက္ကသိုလ်မှ သုတေသနပြုချက်အရ အစားစားတဲ့အချိန်မှာ သာယာငြိမ့်ငြောင်းမှုရှိတဲ့ ဂီတသံစဉ်တွေကိုဖွင့်ထားတာဟာ ကယ်လိုရီစားသုံးမှုကိုလျော့နည်းစေပြီး အလွန်အကျွံစားမိခြင်းကို ဟန့်တားစေနိုင်တယ်လို့ဖော်ပြထားပါတယ်။ သင့်အနေနဲ့ အစားအစာတွေကိုအများကြီးစားသုံးနေမိခြင်းကို ရပ်တန့်ချင်တယ်ဆိုရင်တော့ ထမင်းစားချိန်တွေမှာ ဂီတသံစဉ်အေးအေးလေးတွေဖွင့်ထားလိုက်ပါ။

Source : Anaheim Lighthouse

သီချင်းနားထောင်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ကျသက်သာစေနိုင်ပါတယ်။ များသောအားဖြင့် ဖျားနာခြင်းတွေ ကိုယ်ခံအားနည်းခြင်းတွေက စိတ်ဖိစီးမှုတွေကနေတဆင့်ဖြစ်လာကြောင့် ပုံမှန်သီချင်းနားထောင်ပေးမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ဟာ အရင်ကထက် ပိုမိုကျန်းမာလာမှာဖြစ်ပါတယ်။

ယာဉ်မောင်းနေစဉ်အချိန်မှာ သီချင်းအေးအေးလေးတွေဖွင့်ထားခြင်းက သင့်ရဲ့စိတ်ကိုပိုမိုတည်ငြိမ်စေပြီး အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ဖို့ကူညီပေးမှာဖြစ်ပါတယ်။ တခါတလေ ကားမောင်းရင်း ကားပိတ်လို့ဒေါသထွက်နေတဲ့အချိန်တွေ စိတ်ခံစားမှုမကောင်းတဲ့အချိန်တွေမှာ သီချင်းအေးအေးလေးတွေ သံစဉ်ချိုချိုအေးအေးလေးတွေ ဖွင့်ထားကြည့်လိုက်ပါ။ သင့်ရဲ့စိတ်ခံစားမှုကိုပြန်လည်မြင့်တင်ပေးပြီး အန္တရာယ်ကင်းကင်းနဲ့ လုံခြုံမှုရှိစွာ ဆက်လက်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

အလျင်အမြန်အိပ်မောကျစေတယ် – အမေရိကန်လူမျိုး ၃၀ ရာခိုင်နှုန်းကျော်က အိပ်မပျော်ခြင်းကိုခံစားကြရပါတယ်။ ဒါကြောင့်အဆိုပါ အိပ်ပျော်ရခက်ခဲသူတွေကို လေ့လာမှုတစ်ခုပုံလုပ်ခဲ့ပြီး အိပ်ရာဝင်ချိန်မှာ သာယာငြိမ့်ညောင်းတဲ့ ဂန္တဝင်တေးသီချင်းတွေနားထောင်စေရာမှာတော့ အလျင်အမြန်အိပ်မောကျစေတဲ့ ရလဒ်ကိုတွေ့ရှိခဲ့ကြပါတယ်။ သီချင်းတွေကအိပ်စက်ခြင်းကိုလည်းအထောက်အပံ့ပေးပြီး ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။