လူအများစုသိထားကြတဲ့ အိပ်ပျော်စေမယ့်နည်းလမ်းတွေက တရားထိုင်ခြင်း နှိပ်နယ်ပေးခြင်း လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ဆေးဝါးမှီဝဲခြင်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအပြင် သိပ္ပံနည်းကျလေ့လာမှုတွေအရ နောက်ထပ်ကောင်းစွာအိပ်ပျော်ဖို့ကူညီပေးတဲ့ နည်းလမ်းတစ်ခုက သီချင်းနားထောင်ခြင်းဖြစ်ပြီး ၆၂ ရာခိုင်နှုန်းသောလူတွေကလည်း သူတို့ရဲ့ အိပ်စက်ခြင်းကိုပိုမိုကောင်းမွန်စေဖို့ သီချင်းနားထောင်ကြပါတယ်။ သီချင်းဂီတတိုင်းကတော့ ကောင်းစွာအိပ်စက်နိုင်ဖို့ကူညီပေးမှာမဟုတ်ပေမယ့် တစ်ချို့သောဂီတသံစဉ်တွေကတော့ လူသားတွေရဲ့ အိပ်စက်ခြင်းအတွက် အထောက်အပံ့ကောင်းတွေဖြစ်စေနိုင်ပါတယ်။
Source : Shutterstock
အိပ်ယာမဝင်မှီသီချင်းနားထောင်ခြင်းက လူငယ်လူကြီးမရွေး လူတိုင်းအပေါ်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရှိစေပါတယ်။ ဂီတသံစဉ်တွေက စိတ်ကိုအပန်းပြေစေပြီး စိတ်ဖိစီးမှုတွေကိုလျော့ကျသက်သာသွားစေနိုင်တဲ့ ကောင်းကျိုးတွေပေးစွမ်းပါတယ်။ သာယာငြိမ်ငြောင်းမှုရှိတဲ့ တေးဂီတသံစဉ်တွေကိုနားထောင်ပြီးတဲ့နောက်မှာ လူတွေရဲ့နှလုံးခုန်နှုန်းက ကျဆင်းလာပြီး တစ်မိနစ်လျှင် အသက်ရှုနှုန်းလျော့နည်းသွားစေတယ်လို့ လေ့လာမှုတစ်ခုအရသိရပါတယ်။
Source : Science News
ဒါကြောင့်လည်း အသံကုထုံးဆရာဝန်တွေနဲ့ Marconi Union အဖွဲ့မှ ဂီတပညာရှင်တွေပူးပေါင်းပြီး Weightless လို့အမည်ရတဲ့သီချင်းတစ်ပုဒ်ကို လူတွေအတွက်စိတ်ဖီစီးမှုလျော့ကျစေဖို့ ရည်ရွှယ်ချက်နဲ့ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ဒီသီချင်းဟာ နှိပ်နယ်ပေးခြင်းထက်ပိုကောင်းတဲ့ စိတ်အပန်းပြေမှုကိုရစေတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာတွေဟာ Weightless သီချင်းနဲ့အတူ နောက်ထပ်သီချင်းများစွာကို စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပြီး စိတ်ဖိစီးမှုလျော့ကျစေရုံသာမက လူတွေကိုကောင်းစွာအိပ်ပျော်စေမယ့် သီချင်းကောင်း (၁၀) ပုဒ်ကိုတွေ့ရှိခဲ့ကြပါတယ်။ ညဘက်တွေမှာကောင်းစွာအိပ်ပျော်ချင်ပါတယ်ဆိုတဲ့ ကွီးစာဖတ်ပရိသတ်တွေအတွက် ဒီသီချင်းတွေရဲ့ အမည်တွေကိုပြောပြပေးချင်ပါတယ်။
Source : Men’s Journal
- Marconi Union — Weightless
- Airstream — Electra
- DJ Shah — Mellomaniac (Chill Out Mix)
- Enya — Watermark
- Coldplay — Strawberry Swing
- Barcelona — Please Don’t Go
- All Saints — Pure Shores
- Adele — Someone Like You
- Mozart — Canzonetta Sull’aria
- Café Del Mar — We Can Fly
ဒီသီချင်း (၁၀) ပုဒ်ကို အိပ်ယာမဝင်မှီ အချိန်အတွင်းမှာ နားထောင်ပေးမယ်ဆိုရင် စာဖတ်သူရဲ့စိတ်ကို အကောင်းဆုံးအပန်းပြေစေမှာဖြစ်ပြီး ကောင်းမွန်စွာအိပ်စက်အနားယူနိုင်မှာသေချာပါတယ်။