ယနေ့ နည်းပညာခေတ်ကြီးထဲမှာ ကလေးငယ်များမှ စတင်ကာ အလုပ်လုပ်ကိုင်နိုင်သော အရွယ်အပါအဝင်၊ အသက်ကြီးတဲ့ လူများအထိ၊ တော်တော်များများက ဖုန်း၊ Tablets ကဲ့သို့သော Digital ပစ္စည်းများကို အကြောင်းအမျိုးမျိုးနဲ့ အချိန်များစွာ အသုံးပြုလာကြပါတယ်။ တစ်နည်းအားဖြင့် တစ်နေ့တာ အချိန်မှာ Screen Time များပြားလာခြင်း ဖြစ်ပါတယ်။ Screen Time များလွန်းခြင်းသည် ဆိုးကျိုးများဖြစ်စေရန် အလွန်လွယ်ကူပါတယ်။ Screen Time များခြင်းသည် မျက်စိ ၊ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ရုံသာမက နာတာရှည်ရောဂါများအထိ ဖြစ်ပွားနိုင်စေတယ်လို့ သုတေသန ပြုချက်များအရ သိရပါတယ်။ ထို့ကြောင့် Screen Time များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ အကျိုးသက်ရောက်မှုများကို သတိပြုဆင်ခြင်နိုင်ရန် ဝေမျှပေးချင်ပါတယ်။

(၁) မျက်လုံး နဲ့ ခန္ဓာကိုယ်အတွက် စသည့် ရုပ်ပိုင်းဆိုင်ရာထိခိုက်ခြင်း

Screen Time များခြင်းကြောင့်

Photo : GOQii

Screen Time များခြင်းကြောင့် တစ်နည်းအားဖြင့် ဖန်သားပြင်ကို နာရီအကြာကြီး စိုက်ကြည့်ခြင်းသည် ကွီးတို့ရဲ့ ခန္ဓာကိုယ် အထူးသဖြင့် ကွီးတို့ရဲ့မျက်လုံးများကို မကောင်းတဲ့ သက်ရောက်မှုများ သို့မဟုတ် ထိခိုက်မှုဖြစ်စေသည်မှာ သေချာပါသည်။ ဖန်သားပြင်ကို အချိန်များစွာ စိုက်ကြည့်ခြင်းက ကွီးတို့ မျက်လုံးများကို ထိခိုက်စေပြီး ၎င်းတို့ကို ခြောက်သွေ့စေရုံသာမက မြင်လွှာပျက်စီးခြင်းနှင့် အမြင်မှုန်ဝါးခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်ကို အာရုံစိုက်နေမိပြီး ကိုယ်နေဟန်ထားကို မေ့လျော့နေပါကလည်း (ဥပမာ အားဖြင့် ခေါင်းကို ငုံ၍ အချိန်များစွာ ဖုန်းကြည့်နေခြင်း) ကွီးတို့ရဲ့ ကိုယ်ဟန်အနေအထားကို ထိခိုက်စေပြီး လည်ပင်းနှင့် ပခုံးနှစ်ဖက်စလုံး တင်းမာမှုနှင့် နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။

(၂) အိပ်ရေးပျက်ခြင်း

Screen Time များခြင်းကြောင့်

Photo : News18

ဒီဂျစ်တယ် ဖန်သားပြင်များမှ ထုတ်လွှတ်သော အပြာရောင်အလင်းတန်းများက ကွီးတို့ ခန္ဓာကိုယ်ထဲရှိ အိပ်စက်ခြင်း ဟော်မုန်း Melatonin ထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေသောကြောင့် အိပ်ချိန်ပမာဏကို ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် ဒစ်ဂျစ်တယ် ပစ္စည်းများ အသုံးပြုခြင်းက ကွီးတို့ အိပ်ပျော်ဖို့ကို အခက်အခဲဖြစ်စေပါတယ်။ ဒါ့ကြောင့် Screen Time ကို ကန့်သတ်လိုက်ခြင်းဖြင့် ဒီပြဿနာကို အနည်းနဲ့အများဖြေရှင်းပြီးသား ဖြစ်စေပါတယ်။

(၃) အဝလွန်ခြင်း ဖြစ်နိုင်ခြေကိုတိုးလာစေပါတယ်

Screen Time များခြင်းကြောင့်

Photo : Encyclopedia Britannica

ဒစ်ဂျစ်တယ် စက်ပစ္စည်းအသုံးပြုမှုက ကွီးတို့ကို အထိုင်များစေပြီး အထိုင်များသည့် သဘောသဘာဝသည် ကိုယ်ကာယ လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများကို ရပ်တန့်နေခြင်းကို ဆိုလိုပါတယ်။ အထူးသဖြင့် တီဗီကြည့်ရင်း အစာစားရင် ကိုယ်အလေးချိန် တိုးလာစေပါတယ်။ ဒီလို အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အခါ အဝလွန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ Screen Time များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အဝလွန်ခြင်းကလည်း မကောင်းတဲ့ အကျိုးသက်ရောက်မှုများ ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲရောဂါများဖြစ်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ အခြားသော ကျန်းမာရေးပြဿနာများကို ဖြစ်စေပါတယ်။

(၄) ဦးနှောက်စွမ်းဆောင်မှုကို ထိခိုက်စေပါတယ်

negative effects

Photo : Chart Attack

Screen Time လွန်ကဲခြင်း၏ ကြောက်စရာအကောင်းဆုံး အကျိုးဆက်များထဲမှတစ်ခုမှာ ဦးနှောက် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ပဲဖြစ်ပါတယ်။ Screen Time များလွန်းခြင်းက မှတ်ဉာဏ်ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ချို့ယွင်းမှုကို ဖြစ်စေပါတယ်။ ၎င်းသည် အာရုံစူးစိုက်မှုအားနည်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ သတင်းအချက်အလက် လုပ်ဆောင်ရာတွင် နှေးကွေးခြင်းနှင့် ထိန်းချုပ်မှု အားနည်းခြင်းပုံစံများဖြစ်ပေါ်လာနိုင်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးဆဲကလေးများနှင့် ပတ်သက်လာလျှင် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုများသည် အထူးစိုးရိမ်စရာဖြစ်ပါတယ်။

(၅) လူမှုဆက်ဆံရေးမှာ အားနည်းလာပါတယ်

negative effects

Photo : Healthline

Screen Time များလွန်းခြင်းကြောင့် ကွီးတို့ရဲ့ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေပါတယ်။ မိမိဟာ ဒီ Screen ပေါ်က အဖြစ်အပျက်များအပေါ် အာရုံစိုက်နေချိန် လက်တွေ့ဘဝမှာ ပေါင်းသင်းဆက်ဆံရေးမှာ အချိန်ပေးဖို့ အားနည်းသွားပါတယ်။ သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းပြီး ကွီးတို့ရဲ့ လူမှုဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်ဖို့ အခွင့်အရေးတွေလည်း ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါဟာ ကွီးတို့ဘဝအတွက် အနည်းနဲ့အများ အောင်မြင်မှုရရှိဖို့ ထိခိုက်စေတဲ့အထိ အကျိုးသက်ရောက်မှု ရှိပါတယ်။

(၆) စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်နိုင်မှုကို အားနည်းစေပါတယ်

negative effects

Photo : Cepymenews

Screen Time များခြင်းက ကွီးတိုရဲ့ စိတ်ခံစားမှုများအပေါ် သက်ရောက်မှု ရှိလာပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှ အကြောင်းအရာများရဲ့ လွှမ်းမိုးမှုကြောင့် လက်တွေ့ဘဝမှာ ဆုံးဖြတ်နိုင်စွမ်းကို မရေမရာဖြစ်စေပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုများအရ မီဒီယာပေါ်မှ ရန်လိုသော မကောင်းတဲ့ အကြောင်းအရာများနဲ့ ထိတွေ့မှုများခြင်းသည် ကလေးငယ်များနဲ့ ဆယ်ကျော်သက် များတွင် ရန်လိုမှု အဆင့်ကိုတိုးမြင့်စေတယ်လို့ဆို ထားပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ Screen Time များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ အကျိုးသက်ရောက်မှုများပဲ ဖြစ်ပါတယ်။ ကွီးတို့ရေ Screen Time များတာဟာ ကွီးတို့ရဲ့ ကျန်းမာရေးအပြင် အခြားသော ဘက်ပေါင်းစုံကနေ ဆိုးကျိုးတွေ သက်ရောက်စေတာကြောင့် အခုအချိန်မှ စပြီးသတိပြုဆင်ခြင်ဖို့ အချိန်ရောက်ပါပြီ။ ဒါ့အပြင် မိမိ မိသားစု သို့မဟုတ် ပတ်ဝန်းကျင်မှ လူများကိုလည်း Screen Time တတ်နိုင်သလောက်လျော့ချဖို့ တိုက်တွန်းသင့်ပါတယ်။

Source : Active Health

Featured Photo : Screen Time