Gym ကစားတယ်ဆိုတာ ခန္ဓာကိုယ် အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။ ဒါပေမဲ့ Gym ဆော့တိုင်းလည်း အကျိုးမထူးတဲ့သူတွေ ရှိပါတယ်။ ဒါကတော့ စားသောက်နေထိုင်မူပုံစံ နည်းလမ်းမမှန်လို့ပါပဲ။

ဒီနေ့ kwee က Gym ကစားသူတိုင်းသိထားသင့်သည့် စားသောက်နေထိုင်မူပုံစံတွေကို ပြောပြပေးသွားမှာပါ။

ရေဓာတ်ပြည့်ဝနေပါစေ

Source: Spa Massage Therapy

လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်ရတဲ့အခါမှာ ချွေးထွက်ပြီးရေဓာတ်ဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် ရေကိုပုံမှန်သောက်ပေးဖို့လိုအပ်ပါတယ်။

ရေဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားပေးမယ်ဆိုရင် ရေဓါတ်ခမ်းခြောက်တဲ့အခြေအနေထိ မရောက်အောင် ကာကွယ်ပေးနိုင်မယ့်အပြင် လူကိုလည်း ပေါ့ပါးလန်းဆန်းစေလို့ လေ့ကျင့်ခန်းကို အားသွန်ခွန်စိုက် ကစားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

နေ့စဉ် ပုံမှန် မှန်ကန်တဲ့ နည်းစနစ်နဲ့ လေ့ကျင့်ခန်းလုပ်မယ်၊ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်လိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ကိုယ်ရည်မှန်းတဲ့ ခန္ဓါကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။

အိပ်ချိန်ကို ဂရုစိုက်ပေးပါ

Source: Dreams

အိပ်ချိန်ဟာ လူတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ မြို့နေလူထု အများစုဟာ ရှိသင့်ရှိထိုက်တဲ့ အိပ်ချိန်ထက် နည်းပြီး အိပ်စက်နေကြပါတယ်။ ဒါဟာ ရေရှည်ကျန်းမာရေးအတွက် မကောင်းတဲ့ အလေ့အကျင့်တခုပါ။

Gym ကို ကစားနေတဲ့အချိန်မှာ အိပ်ချိန်မပြည့်ဝလို့ အိပ်ရေးမဝရင် ကောင်းကောင်းဆော့ကစားနိုင်မှာ မဟုတ်သလို နည်းနည်းလေး ကစားလိုက်တာနဲ့ ပင်ပန်းပြီး မောနေတော့မှာပေါ့။ ဒါကြောင့် အိပ်ချိန်ကို အနည်းဆုံး ၇-၈ နာရီ အိပ်စက်ပေးဖို့ အရေးကြီးပါတယ်။

ပရိုတင်းဓာတ်စားသုံးပေးပါ

Source: Bodybuilding

Gym ကစားတဲ့သူတွေအနေနဲ့ ပရိုတင်းများများစား သုံးပေးသင့်ပါတယ်။ ပရိုတင်းဟာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပြီး အရိုးအဆစ်တွေကို သန်မာစေတဲ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

အသား၊ ငါး၊ နွားနို့နဲ့ ပဲအမျိုးမျိုးကနေ ပရိုတင်းဓါတ်ကို ရရှိနိူင်ပါတယ်။ ကိုယ့်အနေနဲ့ အချိန်တိုအတွင်းမှာ ခန္ဓာကိုယ်ကြွက်သားထုကို တည်ဆောက်ချင်တယ်ဆိုရင် ပရိုတင်းဖြည့်စွက်စာ အားဆေးတွေကို သောက်သုံးပေးလို့ ရပါတယ်။

အဆီ၊ အငန်၊ အချို လျှော့စားပေးပါ

Source: Diet Doctor

အဆီများတဲ့ အစားအစာတွေ၊ အငန်ဓါတ်များတာ၊ အချိုလွန်ကဲတဲ့ မုန့်တွေဟာ ကိုယ်တွင်းအဆီတက်စေနိူင်ပါတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ အစရှိတဲ့ ရောဂါတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့၊ အမိုက်စားခန္ဓာကိုယ်ရအောင် လေ့ကျင့်နေတဲ့ အချိန်မှာ ဒီလိုအစားအစာတွေကို အများကြီးစားလိုက်ရင် အပင်ပန်းခံဆော့ထားသမျှ အလကားဖြစ်သွားနိူင်တာကြောင့် သတိထားဖို့ အကြံပေးချင်ပါတယ်။