အချစ်ကစိတ်ခုန်စေတယ် ပျော်ရွှင်စေတယ်ဆိုတာ လူတိုင်းလက်ခံမယ်ထင်ပါတယ်။လူတိုင်းလိုလိုအချစ်နဲ့ မကင်းသလို အချစ်ရှိမှပြည့်စုံတယ်လို့လည်း ထင်ကောင်းထင်နေကြပါတယ်။ဒါဆိုရင်တော့ တစ်ကိုယ် တည်း single သမားတွေအတွက် မတရားရာရောက်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ချစ်သူမရှိလည်း ဘဝမှာပျော်အောင်နေထိုင်လို့ရမယ့် နည်းလမ်းတွေများစွာ ရှိနေတာကြောင့်ပါ။ဘယ်လိုနည်းလမ်းတွေလည်းဆိုတာဆက်ဖတ်ကြည့်လိုက်ပါအုန်း။

(၁) ကိုယ့်ကိုယ်ကိုအပြည့်အဝချစ်မယ်

Source : NBC News

တခြားသူတွေကိုချစ်မှ အချစ်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုချစ်တက်ခြင်းဟာလည်း အချစ်လို့ခေါ်ပါတယ်။ကိုယ့်ကိုယ်ကိုပျော်အောင်ထားချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားတက်ဖို့လိုပါတယ်။ကိုယ်ဘဝအတွက်အချိန်တွေကို ကိုယ်စိတ်ကြိုက်အသုံးပြုမယ် ကိုယ်ရှာတဲ့ငွေတွေကို ကိုယ်အတွက်ဖြစ်စေ မိဘအတွက်ဖြစ်စေ တခြားပရဟိတနေရာတွေမှာဖြစ်စေ လိုသလိုသုံးမယ် ကိုယ့်ကိုယ်ကိုပိုပြီးစိတ်ချမ်းသာအောင်ထားမယ် စသည်ဖြင့် ကိုယ်စိတ်ပျော်အရာတွေကို စိတ်ကြိုက်လုပ်ပြီး ပျော်အောင်နေလို့ရပါတယ်။

(၂) ချုပ်ချယ်မှုမရှိတဲ့ဘဝမှာနေထိုင်နိုင်မယ်

Source : Glide Magazine

ချစ်သူရည်းစားရှိရင်အနည်းဆုံးတော့ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ သံတော်ဦးတင်နေရမှာပါ။သူငယ်ချင်းတွေနဲ့ သောက်တာစားတာတွေလုပ်ရင် ချုပ်ချယ်ခံရမယ် အပြင်သွားရင်ငြိုငြင်ခံရမယ် အချိန်မပေးနိုင်ရင် စိတ်ကွက်ခံရမယ် စသည်ဖြင့် ချစ်သူရှိတဲ့အခါ ချုပ်ချယ်မှုတွေနဲ့ဝန်းရံထားတဲ့ ဘောင်တစ်ခုထဲမှာပဲနေထိုင်ရမှာပါ။တစ်ယောက်တည်းသမားတွေအနေနဲ့တော့ ချုပ်ချယ်မှုမရှိလွတ်လပ်တဲ့ အရသာကိုအပြည့်အဝခံစားပြီး ပျော်ရွှင်လို့ရပါတယ်။

(၃) ဝါသနာတွေအပေါ်အချိန်ပေးမယ်

Source : MONEY IN CRYPTO

ချစ်သူမရှိတဲ့အခါ သိသာစေတဲ့အချက်တစ်ခုက ကိုယ် ပိုင်အချိန်တွေများစွာထွက်လာတာပါပဲ။ ကိုယ့်ရဲ့ အချိန်တွေကို ကိုယ်စိတ်ကြိုက်အသုံးပြုနိုင်တဲ့အတွက် ကိုယ်ဝါသနာပါတဲ့အရာတွေကို ဇောက်ချလုပ်နိုင်ပြီပေါ့။ဘဝမှာကိုယ်ဝါသနာပါတဲ့အရာတွေလုပ်ဆောင်နေရခြင်းက ပျော်စရာအကောင်းဆုံးအချိန်ဆိုတာ မမေ့ပါနဲ့။ဒါကြောင့်ကိုယ်ကတစ်ကိုယ်တည်းသမားဆို ဘာဝါသနာပါလဲ ဆန်းစစ်ပြီး တစိုက်မတ်မတ်လုပ်ဆောင်ကြည့်ပါ။ပျော်ရွှင်လာရမှာအသေအချာပါပဲ။

(၄) မိသားစုဝင်တွေနဲ့ အတူတူဖြတ်သန်းမယ်

Source : 123RF.com

ကိုယ့်ဘဝမှာ ချစ်သူမရှိရင် ကိုယ်တစ်ယောက်တည်း အထီးကျန်နေမှာမဟုတ်ပါဘူး။ကိုယ့်ကိုချစ်တဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေရှိပါသေးတယ်။ ဘဝရဲ့ အချိန်တစ်ချို့တဝက်ကို သူတို့နဲ့ အတူတူဖြတ်သန်းပြီး ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးလို့ရနိုင်ပါတယ်။ မိသားစုတွေ သူငယ်ချင်းတွေက သင်နဲ့ ရင်ဘတ်ချင်းနီးမယ့် အ​ကောင်းဆုံးအဖော်မွန်တွေဖြစ်တာကြောင့် သူတို့နဲ့ အတူတူပျော်ရွှင်စွာနေထိုင်ပါ။