ချစ်သူချင်း Date လုပ်တယ်ဆိုတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်သိပ်မရင်း နှီးသေးဘူးဆိုရင် အပြန် အလှန် အားနာရတာတွေ၊ ရှက်ကိုးရှက်ကန်းဖြစ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါဆို အခုပြောပြပေးမှာက ချစ်သူတွေဒုတိယအကြိမ် Date ကြမယ်ဆိုရင် ပထမ Date မှာလို ညစာစားတာ၊ ရုပ်ရှင်ကြည့်တာတွေ လုပ်လို့ရပေမယ့် တခြားပျော်စရာကောင်းမယ့် နည်းလမ်းလေးတွေရှိတာကြောင့် စမ်းသပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ နည်းလမ်းလေးတွေကို အောက်မှာပြောပြထားပါတယ်။ စိတ်ဝင်စားရင်ဖတ်ကြည့်လိုက်ပါဦး။

(၁) ဘိုးလင်းပစ်ပါ

Source : Elite Daily

ပထဆုံးတစ်ခုက ဘိုးလင်းပစ်တာပါ။ ဘိုးလင်းပစ်တာက သင်တို့ချစ်သူနှစ်ယောက်အတွက် ပျော်ရွှင်ဖွယ်အချိန်တွေရတဲ့အပြင် ကိုယ်လက်လှုပ်လျားရတဲ့အတွက် စိတ်လဲပေါ့ပါးစေနိုင်ပါတယ်။ ဘိုးလင်းပစ်ဖို့ စုံတွဲရှူးဖိနပ်အတူတူစီးလို့ရသလို သောက်စရာအချိုရည်တစ်ချို့နဲ့ မုန့်တွေလည်း ယူသွားလို့ရပါတယ်။ တကယ်လို့သင်နဲ့သင့်ချစ်သူက ဘိုးလင်းကစားတတ်သူတွေ မဟုတ်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ သင်တို့၂ ယောက်အတွက် ရယ်စရာအလွဲလေးတွေတောင် အမှတ်တရဖြစ်နိုင်ပါသေးတယ်။

(၂) ဟင်းအတူတူချက်ပါ

Source : Palate Sensations

ပထမ date မှာ အပြင်ထွက်ညစာစားတာက အဆင်ပြေပေမယ့် ဒုတိယ date မှာတော့ တစ်ယောက်နဲ့တစ်ယောက်ပိုရင်းနှီးမှုရအောင်ဆိုရင် တစ်နပ်စာ ဟင်းအတူတူချက်ကြည့်ဖို့အကြံပြုချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီရင်း အချစ်တွေပိုလာနိုင်တဲ့အချက်အပြုတ် date က သင်တို့ချစ်သူနှစ်ယောက်ကို ပျော်ရွှင်စေမှာပါ။ အားလုံးပြီးတဲ့အခါ သင်တို့ချစ်သူနှစ်ယောက် သဘာဝကျကျ စကားလက်ဆုံပြောလို့လည်း ရနိုင်ပါတယ်။

(၃) Rooftop Bar သွားပါ

Source : Hot Lifestyle News

နောက်တစ်ခုကတော့ second date မှာ ရှုခင်းကောင်းကောင်းနဲ့ Rooftop bar တစ်ခုခုသွားဖို့အကြံပေးချင်ပါတယ်။ ချိုမြတဲ့ကော့တေးတစ်ခွက်၊ လတ်ဆတ်တဲ့လေကိုရှူရင်း Rooftop bar ရဲ့ မြင်ကွင်းတွေက သင်နဲ့သင့်ချစ်သူအတွက် စိတ်ကြည်နူးစေမှာပါ။ ဒါဆိုပြောလို့မရဘူး အရမ်းမိုက်တဲ့ date ဖြစ်လို့ သင့်တို့နှစ်ယောက်ရဲ့ third date ကိုတောင် နောက်ထပ်သွားဖြစ်နိုင်တယ်နော်။

(၄) ပန်းခြံတစ်ခုဆီ ပျော်ပွဲစားထွက်ပါ

Source : NOCO Style

ရာသီဥတုကောင်းမွန်သာယာတယ်ဆိုရင် second date အတွက် အကြံပေးချင်တာက အနီးနားကပန်းခြံတစ်ခုဆီ ပျော်ပွဲစားထွက်ဖို့ပါ။ လတ်ဆတ်အသီးအနှံ နည်းနည်း၊ အဆာပြေမုန့်တချို့နဲ့ လိုအပ်တာတွေယူသွားပါ။ မြက်ခင်းပေါ်မှာ အခင်းတစ်ခု ခင်းထိုင်ပြီး လေကောင်းလေ သန့်ရှူ ရှိုက်ရင်း နှစ်ယောက်အတူတူချစ်စကားတွေပြောလို့ရတယ်ဆိုတော့ ပျော်စရာကောင်းတဲ့ date လေးဖြစ်မှာသေချာပါတယ်။

(၅) Volunteer လုပ်ပါ

Source : Freepik

စိတ်အားထက်သန်မှု၊ ကူညီတတ်မှုတွေနဲ့ မျှဝေတတ်တဲ့အလေ့အကျင့်တွေကို အတူတူလုပ်ဆောင်ချင်ရင်တော့ သင့်ချစ်သူနဲ့ ၂ယောက်အတူတူ စေတနာ့ဝန်ထမ်းအလုပ်လို ကူညီပေးတာမျိုးအတူတူလုပ်သင့်ပါတယ်။ တခြား သူတွေကိုကူညီဖို့ကြိုးစားတဲ့အခါ ခန္ဓာကိုယ်မှာ အောက်ဆီတိုဆင်ဆိုတဲ့ဟော်မုန်းထွက်လာပြီး ကိုယ့်ဘေးက လူတွေနဲ့ပိုရင်းနှီးတဲ့နှောင်ကြိုးဖြစ်လာစေတယ်လို့ ခံစားရစေပါတယ်။ ဒါ့ကြောင့် ချစ်သူနှစ်ဦးပိုမိုရင်းနှီးပြီး ဆက်ဆံရေးကိုလည်း တိုးတက်ကောင်းမွန်စေမှာပါ။