ပေါင်းသင်းဆက်ဆံရေး ချောမွေ့ပြေပြစ်သူတွေဟာ လူချစ်လူခင်များပြီး ဘဝမှာပိုပြီးအောင်မြင်နေကြတာကို တွေ့ရပါတယ်။ ကိုယ့်အတွက် အဆက်အသွယ်ကောင်းတွေ မိတ်ဆွေကောင်းတွေဆိုတာ ကိုယ်ရဲ့ပေါင်းသင်းဆက်ဆံရေးပေါ်မူတည်ပြီးမှ ရရှိလာတဲ့အရာတွေဖြစ်ပါတယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းချက်တွေရှိနေလို့ ပြုပြင်ဖို့ကြိုးစားနေတယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ကောင်းတဲ့အကျင့်စရိုက်လေးကို တစ်ချက်လေ့လာကြည့်ရအောင်။

(၁) ရိုးသားခြင်း

Source : 59sec

ရိုးသားမှုဂုဏ် စားလို့မကုန်ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ ပေါင်းသားဆက်ဆံရေးမှာ ထူးချွန်တဲ့သူတွေဟာ ရိုးသားမှုကို တန်ဖိုးထား ရှေ့တန်းတင်ကြပါတယ်။ လိမ်ညာမှုမပါတဲ့ရိုးသားစွာပေါင်းသင်းဆက်ဆံခြင်းဟာ ရေရှည်တည်မြဲတဲ့ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းချင်ရင်တော့ လူတိုင်းကို ရိုးသားစွာဆက်ဆံပါ။

(၂) ဟာသဉာဏ်ရွှင်ခြင်း

Source : Waterford Whispers

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေဟာ ပင်ကိုယ်စရိုက်ကိုက ပျော်ပျော်နေတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ ရုပ်တည်နဲ့ နေတဲ့သူတွေထက် စစနောက်နောက်နဲ့ ပျော်ပျော်နေတက်သူတွေက ပိုပြီးလူချစ်လူခင်များပါတယ်။ သူတို့နဲ့စကားပြောတဲ့အခါမှာလည်း ဘယ်တော့မှပျင်းသွားရတယ်ဆိုတာမျိုးမရှိရလေအောင် ဟာသလေးတွေ အမြဲနှောတတ်တဲ့ ဟာသဉာဏ်ရွှင်သူတွေဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်း

Source : betanews.com

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းဟာလည်း အားသာချက်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို Confidence မရှိဘဲ အရာရာကြောက်ရွံတွန့်ဆုတ်နေမယ်ဆိုရင် ဘယ်သူကမှကိုယ့်ကို ယုံယုံကြည်ကြည်လက်တွဲရဲမှာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုအပြည့်နဲ့ ကိစ္စတိုင်းကိုပြောဆိုဆက်ဆံကြတာဖြစ်ပါတယ်။

(၄) တစ်ဖက်လူရဲ့စကားကို ဂရုတစိုက်နားထောင်ပေးခြင်း

Source : Monster.com

လူတစ်ယောက်နဲ့ တစ်ယောက်စကားပြောတဲ့အခါ ကိုယ့်ကိုစကားပြောနေတဲ့သူရဲ့စကားတွေကို သေချာဂရုတစိုက်နားထောင်ပေးတာကလည်း ယဉ်ကျေးမှုတစ်ခုလို့ဆိုနိုင်ပါတယ်။ တစ်ဖက်လူစကားမဆုံးသေးဘဲ ဖြတ်ပြောတာမျိုး၊ အတင်းလုပြောတာမျိုးတွေကို ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေမှာ လုံးဝမတွေ့ရပါဘူး။ ပြောနေတဲ့စကားကို ဆုံးအောင်နားထောင်ပေးပြီးမှ ကိုယ်ပြောချင်တဲ့စကားကိုပြန်ပြောကြတာဖြစ်ပါတယ်။

(၅) ငြင်းခုံလေ့မရှိခြင်း

Source : The Teenager Today magazine

သာမာန်ကိစ္စလေးတစ်ခုကနေ အငြင်းပွားစရာတွေဖြစ်လာပြီး မိတ်ပျက်ဆွေပျက် ဖြစ်သွားရသူတွေအများကြီးရှိပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတွေသူတွေကတော့ အငြင်းပွားမှုတွေကို ရှောင်ရှားတတ်ကြပါတယ်။ ကိုယ်မှန်နေရင်တောင်မှ အနိုင်ယူလိုစိတ်မရှိဘဲ အေးအေးဆေးဆေး အဖြေမှန်ကို ပြောပြတတ်ကြသူတွေဖြစ်ပါတယ်။