တော်တဲ့ထက်တဲ့သူတွေ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဘယ်လို လုပ်ဆောင်တယ်။ တွေးတောတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိချင်ကြပါတယ်။ အကြောင်းက ရှင်းပါတယ်။ကျွန်တော်တို့လည်း သူတို့လို တော်ချင်တတ်ချင် ထက်မြက်ချင်ကြလို့ပါ။ တကယ်တော့ အင်မတန်တော်တဲ့သူတွေဟာ အံ့ဖွယ်ဉာဏ်ရည် IQ ရှိတဲ့သူတွေချည်းတော့ မဟုတ်ပါဘူး။ သူတို့ကို ထိပ်ဆုံးရောက်စေတာ သူတို့ရဲ့ အလေ့အထတွေကြောင့် ဖြစ်ပါတယ်။ ဘယ်လိုအလေ့အထတွေလဲဆိုတာ ကြည့်ရအောင်ပါ။
(၁) ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်တယ်

Photo: Freepik
အိုင်စတိုင်းဟာ စင်ပေါ်တက်ပြီး စိတ်ခွန်အားဖြည့်စကားဝိုင်းတွေ မပြောဘူး။ ဈေးမရောင်းဘူး။ သူ့အလုပ်က ရူပဗေဒပညာရပ်ကို ဆန်းသစ်ချဲ့ထွင်နိုင်မယ့်သီအိုရီသစ်တွေ ရှာဖွေဖော်ထုတ်ဖို့ပါ။ ဒါကြောင့် သုတေသနတွေလုပ်တယ်။ စာတမ်းတွေ ဖတ်တယ်။ ပညာရှင်ဆွေးနွေးပွဲတွေ လုပ်ချင်လုပ်မယ်။ ဘာပဲလုပ်လုပ် သူလုပ်နေတာ သူ့ရဲ့ အဓိကအလုပ်ကိုပဲ ဦးတည်နေတာပဲ ဖြစ်ပါတယ်။
(၂) ဂီတကို နားထောင်တယ်

Photo: Freepik
ဉာဏ်ရည်ဉာဏ်သွေးမြင့်သူတွေဟာ အနုပညာရဲ့ သက်ဝင်မှုနဲ့ အာဏာကို နားလည်ခံစားတတ်သူတွေ ဖြစ်ပါတယ်။ ဂီတဟာ ဖျော်ဖြေရေးတစ်ခုဆိုတာထက် ပိုပါတယ်။ စိတ်ကူးယဉ်မှုကို တံခါးဖွင့်ပေးပြီး လူတွေကို ပိုပြီး စူးစိုက်မှုထက်သန်စေအောင် ကူညီပေးပါတယ်။ ထက်မြက်တဲ့သူတွေကတော့ စကားလုံးတွေထက်စာရင် ဂီတရဲ့ နရီ စည်းချက်တွေကို ပိုနှစ်သက်လေ့ရှိပါတယ်။
(၃) စမတ်ကျကျ အလုပ်လုပ်တယ်

Photo: Freepik
အလုပ်ကြိုးစားတာ ကောင်းပါတယ်။ အဲ့ဒါထက်ပိုကောင်းတာထက် အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်စရာမလိုဘဲ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး ပြီးမြောက်အောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာကို သိတာပဲ ဖြစ််ပါတယ်။ တကယ်တော်တဲ့ စမတ်ဖြစ်တဲ့သူတွေဟာ အပျင်းကြီးတယ်လို့တောင် ပြောနိုင်ပါတယ်။ သူတို့ဟာ အလုပ်တွေကို ဘယ်လိုနည်းနဲ့ အလွယ်ဆုံးဖြစ်အောင် လုပ်လို့ ရနိုင်မလဲ စဉ်းစားနေတတ်သူတွေ ဖြစ်ပါတယ်။
(၄) အမှားတွေကို အသိအမှတ်ပြုတယ်

Photo: Freepik
အများစုကတော့ ကိုယ့်အမှားကိုယ် သိမြင်လက်ခံနိုင်ခြင်း မရှိပါဘူး။ အကြောင်းပြချက်တွေ အမျိုးမျိုးရှိပေမယ့် တစ်ခုက အတ္တကြီးတာနဲ့ နောက်တစ်ချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတာကြောင့် ဖြစ်ပါတယ်။ တကယ်တော်တဲ့သူတွေကတော့ အမှားကို သိမြင်ဝန်ခံနိုင်ပြီး အမှားကနေ ဆက်ပြီး တိုးတက်အောင် သင်ယူနိုင်စွမ်း ရှိကြပါတယ်။
(၅) စကားသိပ်မပေါကြဘူး

Photo: Freepik
ယေဘုယျသဘောပြောမယ်ဆိုရင် ဉာဏ်ရည်မြင့်တဲ့သူတွေဟာ နားထောင်သူကောင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ စကားနည်းနည်းပဲ ပြောပြီး သူများပြောတာ များများ နားထောင်တယ်။ စာတွေ ပိုဖတ်တယ်။ တစ်နည်းအားဖြင့် သူတို့ဟာ လူတွေရဲ့ တွေးခေါ်ထင်မြင်ပုံကို အဲ့ဒီလူတွေရဲ့ ပြောစကားတွေကနေ လေ့လာအကဲဖြတ်ဖို့ ပိုပြီး ကြိုးစားတဲ့သဘော ရှိပါတယ်။
