ခရီးထွက်ကြမယ်ဆိုရင် လှလှပပဝတ်ဆင်ရတယ်ဆိုတဲ့အယူတွေက လွဲမှားနေတာပါ။ Throwback အနေနဲ့ ပြန်ပြောရရင် ပြင်ပတွေသွားရမယ့် လေယာဉ်ခရီးစဉ်တွေအတွက်ဆို Formal ဖြစ်တဲ့ Suit မျိုးတွေနဲ့ ဝတ်ဆင်ကြတာများပါတယ်။ ခုနောက်ပိုင်းတော့ အဲ့လို Strict ဖြစ်တဲ့ ဝတ်ဆင်မှုတွေကိုအားမပေးတော့ပါဘူး။ Airport Style ဆိုပြီးအတိအကျမရှိတော့ပါဘူး။ Onboard မှာလိုက်ပါလို့ အဆင်ပြေပြီး ဖက်ရှင်အရလည်း ဒိတ်မအောက်တဲ့ အဝတ်အစားကိုပဲ ဦးစားပေးလာပါတယ်။
Source: Ape To Gentleman
ဒီလိုရာသီတွေမှာ ခရီးထွက်ကြတာများပါတယ်။ ခရီးသွားရင်လည်း လမ်းမှာပေါ့ပေါ့ပါးပါ့းဖြစ်ဖို့ လိုပါသေးတယ်။ Ripped Jeans တွေလို ကျပ်တဲ့ဘောင်းဘီတွေဝတ်မယ့်အစား Sweat Pants ကိုဝတ်ဆင်သင့်ပါတယ်။ အပြဲတွေထက်စာရင် ကြည့်ရတာလည်း မရိုင်းတဲ့အပြင် သွားလာရတာအဆင်ပြေစေမှာပါ။ ခရီးသွားရင်လည်း သူ့ Style နဲ့သူ ရှိသင့်ပါတယ်။
Source: Cool Material
Sweat Pants တွေကို ခရီးသွားရင်ဘာလို့ဝတ်လာကြလဲဆိုတော့ လွတ်လွတ်လပ်လပ်ဖြစ်စေလို့ပါပဲ။ အိမ်မှာနေတဲ့အခါ ဝတ်တဲ့အပြင် မနက်ထပြေးတဲ့အခါတွေမှာလည်း ဝတ်လေ့ရှိတဲ့ Home Wear တွေကို အခုဆိုဖက်ရှင်တစ်ခုအနေနဲ့ ခရီးထွက်တဲ့အခါ ဝတ်ဆင်လာကြပါတယ်။ အဖြေကတော့ရှင်းပါတယ်။ အခုနောက်ပိုင်းထွက်လာတဲ့ Sweat Pants ဘောင်းဘီတွေက ပိုပြီးဒီဇိုင်းတွေ ဆန်းလာတဲ့ အပြင်ဖက်ရှင်လောကထဲမှာလည်း နေရာရလာလို့ပါပဲ။
Source: Cool Material
သူ့ရဲ့အားသာချက်က သားရေကြိုးနဲ့ Free ဆိုဒ်ဘောင်းဘီဖြစ်တာကြောင့် ပိန်ပိန်ဝဝ ဝတ်လို့ရပါတယ်။ ခရီးသွားတဲ့အခါ ဘာကြောင့်မရှိမဖြစ်လိုအပ်သလဲဆိုတာတော့ အဝတ်အစားပေါ်အာရုံမရောက်ဘဲ အေးအေးဆေးဆေးသွားနိုင်မယ့်အပြင် ဖက်ရှင်အရလည်း အမြင်လှစေဖို့ အကြံပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။