အားကစားလုပ်ဖို့ Gym ကို ပထမဆုံးရောက်လာတဲ့ သူတွေဟာ သူတို့ရဲ့ Gym Trainer ကို စူပါဟီးရိုးလို့ ထင်တတ်ကြပါတယ်။ ဘော်ဒီကလည်း အလန်းစား ၊ တော်ကီကလည်း တခမ်းတနားဆိုတော့ Gym ဆရာပြောသမျှကို ယုံကြပါတယ်။ Gym ဆရာ့စကားကို နားထောင်တာ မှန်ကန်တဲ့ အရာဆိုပေမယ့် Gym Trainer ပြောသမျှဟာ အမှန်ချည်းတော့မဟုတ်သလို သူတို့ မပြောပြတဲ့ လျှို့ဝှက်ချက်များလည်း ရှိပါသေးတယ်။

(၁) အာဟာရဟာ အားကစားလေ့ကျင့်တာလောက် အရေးကြီးတယ်

Source: pexels

ဒီစကားဟာ မှားတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Diet လုပ်တာဟာ ပင်ပင်ပန်းပန်း ချွေးထွက်ခံလုပ်ရတဲ့ Workout လိုပဲ ရလဒ်ကောင်းတယ်ဆိုတာကတော့ မမှန်ပါဘူး။ တကယ်တမ်းတော့ Workout လည်း ပုံမှန်လုပ် ၊ Diet လည်း ဂရုတစိုက် စားတာ အကောင်းဆုံး ပါပဲ။

(၂) Gym လေ့ကျင့်ပေးမယ့် ဆရာဟာ ပြီးပြည့်စုံတဲ့ ဘော်ဒီရှိရမယ်

Source: pexels

ကိုယ့်ရဲ့ Gym Trainer မှာ ယောကျာင်္းတိုင်း အားကျရလောက်တဲ့ ကိုယ်ခန္ဓာအလှ ရှိရင်တော့ ပိုပြီး စိတ်အားတက်စေတာပေါ့။ သို့သော်လည်း Gym ကစားတာဟာ နည်းစနစ် ၊ အတွေ့အကြုံနဲ့ သဘောထားက ပိုအရေးကြီးပါတယ်။ ဒီတော့ ကိုယ့်ကို လမ်းညွှန်ပေးဖို့ Gym Trainer ရှာရင် ဝါရင့်သဘာရင့်ပြီး ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံရအောင် လေ့ကျင့်ပေးနိုင်သူကိုပဲ ရှာသင့်ပါတယ်။

(၃) အပြင်မှာ အနေအထိုင် ဂရုမစိုက်ရင် စိတ်မကောင်းဘူး

Source: pexels

တကယ်တော့ Personal Trainer တွေဟာ သူ့ Client ကို ပြီးပြည့်စုံတဲ့ ဘော်ဒီပိုင်ရှင်ဖြစ်စေချင်တဲ့ သူတွေပါ။ Gym ကစားချိန် နာရီပိုင်းလေးပဲ လာကစားပြီး ကျန်တဲ့ အချိန်တွေမှာ စားချင်ရာစား ၊ နေချင်သလို နေတာကိုတော့ မကြိုက်ကြပါဘူး။ အဲဒီလို နေရင်တော့ Gym ကစားလို့လည်း ဘာမှထူးလာမှာမှ မဟုတ်ဘဲ။ သို့သော်လည်း Client ဟာ သူ့ကို ပိုက်ဆံပေးထားတဲ့သူဖြစ်လေတော့ သူ့အကြိုက်ကို လိုက်လျောပြီး မပြောတာတွေ ရှိပါတယ်။

(၄) Gym ဆရာဟာ ဘဝလမ်းညွှန်ဆရာ မဟုတ်ပါဘူး

Source: pexels

တစ်ခါတစ်လေ Gym Trainer တွေ ကြုံရတဲ့ ပြဿနာထဲမှာ ဘဝပြဿနာ အဖြေရှာပေးရတဲ့ အလုပ်လည်း ပါပါတယ်။ ဒါကလည်း သူ့ဆီမှာ Gym လာကစားနေတဲ့သူတွေက ယုံကြည်ကိုးစားလို့လည်း ဖြစ်ပါတယ်။ အနောက်နိုင်ငံက လူတော်တော်များများဟာ Personal Trainer ကို Life Coach တစ်ယောက်နဲ့ မှားတတ်ပါတယ်။

(၅) Personal Trainer တိုင်းက ထောက်ခံချက် ရထားတာ မဟုတ်ပါဘူး

Source: pexels

ဈေးကွက်သုတေသနကုမ္ပဏီ IBISWorld ရဲ့ သုတေသနအချက်အလက်တွေအရ Personal Training ဟာ ဒေါ်လာ ၁၀ ဘီလျံတန်တဲ့ စီးပွားရေးလို့ ဆိုပါတယ်။ Personal Trainer အဖြစ် အသက်မွေးသူဦးရေကလည်း တစ်နှစ်ထက် တစ်နှစ် များလာပြီ ဖြစ်ပေမယ့် ဒီ Trainer တိုင်းက Cetificate ရထားတာတော့ မဟုတ်ပါဘူး။

(၆) အဖွဲ့လိုက်ဆို Discount ရမယ်

Source: pexels

ဒါကတော့ ဈေးကွက်သဘောပါ။ အများဝိုင်းစုပြီး လေ့ကျင့်ပေးရမယ်ဆိုရင် လျှော့ဈေးနဲ့ လေ့ကျင့်ပေးမယ်ဆိုတာဟာ Gym ဆရာအတွက် သက်သာပါတယ်။ တကယ်က Gym ဆရာတွေဟာ Session တစ်ခုကို ဘယ်ဈေးဆိုပြီး ကောက်ခံတာ ဖြစ်လို့ Session တစ်ခုမှာ လူ ၅ ယောက်ရှိရင် ၅ ယောက်စာ ရတာပါပဲ။ Gym ရုံတွေမှာ သုံးတဲ့ Membership ကလည်း ငွေရှာနည်း တစ်မျိုးပါ။ တကယ်တမ်း မန်ဘာဝင်ပြီး ပုံမှန် မပျက်မကွက်ကစားသူက လက်ချိုးရေလို့ ရနိုင်ပါတယ်။

(၇) ခင်ဗျားဘယ်လောက် အလေးမနိုင်သလဲ သူတို့အထင်မကြီးဘူး

Source: pexels

Gym ဆရာတွေဟာ ကောင်းကောင်း Train ထားတဲ့ သူတွေပါ။ သူတို့ဆီကို လာကစားတဲ့ သူတွေအပေါ် ထားတဲ့ သဘောထားကတော့ Gym ခန်းထဲ စဝင်လာတဲ့နေ့က ခန္ဓာကိုယ်ကနေ Gym ရုံကို မလာတော့တဲ့ အချိန်အထိ သူတို့ရဲ့ တိုးတက်မှု ဘယ်လောက် ရှိသလဲဆိုတာပါပဲ။ သူတို့ လေ့ကျင့်ပေးတဲ့ စည်းမျဉ်အတိုင်း ကြိုးကြိုးစားစား ကစားပြီး လိုချင်တဲ့ ဘော်ဒီရသွားတယ်ဆိုရင် သူတို့ ကျေနပ်ပါတယ်။ အားကစားလုပ်ချိန်မှာတော့ Motivation တက်အောင် ဘေးကနေ “ဟာ ခင်ဗျား ဝိတ်အကြီးတွေ မနိုင်လာပြီပဲ” ဘာညာနဲ့ အားပေးစကားပြောနေမှာပါ။

(၈) ကိုယ်နံ့ဆိုးတဲ့ သူတွေနဲ့ ကြုံရင်လည်း မသိချင်ယောင်ဆောင်ပါတယ်

Source: pexels

ချွေးထွက်များပြီး ကိုယ်နံ့ဆိုးတဲ့ Client ကို လေ့ကျင့်ပေးရတဲ့ အချိန်မှာ Gym Trainer တွေဟာ ငရဲကျသလို ခံစားနေပေမယ့် အတွေ့အကြုံရှိတဲ့ Gym ဆရာဟာ ဒီအကြောင်းကို စကားထဲ ထည့်မပြောမိအောင် ရှောင်ပါတယ်။ အကြံတောင်းရင်တော့ ဘယ်လိုလုပ်ရင် ကိုယ်နံ့ သက်သာတယ်ဆိုပြီး ညွှန်ကြားကောင်း ညွှန်ကြားပါလိမ့်မယ်။

(၉) သင်ဟာ သူ့ရဲ့ ထုတ်ကုန်ပါ

Source: pexels

ဒီစကားကို Gym ဆရာတွေ ပြောမှာ မဟုတ်ပေမယ့် သူ့ Gym ခန်းထဲ လာလေ့ကျင့်တဲ့သူကို လူတိုင်းက ငေးလောက်တဲ့ ကိုယ်ခန္ဓာ ဖြစ်စေချင်တာ Gym ဆရာတွေရဲ့ ရည်ရွယ်ချက်ပါ။ ဒါကြောင့်ပဲ ကိုယ့်ကို လေ့ကျင့်ခန်း ခပ်ပြင်းပြင်း လုပ်စေဖို့ သူတို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။

(၁၀) Gym တွေဟာ ညစ်ပတ်နေတတ်ပါတယ်

Source: pexels

ဘယ်သူမှတော့ Gym ရုံမှာ သွားကစားရင် ကိုယ်မ မယ့်အလေးကို သန့်ရှင်းရေး လုပ်ပြီးမှ မ မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Gym တွေဟာ လူအမျိုးမျိုး လာတဲ့ နေရာဖြစ်ပြီး ချွေးထွက်တဲ့ နေရာ ဖြစ်လိျု့ချွးကြောင့်ကူးတဲ့ ရောဂါပိုးတွေရဲ့ ပြဿနာလည်း ရှိပါတယ်။ နောက်တစ်ခုကအကောင်းဆုံး ဆိုတဲ့ Gym တွေမှာတောင် သန့်ရှင်းရေးလုပ်တဲ့ အပိုင်းမှာ အများကြီး အားနည်းမှု ရှိပါတယ်။
Women’s Health မဂ္ဂဇင်းက လုပ်တဲ့ လေ့လာမှုအရ Gym ခန်းက အလေးမတုံး တစ်ခုဟာ အများသုံး အိမ်သာ ထိုင်ခုံထက် ဘက်တီးရီးယား ပေါက်ပွားမှု ၃၆၂ ဆ ပိုတယ်လို့ ဆိုပါတယ်။ ဒီတော့ ဖြစ်နိုင်ရင် Gym ကစားတဲ့အခါ ကိုယ်ကိုင်မယ့် ပစ္စည်းကို တတ်နိုင်သမျှ သန့်ရှင်းဖို့နဲ့ ကစားနေတုန်းမှာ မျက်နှာကို လက်နဲ့ ပွတ်တာ ၊ အစားအစာကို လက်မဆေးဘဲ စားတာတို့ ရှောင်သင့်ပါတယ်။