ကျန်းမာရေး မချုချာဘဲ အမြဲ ဒေါင်ဒေါင်မြည် ကျန်းမာချင်တာ လူတိုင်းရဲ့ ဆန္ဒပါ။ အခုလို ဟိုမှာဒီမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့တဲ့သူ စာရင်းတွေ မြင်ရတိုင်း ကျန်းကျန်းမာမာနဲ့ နေချင်တဲ့ အာသီသ ပြင်းပြနေမှာ သေချာပါတယ်။ အဖျားအနာနည်းတဲ့ လူဖြစ်ချင်တယ်ဆိုရင်တော့ ကျန်းမာရေးအလေ့အထကောင်းတွေ လိုက်နာဖို့တော့ လိုပါတယ်။

(၁) မနက်စောစော ရေအေးအေးချိုးပါ

Photo: bestlifeonline

မနက်စောစော Cold Shower နဲ့ ရေအေးအေး ချိုးသူတွေဟာ နိုးကြားတက်ကြွပြီး ကိုယ်ခံအားစနစ်လည်း တက်လာတယ်လို့ The Secrets of People Who Never Get Sick စာအုပ်မှာ ဂီနီစတုန်းက ရေးခဲ့ပါတယ်။ မနက်ပိုင်း ရေအေးအေးကို ရက် ၃၀ ပုံမှန် ချိုးသူတွေဟာ ရိုးရို ရေချိုးသူတွေထက် ဖျားနာတဲ့ရက် ၂၉% နည်းတယ်လို့လည်း ဆိုပါတယ်။

(၂) အာဟာရပြည့်ပြည့်စားပါ

Photo: bestlifeonline

အာဟာရဟာ ကျန်းမာခြင်းရဲ့ လျှို့ဝှက်ချက်ပါ။ အလွန်အကျွံစားသောက်ခြင်းဟာ မျှတတဲ့ စားသောက်မှုပုံစံမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို ကြေကြေညက်ညက် အချိန်ယူဝါးစားဖို့ဟာ အရေးကြီးတဲ့ Dieting စနစ်ဖြစ်ပါတယ်။
အစားအသောက်ထဲမှာ ဗိုက်တာမင်စီလည်း ပုံမှန်စားပေးဖို့ လိုပါတယ်။ နောက်တစ်ခုက ကြက်သွန်ဖြူများများ စားပေးတာဟာ ကိုယ်ခံအားစနစ်ကောင်းစေလို့ တော်ရုံ အအေးမိဖျားနာတာမျိုး မဖြစ်စေပါဘူး။

(၃) ပြည့်ပြည့်ဝဝ အနားယူပါ

Photo: bestlifeonline

အနားယူခြင်းဟာ ထိရောက်တဲ့ ကျန်းမာရေးစနစ်လို့တောင် ဆိုရမှာပါ။ တော်ရုံအအေးမိဖျားနာခြင်းကို အိပ်ရေးဝဝအိပ်စက်ခြင်းနဲ့ တိုက်ဖျက်နိုင်ပါတယ်။

(၄) စိတ်ဖိစီးမှုနည်းအောင်နေပါ

Photo: Askmen

စိတ်ဖိစီးမှုကြောင့် အသက်တိုနိုင်ပါတယ်။ ရောဂါဘယကတော့ ပြောစရာကို လိုမှာ မဟုတ်ပါဘူး။ စိတ်ဖိစီးတင်းကြပ်မှုကြောင့် ဖြစ်ရတဲ့ ရောဂါတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် အဖျားအနာကင်းအောင် စိတ်အေးချမ်းတည်ငြိမ်တဲ့ အလေ့အကျင့် မွေးယူပါ။
အကောင်းမြင်စိတ်မွေးပါ။ လောကဓံအဆိုးအကောင်း နှစ်ပါးမှာ စိတ်ကို ခံသာတဲ့ ဘက်က တွေးတတ်ဖို့ ၊ မျှော်လင့်ချက် ရှိတဲ့ တိုးတက်တဲ့ စိတ်နဲ့ ရှေးရှုဖို့ လိုပါတယ်။ နောက်တစ်ခုက လူတွေနဲ့ ဆက်ဆံရေးမှာ အပြုသဘောဆောင်တဲ့ အမြင်ကို ရှေ့တန်းတင်ပါ။ လူတွေရဲ့ အကျိုးဆောင်ရွက်ပါ။ ဒါဟာ ဘဝကို ပိုပြီး အဖိုးတန်စေတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။

(၅) လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

Photo: MensJournal

ကိုယ်လက်ကြံ့ခိုင်မှုရှိဖို့အတွက် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ လမ်းမှန်မှန် လျှောက်တာ ၊ Fitness ကစားတာကနေ Gym သွားပြီး Workout လုပ်တာတွေအထိ အားပေးပါတယ်။ ပုံမှန်အားကစားလုပ်သူဟာ အဖျားအနာနည်းပြီး ဖျတ်လတ်သွက်လက်နေမှာ အမှန်ပါပဲ။