ကာတွန်းတွေဟာ ကလေးကြိုက်သက်သက်တော့ မဟုတ်ပါဘူး။ ကာတွန်းတွေထဲမှာ နက်ရှိုင်းတဲ့ သင်ခန်းစာနဲ့ လေးနက်တဲ့ မြှုပ်ကွက်ကလေးတွေ ရှိနေတတ်ပါတယ်။ ကာတွန်းရေးတဲ့ ဇာတ်ညွှန်းဆရာတွေနဲ့ ဒါရိုက်တာတွေဟာ ဇာတ်လမ်း ၊ ဇာတ်ကွက်နဲ့ ဇာတ်ကောင်စရိုက်အားလုံးကို အသေးစိတ် ဂရုစိုက်ပြီး ရိုက်ထားတယ်ဆိုတာ သတိရသင့်ပါတယ်။ ဒါကြောင့်ပဲ ကာတွန်းတွေထဲမှာ ပါတတ်ပြီး လူတွေ သတိမထားမိတဲ့ လျှို့ဝှက်ချက်တချို့အကြောင်း မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

(၁) Zootopia ထဲက ရဲမှူးကြီး ဘိုဂိုရဲ့ မျက်မှန်

Chief Bogo’s glasses in Zootopia

Photo: Brightside Me

နာမည်ကျော်ကာတွန်းရုပ်ရှင်တစ်ကားဖြစ်တဲ့ Zootopia ထဲမှာ ရဲမှူးဘိုဂို စာဖတ်တော့ မျက်မှန်တပ်ထားတဲ့အခန်း ပါတာကို သတိထားမိတဲ့သူတွေ ရှိပါလိမ့်မယ်။ ရဲမှူး ဘိုဂိုဟာ ကျွဲဇာတ်ကောင်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ကျွဲတွေဟာ အမြင်အာရုံမကောင်းတဲ့ သတ္တဝါတွေ ဖြစ်တာကြောင့်ပဲ ဒီဇာတ်ရုပ်ကို ဖန်တီးတဲ့သူတွေဟာ ပိုပြီး ယုတ္တိတန်အောင်လို့ ဘိုဂိုမှာ မျက်မှန်တပ်ပေးထားတာ ဖြစ်ပါတယ်။

(၂) Monsters University ထဲက ပိုစတာတစ်ခု

A poster in Monsters University

Photo: Brightside Me

Monsters University ကားထဲမှာ Winds of Change ဆိုတဲ့ စာသားတွေနဲ့ ပိုစတာတစ်ခုကို တွေ့မိကြမှာပါ။ ဒီပိုစတာက အလကားထားတာ မဟုတ်ပါဘူး။ ဒီကားထဲက ရန်ဒေါက ဆူလီကို ပြောတဲ့ စကားပါပဲ။ ရန်ဒေါက ဆူလီကို ပြောတဲ့စကားက “ကြားလိုက်လား။ အဲ့ဒါ အပြောင်းအလဲဖြစ်တော့မယ်ဆိုတဲ့ အသံပဲ” ဆိုတဲ့စကားပါ။

(၃) The Lion King ထဲက စကားလ်ရဲ့ လက်သည်းတွေ

Scar’s claws in The Lion King

Photo: Brightside Me

The Lion King ရုပ်ရှင်ထဲက ခြင်္သေ့တွေထဲမှာ စကားလ်တစ်ကောင်တည်းပဲ လက်သည်းခြေသည်းတွေ ပါကြောင်း ပြထားပါတယ်။ အခုလို စကားလ်ကိုပဲ လက်သည်းတွေ တပ်ပြခြင်းဟာ ရန်သူကို အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်ပြင်နေတဲ့သူအဖြစ် ပုံဖော်ချင်လို့ ဖြစ်ပါတယ်။

(၄) Monsters, Inc ထဲက ကဖေးဆိုင်

A cafe from Monsters, Inc

Photo: Brightside Me

ဒီကားထဲမှာ ဆူလီနဲ့ မိုက်တို့ဟာ Hidden City Cafe လေးကို ဖြတ်ကျော်ပြီး လမ်းလျှောက်လာကြပါတယ်။ ဒီကဖေးဆိုင်က အပြင်မှာ တကယ်ရှိပါတယ်တဲ့။ ကယ်လီဖိုးနီးယားပြည်နယ် ရစ်ချ်မွန်ဒ်ကပါ။ ၁၉၉၄ မှာ နာမည်ကျော် Pixar ဒါရိုက်တာ အများအပြား အဲ့ဒီကဖေးဆိုင်ကို ရောက်လာကြပြီး နာမည်ကြီး ရုပ်ရှင်ကားတွေ ဖြစ်တဲ့ A Bug’s Life ၊ Monsters, Inc ၊ Finding Nemo နဲ့ WALL-E တို့ကို ဖန်တီးဖို့ စိတ်ကူးစိတ်သန်းတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

(၅) Mulan ရုပ်ရှင်ထဲက မျက်လုံးတွေ

Mulan’s eyes

Photo: Brightside Me

နာမည်ကျော် ကာတွန်းရုပ်ရှင်တစ်ကားဖြစ်တဲ့ Mulan ထဲမှာလည်း မူလန်ဇာတ်ကောင်ဟာ ဇာတ်လမ်းအစမှာ မျက်တောင်အရှည်ကြီးတွေနဲ့ ဖော်ပြထားပြီး နောက်ပိုင်း ယောင်္ကျားတစ်ယောက်အဖြစ် အယောင်ဆောင်ထားချိန်မှာ မျက်တောင်ရှည်ကြီးတွေ ဖျောက်ပစ်ထားပါတယ်။ နောက်တစ်ကြိမ် အမျိုးသမီးအဖြစ် ပြန်ပြမှ မူလန်ရဲ့ မျက်တောင်တွေ ရုတ်တရပ်ပြန်ရှည်သွားတာ ဖြစ်ပါတယ်။ ဒါကတော့ အမျိုးသမီးစရိုက်ကနေ အမျိုးသားစရိုက်ကို ပြောင်းရာမှာ ယုတ္တိရှိအောင်လို့ အသေးစိတ် စီစဉ်ထားတာပဲ ဖြစ်ပါတယ်။