ဆွဲဆောင်မှုရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းက ကျွန်တော်တို့ ယောကျာ်းလေးတွေစိတ်ဝင်စားဆုံး မေးခွန်းတစ်ခုလို့ ပြောလို့ရပါတယ်။ ယောကျာ်းတစ်ယောက်ကို ဆွဲဆောင်မှုရှိစေဖို့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်တစ်ခုတည်းနဲ့ လုံလောက်မှုရှိမှာ မဟုတ်ပါဘူး။ အခုပြောပြမယ့် အချက်လေးတွေကလည်း ကွီးတို့ကို ဆွဲဆောင်မှုတိုးစေမှာပါ။

(၁) အပြုံး

Photo : Storyblocks

လူတစ်ယောက်ကို ဆွဲဆောင်မှုအရှိစေဆုံး အရာတစ်ခုက အပြုံးပါပဲ။ အပြုံးတွေဟာ နှစ်လိုဖွယ်ကောင်းပြီး လူတစ်ဦးနဲ့တစ်ဦးကြား ရင်းနှီးဖော်ရွေမှုကို တည်ဆောက်ရာမှာ အရေးကြီးတဲ့ အမူအရာတစ်ခုပဲ ဖြစ်ပါတယ်။ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နေတက်သူတွေဟာ လူတွေကြားမှာ ထင်ပေါ်လေ့ရှိပြီး လူချစ်လူခင်ပေါများလေ့ ရှိကြပါတယ်။

(၂) အကြည့်


Photo : iStock

အကြည့်တွေဟာ ယောကျာ်းလေးတစ်ယောက်အတွက် သိပ်ကိုအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ/မရှိဆိုတာကိုလည်း မျက်လုံးအကြည့်တွေကနေတဆင့် သိနိုင်ပါတယ်။ ဆွဲဆောင်မှုရှိသူတစ်ယောက်ရဲ့ အကြည့်တွေဟာ အမြဲအသက်ပါနေပြီး လူတွေနဲ့ ပြောဆိုဆက်ဆံချိန်မှာလည်း စိတ်ဝင်စားမှု ၊ ယုံကြည်မှုတွေကို မျက်လုံးတွေကတဆင့် ဖော်ပြနေလေ့ရှိပါတယ်။

(၃) ဟာသဉာဏ်


Photo : Crello

ပျော်ပျော်နေတက်ပြီး ဟာသဉာဏ်ရှိသူတွေဟာ လူတွေအမြင်မှာပိုပြီး ဆွဲဆောင်မှုရှိကြပါတယ်။ ဟာသဉာဏ်ရွှင်ပြီး အမြဲပျော်ပျော်နေတတ်သူတွေကို လူတွေက ပိုမှတ်မိလွယ်ကြသလို ပိုပြီးလည်း အလေးထားချစ်ခင်ကြပါတယ်။ ဒါကြောင့် ဆွဲဆောင်မှုရှိသူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အချိန်အခါ ပေါ်လိုက်ပြီး ကိုယ့်ရဲ့ ဟာသဉာဏ်ကို အသုံးချတက်ဖို့ လိုပါတယ်။