ချစ်သူနှစ်ဦး နှစ်တွေအကြာကြီး ပျော်ရွှင်စွာလက်တွဲနိုင်ဖို့ဆိုတာ တော်ရုံလွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ လူတိုင်းအားကျရခြင်းရဲ့ နောက်ကွယ်မှာ သူတို့ကိုယ်တိုင်လိုက်နာရတဲ့အရာတွေ ညှိနှိုင်းစောင့်ထိန်းရတဲ့အရာတဲ့အရာတွေ အများကြီးရှိပါတယ်။ ဒီနေ့မှာတော့ ရေရှည်လက်တွဲခိုင်မြဲတဲ့ ချစ်သူစုံတွဲတွေရဲ့ လျို့ဝှက်ချက်တွေကို စာဖတ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်။
(၁) အရာရာကို မျှဝေခံစားကြတယ်
Source : Shutterstock
ပျော်ရွှင်စရာရှိလာရင်ဖြစ်စေ စိတ်ညစ်စရာတွေရှိလာရင်ပဲဖြစ်စေ အကောင်းအဆိုးအကြောင်းအကျိုးကို အတူတူဝေမျှခံစားကြပါတယ်။ ဘယ်တော့မှ တစ်ဖက်သက်ဆန်တဲ့ လုပ်ရပ်မျိုးမလုပ်ကြဘူး။ တစ်ယောက်ရင်ထဲကို တစ်ယောက်အမြဲဝင်ကြည့်ပေးပြီး ခံစားချက်တွေကို ရင်ဘက်နဲ့နားလည်ပေးတက်ကြပါတယ်။
(၂) ငွေကြေးကဏ္ဍကိုထည့်စဉ်းစားတယ်
Source : Shutterstock
ချစ်သူစုံတွဲရယ်လိုဖြစ်လာရင် ယောကျာ်းလေးဘက်ပဲအကုန်ခံရမယ်ဆိုတဲ့ သဘောထားကတကယ်တော့မှားပါတယ်။ အမြဲတမ်းတစ်ဖက်တည်းက ကုန်ကျခံနေရရင် ရေရှည်အတွက်အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ရေရှည်တည်မြဲတဲ့စုံတွဲတွေအနေနဲ့ ငွေကြေးကဏ္ဍကိုပါ ဦးစားပေးထည့်စဉ်းစားကြပြီး နှစ်ဦးနှစ်ဘက်ညှိနှိုင်းမှုရှိရှိ ငွေကြေးဆိုင်ရာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းလေ့ရှိကြပါတယ်။
(၃) ကြားလူတွေအဝင်မခံဘူး
Source : Shutterstock
ချစ်သူနှစ်ဦးကြား ဆက်ဆံရေးမှာ ကြားလူတွေဝင်ရောက်စွတ်ဖက်လာရင် အဆင်မပြေနိုင်ခြေပိုများပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အဆင်မပြေမှုတွေရှိရှိ သူငယ်ချင်းတွေ မိသားစုဝင်တွေကို ဆွဲမထည့်ကြပါဘူး။ ကိုယ့် ချစ်သူနှစ်ဦးရဲ့ ပြဿနာတွေကို အတွင်းကျကျသိနိုင်တာ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒါကြောင့်နှစ်ဦးသားပွင့်လင်းစွာတိုင်ပင်ဖြေရှင်းတဲ့နည်းလမ်းကိုသုံးပြီး ဘေးပယောဂတွေအပါမခံကြပါဘူး။
(၄) တခြားသူတွေနဲ့ဘယ်တော့မှမနှိုင်းယှဉ်ဘူး
Source : Shutterstock
ရေရှည်လက်တွဲပြီဆိုကတည်းက တစ်ယောက်ရဲ့ ကောင်းကွက်ဆိုးပြစ်တွေအားလုံးကို နားလည်ပြီးချစ်ပေးကြတာဖြစ်ပါတယ်။ လိုအပ်ချက်တွေရှိနေပါစေ အကောင်းဆုံးပြုပြင်ပေးပြီး လက်ခံပေးကြပါတယ်။ ဘယ်သူကတော့ ဘယ်လိုဆိုတာမျိုးတွေနဲ့ နှိုင်းယှဉ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အရာတွေကို နှိုင်းယှဉ် နှိမ့်ချအပြစ်တင်တဲ့လုပ်ရပ်မျိုး ဘယ်တော့မှမလုပ်ကြပါဘူး။