လူတိုင်းလိုလို ကိုယ်ဖြတ်သန်းနေရတဲ့ဘဝတစ်ခုမှာ စိတ်ချမ်းသာမှု ပျော်ရွှင်မှုပဲလိုချင်ကြတာပါ။စိတ်ချမ်းသာမှာကိုယ်ကျန်းမာမှာဖြစ်သလို ဖြတ်သန်းရတဲ့နေ့ရက်တိုင်းဟာလည်း အဓိပ္ပါယ်ပြည့်ဝနေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ လက်ရှိဘဝထက် ပိုမိုပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ရဖို့ အခွင့်အရေးများစွာရှိပါတယ်။ဒီလိုပိုမို ပျော်ရွှင်ရတဲ့ ဘဝတစ်ခုပိုင်ဆိုင်ရစေဖို့ သင့်အနေနဲ့ လိုက်နာသင့်တဲ့အချက်တွေတော့ရှိပါတယ်။
Negative Sense တွေကိုယ်အပေါ် ကြီးစိုးလာတဲ့အခါအရာ ရာတိုင်းကို အကောင်းမြင်နိုင်စိတ်တွေ ပျောက်ရှလာတက်ပါတယ်။တစ်ခုခုဆို မကောင်းမြင်တဲ့စိတ်က ရှေ့ကကာနေတဲ့ အတွက်ဘဝမှာ ပျော်ရွှင်စရာဆိုတာကလည်း တဖြေးဖြေးပျောက်ရှလာပါတယ်။ဒါကြောင့် အတက်နိုင်ဆုံး မကောင်းမြင်တဲ့ စိတ်တွေအတွေးတွေအားလုံးကို ဖျောက်ဖျက်ဖို့လိုပါတယ်။

Source : Freepik
လူတွေအပေါ်ကူညီတယ်ဆိုတာမင်္ဂလာတစ်ပါးပါပဲ။လူတိုင်းကိုကူညီတက်တဲ့ စိတ်လေးမွေးမြူထားသင့်ပါတယ်။ကူညီတယ်ဆိုတဲ့နေရာမှာ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဘယ်နေရာတွေသွားကူညီရမယ်လို့ မဆိုလိုပါဘူး ။ကိုယ်ရဲ့နေ့စဉ်ဘဝမှာပဲ အနီးပတ်ဝန်းကျင်က လူတွေ သွားရင်းလာရင်း အကူညီလိုနေတဲ့သူတွေကို ကိုယ်တက်နိုင်တဲ့ဘက် ကနေကူညီပေးရမှာဖြစ်ပါတယ်။ကိုယ်ကူညီလိုက်တဲ့အရာတစ်ခု အဆင်ပြေသွားရင် တကယ်ကိုစိတ်ချမ်းသာပျော်ရွှင်ရတဲ့ စိတ်ကဘာနဲ့မှလဲလို့ မရနိုင်ပါဘူး။
ဘယ်အရာမဆို ဒေါသစိတ်နဲ့ ဖြေရှင်းတဲ့အခါ အမှားများစွာ ဖြစ်သွားတက်ပါတယ်။ဒေါသစိတ်ကြောင့် အပ်နဲ့ထွင်းရမယ့်အရာတွေဟာ ပုဆိန်နဲ့ထွင်းရတဲ့အရာတွေ ဖြစ်သွားတက်ပါတယ်။ဒေါသစိတ်တွေလျော့ပြီး ကိစ္စတိုင်းကို စိတ်ရှည်သည်းခံစွာ နဲ့ဖြေရှင်းမယ်ဆိုရင် မလိုအပ်တဲ့စိတ်ညစ်စရာတွေလည်း ရလာမှာမဟုတ်ပါဘူး။

Source : Freepik
အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေအတွက် ကိုယ်အနေနဲ့ပြန်လည် ပြန်ဆင်ခွင့်မရှိတော့ပေမယ့် အနာဂတ်ကိုတော့အကောင်းဆုံး ပြင်ဆင်သွားနိုင်ပါတယ်။ဒါကြောင့်ပြုပြင်လို့မရတော့တဲ့အတိတ်က အမှားတွေအတွက် အကောင်းဆုံးသင်ခန်းစာတစ်ခုအဖြစ်သတ်မှတ်လိုက်ပါ။ ကိုယ်ရဲ့ရှေ့ဆက်မယ့်ဘဝမှာတော့ နောင်တရစရာတွေ အတိတ်ကနာကျင်စရာတွေကို ဆက်သယ်မလာပဲမေ့ပစ်လိုက်တာဟာ အကောင်းဆုံး အဖြေတစ်ခုပါ။
အနာဂတ်မှာ ကိုယ်ဖြစ်စေချင်တဲ့ ဘဝပုံစံကို Plan ဆွဲပါ။လူတော်တော်များများ လျောက်သာလျောက်နေကြတာ ပန်းတိုင်က ဘယ်စီနေမှန်းမသိဘူးဆိုတဲ့အဖြစ်တွေ အများကြီးရှိနေပါတယ်။ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ အစီစဉ်တစ်ခုရှိသူတိုင်းဟာ သေချာရေရာတဲ့အနာဂတ်ပန်းတိုင်အတွက် အမြဲပျော်ရွှင်တက်ကြွစွာ ကြိုးစားလျောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။
