လူတိုင်းလူတိုင်း အရွယ်တင်နုပျိုခြင်းကို နှစ်သက်ကြပါတယ်။ သင့်အနေနဲ့ နေ့စဉ်လူမှုဘဝရဲ့ လုပ်ဆောင်နေကြ အလေ့အကျင့်တချို့ကို ပြောင်းလဲပေးရုံနဲ့ အသက်ကြီးတဲ့အထိ ငယ်ရွယ်နုပျိုခြင်းတွေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် စိတ်ဝင်စားပါသလား။ စိတ်ဝင်စားတယ်ဆိုရင် အရွယ်တင်နုပျိုခြင်းရဲ့ လျို့ဝှက်ချက်တွေကိုဖတ်ကြည့်လိုက်ပါအုန်း။

(၁) လေ့ကျင့်ခန်းလုပ်ပါ

Source : Medical News Today

လေ့လာမှုတွေအရ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက အသက်ရှည်နုပျိုခြင်းရဲ့ အဓိကသော့ချက်တစ်ခုလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းပြုလုပ်သူတွေဟာ လေ့ကျင့်ခန်းမလုပ်သူတွေထက် ပိုပြီး အသက်ရှည်ကျန်းမာခြင်း နုပျိုခြင်းတွေကို ပိုင်ဆိုင်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေပြီး အသားအရေကို နုပျိုလန်းဆန်းစေတာကြောင့် အရွှယ်တင်နုပျိုနေစေမှာဖြစ်ပါတယ်။

(၂) ရေများများသောက်ပါ

Source : Freepik

ခန္ဓာကိုယ်ရဲ့ ၆၂ ရာခိုင်နှုန်းက ရေဓာတ်ဖြင့်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေဖို့ အထူးဂရုစိုက်သင့်ပြီး နေ့စဉ်အနည်းဆုံးရေ ၇ ခွက်သောက်သုံးပေးဖို့လိုအပ်ပါတယ်။ ရေများများသောက်ခြင်းက ခန္ဓာကိုယ်အဆိပ်အတောက်တွေကိုပြေစေပြီး လန်းဆန်းတက်ကြွစေပါတယ်။ အသားအရေကိုလည်း သဘာဝအတိုင်းကြည်လင်စေနိုင်တာကြောင့် တနေ့တာမှာရေများများသောက်ပေးပါ။

(၃) နေရောင်ခြည်တိုက်ရိုက်မထိတွေ့အောင်ကာကွယ်ပါ

Source : FreeImages

အရေပြားကိုနေရောင်တိုက်ရိုက်ထိတွေ့ခြင်းက အသားအရေကိုပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ နေရောင်ခြည်ထိတွေ့မှုများလေလေ အသားအရေပျက်စီးခြင်းကို ဖြစ်နိုင်ခြေများလေလေဖြစ်တာကြောင့် အကယ်၍ အပြင်သွားတဲ့အခါမှာ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမရှိစေဖို့ SPF ၃၀ ပါဝင်တဲ့ နေလောင်ဒဏ်ကာခရမ်င်လိမ်းပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် အင်္ကျီလက်ရှည် ထီး ဦးထုပ်နဲ့ နေကာမျက်နှာတွေပါ မဖြစ်မနေသုံးသင့်ပါတယ်။

(၄) အိပ်ချိန်လုံလောက်စွာအိပ်ပါ

Source : Medium

အိပ်စက်ခြင်းက လူတစ်ယောက်ရဲ့ စိတ်ရောကိုယ်ပါကျန်းမာရေးနဲ့ အများကြီးသက်ဆိုင်မှုရှိပါတယ်။ အိပ်ချိန်ပြည့်ဝစွာမအိပ်ခြင်း အိပ်ရေးပျက်တဲ့ရက်တွေများနေခြင်းစသည်ဖြင့် အိပ်ချိန်မလုံလောက်ဘူးဆိုရင် အရွှယ်ကျပြီး ရုပ်ရင့်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၇ နာရီခန့်ပြည့်ပြည်ဝဝအိပ်စက်ဖို့ လိုအပ်ပါတယ်။