ယောင်္ကျားလေးတွေ အဝတ်အများဆုံး အင်္ကျီအမျိုးအစားက T-Shirt ဖြစ်ပါတယ်။ T-Shirt တွေက ပေါ့ပါးပြီး သက်တောင့်သက်သာရှိတယ်။ နေရာစုံ ဝတ်နိုင်သလို ဒူပေဒါပေလည်း ဝတ်နိုင်လို့ ယောင်္ကျားတို့ အကြိုက်ဆုံးအဝတ်အစားထဲမှာ ထိပ်ဆုံးက ပါပါတယ်။ T-Shirt ကို စတိုင်ကျအောင် ဝတ်တတ်ရင် အတော်လေး ကြည့်ကောင်းသလို Stylish လည်း ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ဒီနေ့တော့ T-Shirt ဝတ်ချိန်မှာ ရုပ်ထွက်ဖို့ နည်းလမ်းတချို့ မျှဝေလိုက်ပါတယ်။
(၁) ဘာနဲ့ ဝတ်ရမလဲ အရင်ကြည့်ပါ
Photo: hiconsumption
အရင်ဆုံးအချက်က ဘယ်နေရာသွားမှာမို့ T-Shirt ဝတ်တာလဲ ၊ ဘယ်လို အဝတ်အစားမျိုးနဲ့ တွဲဝတ်ရမလဲဆိုတာ စဉ်းစားတဲ့အပိုင်းပါ။ သူငယ်ချင်းတွေနဲ့ တွေ့ရုံဆိုရင် T-Shirt ပေါ့ပေါ့ပါးပါးနဲ့ Jeans Pant လောက်နဲ့ ဖြစ်ပေမယ့် သူငယ်ချင်းမင်္ဂလာဆောင်ဆိုရင် Pant ကောင်းကောင်းနဲ့ တီရှပ်အကောင်းစားကို Grey/White ကာလာပေါ်မှာ Blazer ကုတ်အပါးမျိုး တွဲဝတ်ဖို့ လိုပါတယ်။
(၂) ဘော်ဒီနဲ့ လိုက်အောင် ဝတ်ပါ
Photo: Men’s Health
အဝတ်အစားဝတ်ရာမှာ လူရဲ့ ကိုယ်လုံးကိုယ်ထည်ပေါ်လိုက်ပြီး ဝတ်တတ်ဖို့ လိုပါတယ်။ အကောင်အထည်ကြီးတဲ့ ယောင်္ကျားတစ်ယောက်အဖို့ သိပ်မကျပ်တဲ့ T-Shirt မျိုး ဝတ်ဖို့ လိုပြီး ပိန်ပိန်ပါးပါး Skinny Size တွေအတွက် ရင်ဘတ်နဲ့ လက်မောင်းကို ပိုပေါ်လွင်စေမယ့် T-Shirt မျိုး လိုပါတယ်။ ပုံမှန်အားဖြင့် Body Shape နဲ့ လိုက်ဖက်ပြီး Fit ဖြစ်နေတဲ့ T-Shirt မျိုး ရွေးချယ်ပေးရမှာပါ။
Fit ဖြစ်တယ်ဆိုတာ ရင်ဘတ်နဲ့ ခါးနေရာတွေ ကျပ်မနေတာ ၊ ပခုံးဆက်နေရာမှာ T-Shirt ချုပ်သားရှိနေရမှာ ၊ တီရှပ်လက်က လက်မောင်းအိုးရဲ့ ၃ ချိုး ၁ ချိုးနေရာမှာ ရှိပြီး T-Shirt အောက်အနားတွေက ခါးပတ်ပတ်တဲ့လိုင်းရဲ့ အောက်မှာ ရှိနေရမှာ ဖြစ်ပါတယ်။
(၃) လည်ပင်းပေါက် ရွေးနည်းမှန်ပါစေ
Photo: godfatherstyle
T-Shirt တွေရဲ့ လည်ပင်းပေါက်ကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါတယ်။ တစ်မျိုးက လည်ဝိုက်လို့ခေါ်တဲ့ Crew Neck ဖြစ်ပြီး နောက်တစ်မျိုးက V ပုံစံရှိတဲ့ V-Neck ဒီဇိုင်း ဖြစ်ပါတယ်။ V-Neck တွေက ကိုယ်ခန္ဓာတောင့်တင်းကြံ့ခိုင်သူတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ ရင်ဘတ်နဲ့ လက်မောင်းအလှကို ပိုပေါ်လွင်စေပြီး အရပ်အမြင့်နဲ့ လည်ပင်း မျက်နှာပေါက်ဟန်ချက် မျှစေနိုင်ပါတယ်။
လည်ဝိုက် Crew Neck တွေက မျက်နှာသွယ်သူတွေ ၊ လည်ပင်းပေါက်ရှိသူတွေနဲ့ လိုက်ဖက်ပါတယ်။ ပုံမှန်ဘော်ဒီရှိသူ အမျိုးသားတိုင်းအတွက် Crew Neck တွေက အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။
(၄) ချည်အရွေး မှန်ပါစေ
Photo: wired
ရှပ်တစ်ထည်မှာ ချည်က အရည်အသွေးကို အဓိက အဆုံးအဖြတ်ပေးတဲ့အချက် ဖြစ်ပါတယ်။ T-Shirt ဝတ်လို့ ရုပ်ထွက်ချင်ရင် ချည်အရွေးမှန်ဖို့ လိုပါတယ်။ များသောအားဖြင့် Tees တွေဟာ ဝါချည် ၁၀၀% နဲ့ လာပါတယ်။ ပေါ့ပါးပြီး နူးညံ့တဲ့ အထိအတွေ့ကိုရဖို့ ဝါးချည် ၊ သိပ်အလျှော်အဖွပ်မလုပ်ချင်သူတွေအတွက် Merino သိုးမွေးသား ၊ အကြမ်းခံပြီး သက်တောင့်သက်သာရှိချင်ရင် Jersey သားနဲ့ ဝတ်တိုင်း နူးနူးညံ့ညံ့နဲ့ အသားအရေမနာချင်ဖို့ Pima ဝါချည်သား ၊ ပိုးသားလို နူးညံ့ပေမယ့် ဆိုဒ်ပုံပျက်လွယ်တဲ့ Linen Blends ချည်နဲ့ ရေလျှော်ခံပြီး ဆွဲဆန့်ဒဏ်ခံနိုင်တဲ့ Lycra ၊ Spandex နဲ့ Elastane ဆိုပြီး ချည်အမျိုးမျိုးကို ကိုယ့်လိုအင်ပေါ်လိုက်ပြီး ဝယ်သင့်ပါတယ်။
(၅) အရောင်အစပ် မှန်ပါစေ
Photo: themodestman
အရောင်ကို အရောင်ရင့် Solid နဲ့ အရောင်ရိုး Neutral Colors တွေ ရွေးတာ ပိုကောင်းပါတယ်။ အမျိုးသားတွေအတွက် အလိုက်ဖက်ဆုံးအရောင်တွေ မီးခိုးရောင် ၊ အဖြူရောင် ၊ နက်ပြာရောင် နဲ့ အနက်ရောင်တွေပဲ ဖြစ်ပါတယ်။ ဒီအရောင်တွေ ဝတ်တာ ဘယ်တော့မှ မမှားပါဘူး။
Featured Photo : DMARGE