ကောင်မလေးအသည်းစွဲနေရတဲ့ ကိုကိုဖြစ်ဖို့ ဘယ်လိုအချက်တွေ လိုအပ်တယ်လို့ထင်ပါသလဲ။ ကိုယ်ချစ်ရတဲ့ကောင်မလေးဆီက တမ်းတမ်းစွဲရတဲ့ ကိုကိုဖြစ်ဖို့ဆိုတာ တော်ကီကြွယ်ဖို့သက်သက်တော့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ရမှာပါ။ ကြင်လည်းကြင်နာတတ်မယ်။ ကောင်မလေးကိုလည်း အလိုလိုက်တတ်မယ်၊ တော်ကီလည်း ကြွယ်မယ်ဆိုရင်တော့ အောက်ကအချက်ကလေးတွေပါ လိုက်နာလိုက်ရင် ကောင်မလေးက တကယ်ကိုတမ်းတမ်းစွဲဖြစ်သွားမှာပါ။

လက်ချောင်းလေးတွေကို ဂရုစိုက်ပါ

ကောင်မလေးက ပထမဆုံးသတိထားကြည့်မိမှာ လက်ချောင်းလေးတွေကိုပါ။ ဘာဖြစ်လို့လဲဆိုတော့ အတူတူတွေ့ဆုံရချိန်မှာ တခြားနေရာတွေထက် လက်ချောင်းလေးတွေဆီ မျက်လုံးအကြည့်တွေက ရောက်ရောက်သွားတတ်လို့ပါပဲ။ ဒီအချိန်မှာ သေသပ်သန့်ရှင်းတဲ့ လက်ချောင်းတွေသာ ရှိမနေဘူးဆိုရင် အမှတ်လျှော့ပါပြီ။ ဒီတော့ လက်ချောင်းလေးတွေကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။

သပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုပုံစံရှိပါစေ

ကောင်မလေးတွေက သူတို့ကြိုက်နှစ်သက်တဲ့သူကို ဘယ်တော့မှပစ်စလက်ခတ်နေတာ မကြိုက်ပါဘူး။ ပြောမရလို့သာ ပစ်ထားရင် ထားမယ်။ ဖြစ်နိုင်ရင်တော့ အသပ်ရပ်ဆုံးအသန့်ရှင်းဆုံးသူ ဖြစ်စေချင်ကြတာပါ။ ဒီတော့ ကောင်မလေးကိုချစ်တယ် လေးစားတယ်ဆိုရင် သပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုတော့ရှိပါစေ။

ဆံပင်ကိုလည်း ဂရုစိုက်ပါ

ဆံပင်ဘုတ်သိုက်ကြီးလည်း မနေပါနဲ့။ ဆံပင်ရှည်ထားတာကြိုက်တယ်ဆိုရင်တောင်မှ သေသပ်တဲ့ဆံပင်ပုံစတိုင်တော့ရှိရပါမယ်။ ဆံပင်တိုတာရှည်တာက ကိစ္စမရှိပေမယ့် သပ်ရပ်မှု၊ သပ်ရှင်းမှုနဲ့ စတိုင်ကျမှုတွေရှိနေရမှာပါ။ ဗောက်တွေဘာတွေ ရှိမနေအောင်လည်း ဂရုစိုက်ပါ။

ဖိနပ်ကိုလည်း မေ့မထားပါနဲ့

ဖိနပ်ကလည်းမေ့ထားဖို့ သင့်တဲ့အရာမဟုတ်ပါဘူး။ ဖိနပ်ရော ခြေထောက်ရောကို ဂရုစိုက်ရမှာပါ။ ဘယ်ကောင်မလေးကမှတော့ ခြေထောက်တွေ သန့်ရှင်းမနေပဲ ညစ်ပတ်နေတဲ့ဘဲကို မချစ်ပါဘူး။ ကိုယ့်ခြေထောက်ကို ငုံ့ကြည့်လိုက်ပါ။ အဆင်ပြေပြီလား။ ဖိနပ်ကရော သန့်ရှင်းသပ်ရပ်နေရဲ့လား အမြဲဆန်းစစ်ပါ။

ဆွဲဆောင်မှုရှိတဲ့ ကိုယ်သင်းရနံ့ ရှိပါစေ

ဒီအချက်ကတော့ ကောင်မလေးတွေ လုံးဝအကြိုက်တွေ့တဲ့ အချက်ပါပဲ။ ကောင်မလေးတွေက အမွှေးနံ့သာတွေအပေါ် စွဲစွဲလန်းလန်း ရှိကြတဲ့ အကြောင်းကတော့ ရှင်းပြဖို့တောင် လိုမယ်မထင်ပါဘူး။ သူတို့ကိုယ်တိုင် အမွှေးနံ့သာတွေ လိမ်းကျံကြသလို သူတို့ချစ်ရတဲ့ ချစ်သူကိုလည်း မွေးနေတာပဲ လိုချင်ကြပါတယ်။

ကဲ ဒီလိုဆိုရင် ဘာဆက်လုပ်ရမလဲဆိုတာ သိပြီးလောက်ပြီလို့ သတ်မှတ်လိုက်တော့မယ်နော်။

Photo Source: Pinterest