ဆလီနာဂိုးမက်ဇ်က လေးနှစ်အတွင်း ပထမဆုံးအယ်လ်ဘမ် ဖြန့်ချီမယ်လို့ ကြေညာခဲ့ပါတယ်။ ‘အကုန်လုံးပြီးပါပြီ။ လက်စသတ်ဖို့ နည်းနည်းပဲကျန်တော့တာပါ။ ဒီအယ်လ်ဘမ်ထွက်ဖို့ လေးနှစ်လောက်အချိန်ယူခဲ့ရပါတယ်’ လို့ Jimmy Fallon ရဲ့ ‘The Tonight Show’ အစီအစဉ်မှာ ပြောကြားခဲ့တာပါ။

အယ်လ်ဘမ်ထဲမှာပါတဲ့ သီချင်းတော်တော်များများကို Julia Michaels နဲ့ တွဲဖက်ရေးခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ အယ်လ်ဘယ် ဖြန့်ချီမဲ့ ရက်အတိအကျကိုတော့ အသေးစိတ်ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဆလီနာဟာ Instagram တွင် ကျော်ကြားသူများထဲတွင်ပါဝင်ပြီး Follower သန်း (၁၅၀) ထိရှိပါတယ်။ Social Media ဟာ လူငယ်လူရွယ်တွေအတွက် ကြောက်မက်ဖွယ်ကောင်းတယ်လို့ ပြောကြားခဲ့ပြီးနောက် သုံးစွဲမှုကို ကာလအတန်ကြာ ရပ်နားခဲ့ပါသေးတယ်။

Source: BBC

အသက် (၂၆) နှစ်အရွယ် ပေါ့ပ်အဆိုတော် ဆလီနာဂိုးမက်ဇ်သည် (၂၀၁၇) ခုနှစ်က ကျောက်ကပ်အစားထိုး ကုသခဲ့ရပြီး၊ လူမူရေးပြဿနာများနှင့်လည်း ရင်ဆိုင်ခဲ့ရကာ စိတ်ကျန်းမာရေးပြန်လည်ကောင်းမွန်လာရန် ရုန်းကန်ခဲ့ရပါတယ်။

ဆလီနာဟာ ကလေးရုပ်သံတီဗီစီးရီးတစ်ခုဖြစ်တဲ့ Barney & Friends ထဲမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ပြီး အနုပညာလောကကို ဝင်ရောက်လာခဲ့တာပါ။ သူဟာ ဒစ္စနေက ထုတ်လုပ်တဲ့ Wizards Of Waverly Place ရုပ်သံဇာတ်လမ်းတွဲနဲ့ အတူ ပရိသတ်များရဲ့ အားပေးမှုစတင်ရရှိခဲ့ပါတယ်။

Source: Teen Vogue

ဆလီနာဟာ Selena Gomez & The Scene အဖွဲ့နဲ့ သီချင်းအယ်လ်ဘမ်တွေ ထုတ်လုပ်ဖြန့်ချီခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ အောင်မြင်တဲ့ စိုလိုအယ်လ်ဘမ် အနေနဲ့ Stars Dance (၂၀၁၃) နဲ့ Revival (၂၀၁၅) တို့ကို ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်အရောက်မှာ ဆလီနာရဲ့ အယ်လ်ဘမ် (၇) သန်းကျော် ရောင်းခဲ့ရတယ်လို့ Billboard က ကြေညာခဲ့ပါတယ်။

သူဟာ  ALMA Award ၊ An American Music Award ၊ An MTV Video Music Award ၊ A People’s Choice Award စတဲ့ ဆုပေါင်းများစွာကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

Source: Billboard

ဆလီနာဟာ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးခဲ့ပြီးတော့၊ အသက် (၁၇) နှစ်အရွယ်မှာ ယူနီဆက်ဖ်ရဲ့ အထူးသံတမန်ဖြစ်လာခဲ့ပါတယ်။ အယ်လ်ဘမ် ဖြန့်ချီတော့မယ့် သတင်းကတော့ ဆလီနာဂိုးမက်ဇ် ပရိတ်သတ်တွေအတွက် သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။