မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းဆိုတာ သင့်အကြောင်း သင်ကိုယ်တိုင်ကောင်းကောင်းနားလည်ဖို့နဲ့ သင့်ဘဝမှာ ဘာလိုချင်တယ်ဆိုတာကို သိဖို့ရန်အတွက် အရေးကြီးတဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။ ဘဝမှာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ ၊  ခမ်းနားတဲ့အောင် မြင်မှုတွေ ရရှိဖို့ သင့်ကိုယ်သင် နားလည်နေဖို့လိုအပ်ပြီး ပရော်ဖက်ရှင်နယ်ကျကျ တိုးတက်လာစေရန်အတွက် အထောက်အကူဖြစ်စေရန် မေးခွန်းတွေလည်း ကိုယ့်ကိုယ်ကို ပြန်မေးသင့်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ့်ဘဝအနာဂတ် တိုးတက်အောင်မြင်ဖို့ရန် ကိုယ့်ကိုယ်ကိုပြန်မေးသင့်တဲ့ မေးခွန်းတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) မနှစ်က ငါဘာတွေလုပ်နေခဲ့လဲ ?

Man Thinking at home

Photo : Sonora

ဖြတ်သန်းခဲ့တဲ့အချိန်တွေကို ပြန်လည်သုံးသပ်ဆန်းစစ်ခြင်းဟာ ယခင်အချိန်နဲ့ လက်ရှိအချိန်ကြားက ကွာဟချက်တွေကို ကွဲကွဲပြားပြား သိမြင်စေနိုင်ပါတယ်။ မနှစ်က သင်ဘာတွေမှားခဲ့လဲ ၊ ဘယ်အရာတွေမှာ လိုအပ်ချက်တွေရှိခဲ့လဲဆိုတာကို သင်ခန်းစာကောင်းကောင်း ယူနိုင်မှာဖြစ်ပြီး ဒီနှစ်မှာ ပိုမိုတိုးတက်ကောင်းမွန်အောင် ဘာတွေလုပ်ရမယ် ၊ ဘယ်လိုအမှားတွေကိုတော့ရှောင်ရမယ်ဆိုတာ ကောင်းစွာသိရှိနားလည်စေနိုင်မှာပဲဖြစ်ပါတယ်။

(၁) ငါ ဘာဖြစ်ချင်တာလဲ ?

Man sitting and thinking in the morning

Photo : Depositphotos

လူအများစုက မင်းဘဝမှာဘာလိုချင်လဲလို့ အမေးခံရတဲ့အခါ သေချာတိကျတဲ့အဖြေမျိုး ပေးနိုင်သူက ရှားပါတယ်။ ကိုယ့်ဘဝမှာ ဘာလိုချင်တယ် ၊ ဘာဖြစ်ချင်တယ်ဆိုတာ သိဖို့ကလည်း သိပ်ကို အရေးကြီးပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ကောင်းကောင်းသိမှလည်း သွားချင်တဲ့လမ်းကြောင်းကို ဖြောင့်ဖြောင်းတန်းတန်းသွားနိုင်မှာပါ။ ဒီတော့ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်လဲ ဆိုတဲ့မေးခွန်းသေချာပေါက်မေးဖို့လိုမှာပါ။

(၃) ငါ့ အချိန်တွေကို ဘယ်လိုကုန်ဆုံးနေလဲ ?

Young man looking out of window

Photo : Best Life

အချိန်ဆိုတာ ဘဝမှာအစားပြန်မရနိုင်တဲ့ တန်ဖိုးကြီးတဲ့ရတနာတစ်ခုလို့ ဆိုရမှာပါ။ ဒီလိုတန်ဖိုးရှိတဲ့ အချိန်တွေကို ဘယ်လိုအရာတွေနဲ့ ကုန်ဆုံးနေလဲ ၊ အချိန်တွေကုန်ရကျိုးနပ်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးသင့်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ကိုယ်ချစ်မြတ်နိုးတဲ့အရာ ၊ ဝါသနာပါတဲ့အရာတွေနဲ့ တိုးတက်အောင်မြင်ရေး အတွက် ကုန်ဆုံးသင့်ပါတယ်။ အကျိုးမဲ့သက်သက်အချိန်တွေ ကုန်ဆုံးနေရရင်တော့ အခုချိန်ကစပြီး ပြောင်းလဲဖို့အကြံပြုပါရစေ။

(၄) ငါ့ရဲ့ အကြီးမားဆုံး အကြောက်တရားက ဘာလဲ ?

Depressed man sitting alone on a couch

Photo : Freepik

ဘဝရဲ့ တက်လမ်းတွေကို ပိတ်ဆို့ထားတဲ့အကြီးမားဆုံးအရာက အကြောက်တရားပါပဲ။ အကြောက်တရားက ရည်မှန်းချက် ၊ ဦးတည်ချက်တွေကို ရပ်တန့်စေတဲ့အတွက် ကိုယ့်ရဲ့ အကြောက်တရားကို ဦးစွာဖော်ထုတ်ရပါလိမ့်မယ်။ သင့်ဘဝရဲ့ အကြောက်တရားက ဘာလဲဆိုတာဆန်းစစ်ပါ။ အကြောက်တရားကိုသိရှိပြီး ထိပ်တိုက်ရင်ဆိုင်ကျော်ဖြတ်လာနိုင်တာနဲ့အမျှ သင့်အောင်မြင်ရေးလမ်းကြောင်းမှာ ဘယ်အရာကမှ ပိတ်ဆို့တားစီးထားနိုင်မှာ မဟုတ်ပါဘူး။

Featured Photo : Unsplash