မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က အသင်းဖော်ဟောင်းဖြစ်တဲ့ နည်းပြဆိုးလ်ရှားဟာ အပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်ဆိုတာ ပြသခဲ့တာကြောင့် ၎င်းရဲ့ အနာဂတ်ဟာ အန္တရာယ်မရှိနိုင်ဘူးလို့ ယုံကြည်နေပါတယ်။
၂၀၁၉-၂၀၂၀ ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းက ပြိုင်ပွဲ ၃ ခုမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ယူနိုက်တက်အနေနဲ့ ဆီမီးဖိုင်နယ်တစ်ပွဲသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဆိုးလ်ရှားရဲ့ အခြေအနေက လုံးဝကို ကွဲပြားခြားနားသွားခဲ့မှာဖြစ်တယ်လို့ အန်ဒီကိုးလ်က ပြောကြားခဲ့ပါတယ်။

Photo: Sporting News
လက်ရှိရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြဿနာက ခြေစွမ်းပိုင်းမတည်ငြိမ်ခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်ပိုင်းမှာ ပြသခဲ့တဲ့ အရှိန်အဟုန်အတိုင်း ပြန်လည်မတည်ဆောက်နိုင်သေးတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က အဲဗာတန်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာက နည်းပြဆိုးလ်ရှားပေါ်က ဖိအားအချို့ကို လျော့ပါးစေခဲ့ပြီး အန်ဒီကိုးလ်က မန်ချက်စတာယူနိုက်တက်ဟာ ခက်ခဲကြမ်းတမ်းတဲ့အလုပ်အတွက် လူမှန်ရရှိထားတာလို့ ယုံကြည်နေပါတယ်။
“တကယ်လို့ အိုလေသာ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ရောက်ခဲ့တဲ့ ဖလား ဆီမီးဖိုင်နယ်ပွဲတွေထဲက တစ်ပွဲသာ နိုင်ကြည့်။ အရာအားလုံးက လုံးဝကွဲပြားခြားနားသွားမှာပါ။ အရာအားလုံးက အကြီးကြီးကို ပြောင်းလဲသွားမှာ”
“လူတွေက အခု သူ့အကြောင်းကို ပြောနေတဲ့ပုံစံအတိုင်း သူ့ကို ပြောကြမှာမဟုတ်တော့ဘူး”

Photo: PML Daily
“မန်ချက်စတာယူနိုက်တက်က သူတို့ ရာသီကို စတင်ချင်တဲ့ပုံစံအတိုင်း မစတင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ဥရောပပြိုင်ပွဲက ပုံစံကတော့ တကယ်ကောင်းမွန်ခဲ့ပြီး အစ္စတန်ဘူလ်နဲ့ပွဲမတိုင်ခင်အထိပေါ့”
“လိဂ်မှာ ကစားတဲ့ သူတို့ရဲ့ပုံစံကတော့ ဘာအကြောင်းအရင်းအတွက်ပဲဖြစ်ဖြစ် အကောင်းဆုံးမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အိုလေကို ထောက်ခံပေးရမှာပါ။ ခင်ဗျား မှန်တယ်ဆိုတဲ့အရာတွေကို လုပ်ဖို့ လိုပါတယ်။ သူ အသင်းကို တာဝန်ယူကတည်းက အရမ်းကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။
