ရုံးက ကျင်းပပြုလုပ်ပေးတဲ့ ညစာစားပွဲ တက်ရတဲ့အခါ (သို့) ပွဲတစ်ခုခု တက်တဲ့အခါ Formal ဆန်လွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းက ထိုပွဲရဲ့အငွေ့အသက်ကို ဖျက်ဆီးရာရောက်သလို အများရှေ့မှာလည်း ကိုယ်က ဖက်ရှင်အကြောင်း တစ်လုံးမှနားမလည်ပါလားဆိုတဲ့ အမြင်မျိုး သက်ရောက်သွားစေပါတယ်။

ထိုပွဲမျိုးမှာ ကိုယ့်ကို ဖက်ရှင်ကျသူအဖြစ် အားကျသွားစေဖို့ရန်အတွက် Formal မကျ Casual မကျတဲ့ ဖက်ရှင်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ ဒီလိုဖက်ရှင်မျိုးကို ရွေးချယ်ဖို့ရန်အတွက် အင်္ကျီအဝတ်အစားနဲ့ ဘောင်းဘီကို ဘယ်လိုလိုက်ဖက်အောင် ရွေးချယ်သင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

အကွက်အင်္ကျီနဲ့ စတိုင်လ်ဘောင်းဘီ

semi-formal fashion for men

သင်သည် အရပ်ရှပ်တယ်ဆိုရင်တော့ ရှပ်အင်္ကျီကို ဘောင်းဘီအပြင်ထုတ်ဝတ်လို့ရပါတယ်။

semi-formal fashion for men

ဒါပေမဲ့ သင်က အရပ်သိပ်မရှည်ဘူးဆိုရင်တော့ ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်မြှုပ်ကာ ဝတ်ဆင်ခြင်းက အရပ်ပိုရှည်သယောင် ဖန်တီးပေးပါတယ်။

ဆွယ်တာအင်္ကျီကို အပေါ်က ထပ်ဝတ်လိုက်ပါ

semi-formal fashion for men semi-formal fashion for men

အပွင့်အဆင်ရှပ်အင်္ကျီမျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်

semi-formal fashion for men

အောက်က ရှပ်အင်္ကျီခံဝတ်ထားပြီး အပေါ်ကနေ အစင်းကျားဂျက်ကတ် ထပ်ဝတ်လိုက်ပါ

semi-formal fashion for men

ရိုးရှင်ပေမယ့် ဖက်ရှင်ကျနေတဲ့ ရှပ်အင်္ကျီအဖြူရောင်

semi-formal fashion for men semi-formal fashion for men semi-formal fashion for men

ဂျင်းနဲ့ တီရှပ်ဖက်ရှင်ကိုမှ အပေါ်ကနေ ကုတ်အင်္ကျီ ထပ်ဝတ်ခြင်းကလည်း ဖက်ရှင်ကျစေပါတယ်

semi-formal fashion for men

အနက်ရောင် ဝတ်စုံပြည့် ဝတ်ချင်တဲ့အခါမျိုးမှာ အရမ်းကြီး Formal ဖြစ်မသွားအောင် ဂရုစိုက်ပါ

semi-formal fashion for men

ဘောင်းဘီအဖြူရောင်နဲ့ အင်္ကျီနက်ပြာရောင်သည်လည်း လိုက်ဖက်တဲ့အတွဲအစပ်တစ်ခုပါပဲ

semi-formal fashion for men

အပေါ်ဝတ်အညိုရောင်နှင့် အနက်ရောင်ဘောင်းဘီဖက်ရှင်

semi-formal fashion for men

ရှူးဖိနပ်အစား Sneakers ဖိနပ် ဝတ်ဆင်ခြင်းကလည်း Formal နဲ့ Casual နှစ်ခုကို ပေါင်းစပ်ရာရောက်ပါတယ်

semi-formal fashion for men

ခါးပတ်မပါဘဲ ဒီလိုရှိုးထုတ်ပါ

semi-formal fashion for men

ဒီဖက်ရှင်လေးတွေကတော့ သင့်ကို အရမ်းကြီးလည်း Formal မဆန် ထသွားထလာဖက်ရှင်မျိုးလည်း မဖြစ်စေဘဲ ထိုဖက်ရှင်နှစ်ခုကြားပေါင်းစပ်ထားတဲ့ဖက်ရှင်မျိုးဖြစ်လာအောင် ကူညီပေးပါလိမ့်မယ်။

Source: Fashionhombre.com