Sensitive အသားအရေ မျိုး ပိုင်ဆိုထားတဲ့ ကွီး တို့သည် ကိုယ့် အသားအရေကို အခြားသော သူများထက် ပိုမိုဂရုစိုက်ကာ ပြုစုယုယရပါတယ်။ Skincare Routine နှင့် ပတ်သက်လာလျှင်လည်း ကိုယ်သုံးမယ့် ထုတ်ကုန်ပစ္စည်း အမျိုးအစားများကို သေသေချာချာ ရွေးချယ်ရတာသည်လည်း Sensitive အသားအရေ ပိုင်ရှင် ကွီး တို့ပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ Skincare ထုတ်ကုန် ရွေးချယ်မှု မှားယွင်းသွားတဲ့အခါ ကိုယ့်ရဲ့အသားအရေသည် ပိုမိုပျက်စီးသွားနိုင်ခြေရှိပါတယ်။ ဒါ့ကြောင့် ကိုယ်ရဲ့ အသားအရေသည် ပိုပြီး ပျက်စီးမသွားရအောင် ကိုယ့်အသားအရေကို ပြုစုယုယနိုင်မယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

အလှကုန်နဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းမျိုး ဝယ်တဲ့အခါ အညွှန်းသေချာဖတ်ပါ

sensitive အသားအရေ ကွီး

Photo: Cosmetics Business

အညွှန်းဖတ်ချိန်သည် စက္ကန့်ပိုင်းလောက်သာ ကြာတာဖြစ်ပါတယ်။ ထိုအချိန်အတွက် အချိန်ပေးလိုက်လို့ သင့်အတွက် မခက်ခဲပါဘူး။ ဒါပေမဲ့ အညွှန်းမဖတ်ဘဲ ဘယ်လိုသုံးရမှန်းမသိ အသုံးပြုမိမယ် (သို့) သတ်မှတ်အကြိမ်ရေထက် အလွန်အကျွံ အသုံးပြုမိမယ်ဆိုရင်တော့ အသားအရေက ပိုမိုပျက်စီးသွားပါလိမ့်မယ်။

အလှကုန်ပစ္စည်းများကို အလွန်အကျွံ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ

sensitive အသားအရေ ကွီး

စောစောကလို အညွှန်းဖတ်ပြီးပြီဆိုပါစို့။ အညွှန်းပေါ်မှာ တစ်ပတ်လျှင် ၃ ကြိမ်သာ အသုံးပြုရန် ဆိုတာကို ဂရုမစိုက်ဘဲ အသားအရေ ပိုလှချင်ဇောနဲ့ သုံးကြိမ်ထက် အလွန်အကျွံ အသုံးပြုမိတဲ့အခါ အသားအရေ နီမြန်းရောင်ရမ်းခြင်း၊ ယားယံခြင်းတို့ကို ပိုမိုခံစားရနိုင်ပါတယ်။

မျက်နှာသစ်တဲ့အခါ မျက်နှာကို အကြမ်းပတမ်းပွတ်တိုက်ခြင်းမျိုး ရှောင်ကြဉ်ပါ

sensitive အသားအရေ ကွီး

မျက်နှာသုတ်ပုဝါ ရွေးချယ်တဲ့အခါ ချည်သားလေးလို နူးအိတဲ့ အဝတ်စများဖြင့် ပြုလုပ်ထားတဲ့ မျက်နှာသုတ်ပုဝါကို ရွေးချယ်ပေးလိုက်ပါ။ ဒါ့အပြင် မျက်နှာကို ပုဝါဖြင့် အကြမ်းပတမ်းသုတ်ခြင်းက အသားအရေကို ပိုမိုကြမ်းတမ်းသွားစေနိုင်တာကြောင့် ခပ်ဖွဖွကလေးသာ သုတ်ပေးရမှာဖြစ်ပါတယ်။

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ

skincare tips for kwee

နေပူထဲ ထွက်တဲ့အခါ အနည်းဆုံး SPF 30 ထက် ပါဝင်တဲ့ နေလောင်ကာခရမ်မျိုးကို လိမ်းကျံပေးရပါမယ်။ ဒါ့အပြင် နှုတ်ခမ်းနီအဆီ အသုံးပြုကာ ကိုယ့်ရဲ့ နှုတ်ခမ်းသား အသားအရေကို ကာကွယ်ပေးလိုက်ပါ။

ရေနွေးပူ အလွန်အကျွံ အသုံးမပြုပါနဲ့

skincare tips for kwee

ရေချိုးတဲ့အခါ ရေနွေးပူနဲ့ အလွန်အကျွံ ရေချိုးခြင်းသည် အသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါ့ကြောင့် ကြက်သီးနွေးရေနွေး (သို့) ရေအေးလေးနှင့်သာ ရေချိုးပေးကာ Sensitive အသားအရေ ပိုင်ရှင် ကွီး တို့လည်း ကိုယ့်အသားအရေကို ပိုးမွေးသလို မွေးထားလို့ရပါပြီ။

ဒီအချက်လေးများကို နေ့စဉ်ဂရုစိုက်ကာ ကျင့်ကြံပေးမယ်ဆိုရင်တော့ အသားအရေက နူးညံ့ချောမွတ်လာမှာဖြစ်ပါတယ်။

Source: Blog.menscience

Featured Image: Illumiatherapeutics