အာဂျင်တီးနား လက်ရွေးစင်ကစားသမား လက်ရှိဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွဲရိုဟာ နှလုံးရောဂါဝေဒနာခံစားနေရပြီး လက်ရှိကျန်းမာရေးအခြေအနေကြောင့် လာမယ့်ဗုဒ္ဓဟူးနေ့မှာပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ ဘောလုံးလောကကနေ တရားဝင် အနားယူတော့မယ့်အကြောင်း ကြေညာသွားမယ်လို့ သိရပါတယ်။

Barcelona forward Sergio Aguero set to announce retirement from football after heart problems

Photo : Eurosport

ပြီးခဲ့တဲ့လက ဘာစီလိုနာအသင်းအတွက်ဝင်ရောက်ကစားခဲ့တဲ့ ၎င်းရဲ့ ပထမဆုံး ပွဲဦးထွက်ပွဲစဉ်မှာ ရင်ဘတ်အောင့်ပြီး အသက်ရှုရခက်ခဲတဲ့ ပြဿနာဖြစ်ပေါ်ခဲ့တာကြောင့် ပွဲကစားချိန် ၄၁ မိနစ်မှာ လူစားလဲခဲ့ရပြီး ဆေးရုံပို့ဆောင်ခဲ့ချိန်မှာ နှလုံးခုန်နှုန်းမမှန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

တိုက်စစ်မှူးအဂွဲရိုအနေနဲ့ဆေးရုံမှာ ၂ ရက်ကြာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက် အစောပိုင်းမှာ သုံးလခန့် အနားယူရမယ်လို့ စပိန်အခြေစိုက် သတင်းဌာနာတွေက ရေးသားဖော်ပြခဲ့ပေမယ့် ၎င်းရဲ့ ကျန်းမာရေးအခြေအနေက အရင်ထင်ထားတာထက်ကို ပြင်းထန်နေပြီဆိုတာ ထင်ရှားလာခဲ့ပါတယ်။

ဒါကြောင့်လည်း လာမယ့် ဗုဒ္ဓဟူးနေ့မှာပြုလုပ်မယ့် ဘာစီလိုနာအသင်းရဲ့ အထူးသတင်းစာရှင်းလင်းပွဲမှာတော့ ၎င်းတိုက်စစ်မှူးအနေနဲ့ ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေအပြီးတိုင် အနားယူရတော့မှာဖြစ်ကြောင်း ကြေညာသွားမယ်လို့ သတင်းတွေကဖော်ပြနေခဲ့တာဖြစ်ပါတယ်။

Sergio Aguero injured as managerless Barcelona are held at home by Alaves

Photo : Barrhead News

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးအဂွဲရိုဟာ ပြီးခဲ့တဲ့ နွေရာသီကမှ မန်ချက်စတာစီးတီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ပထမဆုံးကစားခဲ့ရတဲ့ အလာဗက်စ်နဲ့ပွဲစဉ်မှာပဲ ရင်ဘတ်အောင့်တဲ့ ဝေဒနာကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

Featured Photo : Goal.com