မန်ချက်စတာစီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရိုဟာ ဘာကြောင့် လန်ဘော်ဂီနီကားကို ဝယ်ခဲ့မိလဲမသိဘူးလို့ ဒေါသတကြီး ပြောကြားခဲ့ပြီး ၎င်းရဲ့ ယူရို ၃၆၁၀၀၀ တန်(မြန်မာငွေသိန်း ၆၅၀၀ ကျော်တန်) အဗန်တေဒေါ်ကားကြီးဟာ မစီးဖြစ်လို့ ပင့်ကူအိမ်တွေတောင် တွယ်နေပြီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့်ဟာ ၎င်းရဲ့ အသုံးမပြုဖြစ်တဲ့ ဇိမ်ခံစူပါပြိုင်ကားအတွက် နောင်တရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တန်ဖိုးကြီးကားတိုင်းလည်း ထင်သလောက် မကောင်းဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Photo; The Sun

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးက ဘာကြောင့် လန်ဘော်ဂီနီကားကို ဝယ်ခဲ့မိမှန်းမသိဘူးလို့ Santo Sabado တီဗွီရှိုးမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တေ်ာ ဘာလို့ လန်ဘော်ဂီနီကားကို ဝယ်ခဲ့မိလဲ မသိဘူးဗျာ။ ၆ နှစ်အတွင်းမှာ အလွန်ဆုံးရှိလှ ကီလို ၁၂၀၀ လောက်ပဲ မောင်းရသေးတယ်။ ကျွန်တော် အဲဒီကားကို မစီးဖြစ်သလောက်နီးပါးပါပဲ”

Photo; The Sun

“ကျွန်တော် ဘာကြောင့် ဒီသောက်ကားကို ဝယ်ခဲ့လဲဆိုတဲ့အကြောင်းကို တွေးနေခဲ့တာ ၂ နှစ်ကျော်လောက်ရှိပြီ။ အခုတော့ အဲဒီကားက ပင့်ကူမျှင်တွေ ဖုန်တွေ အလိမ်းလိမ်းတက်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

အဂူရိုဟာ မန်ချက်စတာစီးတီးအသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၂၅၀၀၀၀ ရရှိနေသူဖြစ်ပြီး နှစ်စဉ်ဝင်ငွေအနေနဲ့ ပေါင် ၁၃ သန်းအထိ ရရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။ အဲဒါကြောင့် အာဂျင်တီးနားတိုက်စစ်မှူးဟာ တတ်နိုင်သလောက်ပိုက်ဆံနဲ့ အကောင်းဆုံးကားတွေကိုဝယ်ယူပြီး ရင်နှီးမြှုပ်နှံနေတာဖြစ်ပါတ