ဆာဂျီယို အဂူရိုဟာ ဘာစီလိုနာအသင်းမှာ ထင်ရှားကျော်ကြားတဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့တာဟာ လီယွန်နယ် မက်ဆီကို မလေးစားရာကျမှာစိုးတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယခုနွေရာသီအစောပိုင်းမှာ မက်ဆီရဲ့ အံ့အားသင့်ဖွယ် ထွက်ခွာမှုကြောင့် ကျောနံပါတ် ၁၀ ဟာ ဝတ်ဆင်သူမရှိဖြစ်ခဲ့တာဖြစ်ပြီး အဂူရိုဟာ ပီအက်စ်ဂျီကို မက်ဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်း ကျောနံပါတ် ၁၀ ကို ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာစီးတီးဂန္တဝင်တိုက်စစ်မှူး ဆာဂျီယို အဂူရိုက လက်ရွေးစင်အသင်းဖော် လီယွန်နယ် မက်ဆီအပေါ် ထားရှိတဲ့ သစ္စာတရားကြောင့် ကျောနံပါတ် ၁၀ ဝတ်ဆင်ခွင့်ကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

Sergio Aguero Rejected Lionel Messi's No.10 Shirt At Barcelona

Photo; standard

“ဘာစီလိုနာအသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်ရမယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တာလားဆိုတော့ အဲဒါက ကျွန်တော် ဖြစ်ချင်ခဲ့တဲ့အရာမဟုတ်ပေမယ့် မက်ဆီအပေါ်မှာ မလေးမစားလုပ်ရာ ကျသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ကော်တင်ညိုကလည်း ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့သေးပြီး နောက်ဆုံးမှာတော့ လူငယ်ကြယ်ပွင့် အန်ဆူ ဖာတီက အလွန်တန်ခိုးကြီးလှတဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်သွားခဲ့တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးဟာ မက်ဆီ၊ ရီဗယ်ဒို၊ ရော်နယ်ဒင်ညိုတို့ရဲ့ ခြေရာကို လိုက်နင်းနိုင်မယ့်သူအဖြစ် သတ်မှတ်ခြင်းခံထားရတာကြောင့် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

Featured Photo: Daily Advent