ဘောလုံးအားကစားတွေဟာ ဒေါ်လာသန်းချီတန် စီးပွားရေးဈေးကွက်တစ်ခုဖြစ်လို့ ဘောလုံးသမားတွေရဲ့ ဈေးကွက်တန်ဖိုးကလည်း ဒေါ်လာသန်းပေါင်းများစွာ တန်တဲ့ စီးပွားရေးဖြစ်နေပါပြီ။ ဒီတစ်ခေါက်တော့ အီတလီ Series A ရဲ့ လက်ရှိ တန်ဖိုးအကြီးဆုံး ဘောလုံးသမားတချို့အကြောင်း ပြောပြချင်ပါတယ်။
(၁) Stefan de Vrij
Photo : Inter
အသက် ၃၀ အရွယ် နယ်သာလန်နဲ့ Inter Milan နောက်တန်းအလယ်လူ Stefan de Vrij ဟာ FootballTransfer’s List ရဲ့ မေလအတွက် တန်ဖိုးအကြီးဆုံး Series A ကစားသမားဖြစ်ပြီး လက်ရှိဈေးကွက်တန်ဖိုး ယူရို ၂၉.၂ သန်း ရှိပါတယ်။
(၂) Kalidou Koulibaly
Photo : worldfootballindex
၁၉၉၁ ခုနှစ်ဖွား အသက် ၃၀ နှစ်အရွယ် ဆီနီဂေါနိုင်ငံအသင်းခေါင်းဆောင် Kalidou Koulibaly ဟာ Series A ကလပ် Napoli မှာ နောက်တန်းအလယ်လူအဖြစ် ကစားနေပါတယ်။ ပြင်သစ်ကလပ် Metz နဲ့ ၂၀၁၀ ကစပြီး ပရော်ဖက်ရှင်နယ် ကစားခဲ့တဲ့ သူဟာ လက်ရှိဈေးကွက်တန်ဖိုး ယူရို ၂၉ သန်း ရှိပါတယ်။
(၃) Davide Calabria
Photo : iloveacmilan
အီတလီပရော်ဖက်ရှင်နယ် ကစားသမား Davide Calabria ဟာ Series A ကလပ် AC Milan မှာ Full-Back ကစားပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒီကစားသမားဟာ လက်ရှိ ဈေးကွက်တန်ဖိုး ယူရို ၂၈.၆ သန်း ရှိပါတယ်။
(၄) Álvaro Morata
Photo : AS
အသက် ၂၉ နှစ်အရွယ် စပိန်ဘောလုံးသမား Álvaro Morata ဟာ La Liga ကလပ် Atletico Madrid ကနေ Series A ကလပ် Juventus ကို အငှားချပြီး ရောက်လာသူ ဖြစ်ပါတယ်။ Real Madrid အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ သူဟာ လက်ရှိဈေးကွက်တန်ဖိုး ယူရို ၂၈.၅ သန်း ရှိပါတယ်။
(၅) Mario Pasalic
Photo : weaintgotnohistory
အသက် ၂၇ နှစ် အရွယ် Juventus အလယ်တန်း တိုက်စစ်မှူး Álvaro Morata ဟာ FootballTransfer’s List ရဲ့အချက်အလက်အရ ယူရို ၂၈.၄ သန်း တန်တယ်လို့ ဆိုပါတယ်။
Featured Photo : mykhel