ယောကျာ်းတစ်ယောက်ကို ဆွဲဆောင်မှုပိုရှိစေတာ ဝတ်စားဆင်ယင်မှုဖက်ရှင်အပြင် လိုက်ဖက်တဲ့ ရေမွှေးရနံ့လို့ ပြောရင် မမှားနိုင်ပါဘူး။ ရေမွှေးကောင်းကောင်း သုံးထားတဲ့ အမျိုးသားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေစေရုံက လူတွေအပေါ်ဆွဲဆောင်နိုင်စွမ်းလည်း မြင့်မားသလို ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှုကိုလည်း အပြည့်အဝ ရကြပါတယ်။ ဒီတစ်ခေါက်တော့မှာတော့ Sexy ကျကျ ဆွဲဆောင်မှုရှိချင်တဲ့ အမျိုးသားတွေအနေနဲ့ သေချာပေါက် သုံးသင့်တဲ့ ရေမွှေး တွေ အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။
(၁) Yves Saint Laurent L’homme Ultime

Photo : The Trend Spotter
ရေမွှေး နဲ့ပတ်သတ်ရင် YSL ရဲ့ ရနံ့တွေကတော့ တော်တော်လေး ထူးခြားပြီး လူကြိုက်များပြီးသားပါ။ ဒီထဲမှာ အမျိုးသားတွေ သုံးကြည့်သင့်တာကတော့ L’Homme Ultime ပါပဲ။ ဒီရေမွှေးရဲ့ ရနံ့က တော်တော်လေး Powerful ဖြစ်ပြီး ခေတ်သစ် ယောကျာ်းသားတို့အတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုပါ။ အဖွင့်မှာ Ginger ၊ Grapefruit နဲ့ Cardamom တို့ရဲ့ Clean ဖြစ်ပြီး လတ်ဆတ်တဲ့ သစ်သီးရနံ့တွေနဲ့ စဖွင့်ထားပြီး အလွယ်မှာ ပန်းရနံ့ ခပ်သင်းသင်းလေး လိုက်လာမှာပါ။ အဆုံးသတ်ကိုတော့ ထူးခြားစွဲမက်ဖွယ် Woody ရနံ့နဲ့ ပိတ်ထားပါတယ်။ L’Homme Ultime ရဲ့ ရနံ့က တော်တော်လေးကို ရှင်းသန့်မွှေးပျံ့ပြီး စွဲဆောင်မှုရှိရှိ Sexy ကျတဲ့ ခံစားမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
(၂) Jimmy Choo Man Intense

Photo : The Trend Spotter
Sexy ကျကျ နဲ့ Manly ဆန်တဲ့ ရေမွှေးမျိုးကို ရှာနေတယ်ဆိုရင် Jimmy Choo Man Intense ကို ရွေးဖို့ ညွှန်းချင်ပါတယ်။ တခြားသော အမျိုးသားသုံး ရေမွှေးတွေလို ပြင်းပြစူးရှပြီး အရမ်းကြီး Masculine ဖြစ်နေတာမျိုး မဟုတ်ပေမယ့်လည်း ချိုမြိန်ပြီး ငြိမ်အေးတဲ့ ပန်းရနံ့တွေနဲ့ ပေါင်းစပ်ထားတဲ့ ရနံ့မျိုးပါ။ Bergamot ၊Ppatchouli နဲ့ Rum ရနံ့တွေရဲ့ ပေါင်းစပ်မှုကလည်း တော်တော်လေးကို ခေတ်ဆန်ပြီး အထာကျတဲ့ ရနံ့ကိုပေးစွမ်းပါတယ်။ Opening Notes တွေကိုက တော်တော်လေးကို ထူးခြားစွဲမက်စရာဖြစ်ပြီး Projection လည်း တော်တော်ကောင်းတယ်လို့ ပြောရမှာပါ။ အချိန်နေရာမရွေး ဆွတ်လို့အဆင်ပြေတဲ့ ရေမွှေး တစ်မျိုးလည်း ဖြစ်တာကြောင့် ကွီးတို့ သေချာပေါက် Try ကြည့်သင့်တဲ့ ရေမွှေးတစ်ခု ဖြစ်ပါတယ်။
(၃) Acqua di Parma Cedro di Taormina

Photo : The Trend Spotter
Sexy လည်းကျရမယ် ၊ ရှင်းသန့်မွှေးပျံ့တဲ့ ရနံ့မျိုးနဲ့ စွဲဆောင်မှုလည်း အပြည့်ရှိရမယ်ဆိုရင်တော့ Acqua di Parma Cedro di Taormina ကို သုံးကြည့်စေချင်ပါတယ်။ သူ့ရဲ့ရနံ့က Fruity နဲ့ Citrusy ဖြစ်ပြီးတော့ နွေးထွေးတဲ့ ပန်းရနံ့တွေနဲ့ ပေါင်းစပ်ထားတာ မျိုးပါ။ အဖွင့်မှာ Petitgrain ၊ Citruses နဲ့ Basil တို့ရဲ့ ထူးခြားတဲ့ ပေါင်းစပ်မှုနဲ့ စွဲမက်ဖွယ် ရနံ့ကို စထားပြီး အဲ့ဒီနောက်မှာ Black Pepper နဲ့ Lavender တို့ရဲ့ ခပ်ပြေပြေ မွှေးရနံ့က လိုက်လာပါတယ်။ Base Notes တွေအနေနဲ့ Labdanum ၊ Virginian Cedar နဲ့ Vetiver တို့ရဲ့ ရှင်းသန့်သင်းပျံ့တဲ့ ရနံ့တွေကို ထုတ်ပေးထားပြီး တော်တော်လေးကို Masculine နဲ့ Powerful ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ နွေရာသီလို ပူအိုက်တဲ့ အချိန်အခါတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး တစ်နေ့တာလုံး လန်းဆန်းအေးမြမှုကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။
(၄) L’Eau d’Issey Pour Homme Fraiche Issey Miyake

Photo : The Trend Spotter
အမျိုးသားတွေအတွက် နောက်ထပ် ရွေးချယ်သင့်တဲ့ ရေမွှေး တစ်ခုကတော့ L’Eau d’Issey Pour Homme Fraiche Issey Miyake ပါ။ ဒီရေမွှေးက တော်တော်လေးကို Minimalist ဆန်ပြီး Classy ဖြစ်ဖြစ်နဲ့ Sexy ကျတဲ့ ရနံ့မျိုးကို ပေးစွမ်းပါတယ်။ ပြောရရင် လုံးဝ Fresh ဖြစ်ပြီး တကယ်ကို Unique ဖြစ်တဲ့ ရနံ့မျိုးပါ။ Grapefruit ၊ Bergamot ၊ Mint နဲ့ Rosemary တို့ရဲ့ ထူးခြားတဲ့ ရနံ့တွေနဲ့ စဖွင့်ထားပြီး အဲ့ဒီနောက်မှာ Pink Pepper နဲ့ နှင်းဆီရနံ့တွေ ခပ်ပြေပြေ လိုက်လာပါတယ်။ Base Notes တွေအနေနဲ့တော့ Patchouli နဲ့ နွေးထွေးပြီး သင်းပျံ့တဲ့ Spice တွေကို ပေါင်းစပ်ထားပါတယ်။ Opening ကတော့ အချို့သူတွေအတွက် တော်တော်လေး ပြင်းတယ်လို့ ခံစားရစေမှာပါ။ ဒါပေမယ့် အဓိက Grapefruit နဲ့ Rosemary တို့ရဲ့ ရနံ့တွေက ဒီရေမွှေးကို ထူးခြားသွားစေပါတယ်။ အခုလိုဆောင်းအကုန် နွေအကူး နွေဦးကာလမျိုးနဲ့ အလိုက်ဖက်ဆုံး ရေမွှေးတစ်ခုပဲ ဖြစ်ပါတယ်။
Featured Photo : Perfume.com
