အိပ်ရေးဝဝ အိပ်စက်ခြင်းသည် ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအတွက် များစွာအရေးကြီးပါတယ်။ အိပ်ရေးဝဝ အိပ်စက်ဝဝ အိပ်စက်ခွင့်ရမှသာ စိတ်လက်ပေါ့ပါးလန်းဆန်းပြီး စိတ်ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်မှာဖြစ်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်ခွင့်မရသူများမှာတော့ ကင်ဆာရောဂါ၊ နှလ့ုးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ရောဂါစတဲ့ ရောဂါများအပြင် အာရုံစူးစိုက်မှုမပြုလုပ်နိုင်ခြင်း၊ မှတ်ဉာဏ်စွမ်းအားကျဆင်းခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ မောပန်းလွယ်ခြင်း အစရှိသည်တို့ကို ခံစားရနိုင်ပါတယ်။

ညဘက်အလုပ်ဆင်းရတဲ့အတွက်ကြောင့် ညဘက်တွင် အိပ်စက်ခွင့်မရဘဲ နေ့ဘက်တွင် အိပ်စက်ရတဲ့ယောကျာ်းများအနေနဲ့လည်း အထက်ဖော်ပြပါ ကျန်းမာရေးဆိုးကျိုးများကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါဆိုရင် ညဆိုင်းဆင်းရသူများနှင့် အိပ်မပျော်ရောဂါ ခံစားနေရသူများအတွက် ဘယ်လိုနည်းလမ်းလေးတွေက ကူညီပေးနိုင်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

မိမိရဲ့အိပ်ချိန်ကို မပြောင်းလဲပါနဲ့

man sleeping on bed

ဥပမာ သင့်မှာ အလုပ်နားချိန် (၂) ရက်ရှိပြီး အလုပ်လုပ်ရတဲ့ရက်တွေမှာ နေ့ဘက်တွင် အိပ်ပြီး အလုပ်ပိတ်ရက်မှာတော့ ညဘက်တွင် အိပ်ဖို့ မကြိုးစားပါနဲ့။ သင့်ရဲ့အိပ်ချိန်ကို ပုံသေထားဖို့လိုပါတယ်။ ဒါမှ အိပ်စက်ချိန်ရောက်တဲ့အခါ ခန္ဓာကိုယ်က အလိုလိုသိလာပြီး အိပ်ပျော်သွားပါလိမ့်မယ်။

တစ်ရေးအိပ်ပါ။ သို့သော် အလွန်အကျွံမအိပ်ပါနဲ့

man taking a nap

ညဆိုင်းမဆင်းခင် မိနစ် ၉၀ ခန့် အိပ်စက်ခြင်း၊ ထမင်းစားချိန်နားသည့်အခါ မိနစ် ၃၀ ခန့် အိပ်စက်ခြင်းအားဖြင့် မိမိကိုယ်ကို အားရှိအောင် ပြုလုပ်နိုင်ပါတယ်။ ဒီလိုတစ်နေရးအိပ်ခြင်းအားဖြင့် ပိုမိုတက်ကြွလန်းဆန်းမှာဖြစ်ပြီး အလုပ်ထဲမှာ ပိုမိုအာရုံစူးစိုက်နိုင်ပါတယ်။

ကာဖိန်းဓာတ်များကို အလွန်အကျွံ မမှီဝဲပါနဲ့

a cup of coffee

ကျွန်တော်တို့တွေသည် အိပ်ချင်စိတ်ကို ပြေပျောက်ဖို့ရန်အတွက် ကာဖိန်းဓာတ်များပြားသော ကော်ဖီရဲ့အကူအညီကို ရယူကြပါတယ်။ ဒါပေမဲ့ ကာဖိန်းဓာတ် အများအပြား မှီဝဲခြင်းသည် သင့်ရဲ့ပုံမှန်အိပ်စက်ချိန်စက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အာဟာရ ညီညွှတ်မျှတစွာ စားသုံးပါ

vitamins and minerals rich food

ပြည့်ဝဆီများပြားစွာပါဝင်သော အစားအစာများ၊ သကြားဓာတ်လွန်ကဲသော အစားအစာများသည် သင့်ရဲ့အိပ်စက်မှုကို ထိခိုက်စေနိုင်တာကြောင့် ကျန်းမာရေးနှင့် ညီညွှတ်ပြီး အာဟာရပြည့်ဝသော အစားအစာများကိုသာ မှီဝဲစားသုံးသင့်ပါတယ်။

သင့်ရဲ့အထက်လူကြီးထံ အကူအညီတောင်းပါ

colleagues talking

သင့်ရဲ့နေအိမ်နဲ့ အလုပ်က ဝေးလွန်းတဲ့အခါ ညဆိုင်းဆင်းရရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် အထက်လူကြီးများက သင့်အတွက် နေရာထိုင်ခင်း ပေးနိုင်မလား (သို့) အလုပ်ချိန်အပြောင်းအလဲ ပြင်ဆင်ပေးနိုင်မလား စသည်ဖြင့် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြည့်လိုက်ပါ။ ကိုယ်ရောစိတ်ပါ ကျန်းမာနေမှ အလုပ်ကောင်းကောင်းလုပ်နိုင်မှာမဟုတ်လား။

Source: Lifehack.org