ရှင်ဂျီ ကာဂါဝါကို ၁၉၈၉ မက်စ်လ ၁၇ ရက်နေ့ မှာ ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့ပါတယ်။ ကာဂါဝါဟာ သူ့ရဲ့ ဆီနီယာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဂျပန်ကလပ်တခုဖြစ်တဲ့ ဆဲရီယို အိုဆာကာ အသင်းနဲ့ စတင်ခဲ့တာပါ။

၂၀၁၀ ခုနှစ်အရာက်မှာတော့ ဂျာမန် ကလပ် ဒေါ့မွှန်အသင်းက ခေါ်ယူခဲ့ပါတယ်။ ဒေါ့မွှန်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ဆာအဲလက်စ်ဖာဂူဆန်က ၂၀၁၂ ခုနှစ်မှာ မန်ယူအသင်းဆီကို အရခေါ်ယူခဲ့ပါတယ်။ ကာဂါဝါဟာ မန်ချက်စတာယူနိုက်တတ်ရဲ့ ပထမဆုံး ဂျပန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

သူရဲ့ မန်ချက်စတာ ယူနိုက်တတ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရှန်ဟိုင်းရှန်ဟွာ အသင်းနဲ့  ချစ်ကြည်ရေး ပွဲစဉ်မှာ သွင်းယူပေးခဲ့ပါတယ်။ ကာဂါဝါဟာ မန်ယူအသင်းအတွက် ၂၀၁၂ မှ ၂၀၁၄ အထိသာ ကစားပေးခဲ့ပြီး သြဂုက်လ ၂၀၁၄ အရောက်မှာ ဒေါ့မွှန်အသင်းဆီကို ပြန်လည် ပြောင်းရွှေ့သွားခဲ့ပါတယ်။

Source: sky sports

ကာဂါဝါဟာ နောဝှစ်ခ်ျ အသင်းကို (၄-၀) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှ (၃) ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်တဲ့ အာရှ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ပရီးမီးယားလိဂ်ဆုကို မန်ယူအသင်းနဲ့အတူရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန် အနားမယူခင် အိမ်ကွင်း နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆွမ်ဆီးအသင်းကို (၂-၁) ဖြင့် အနိုင်ရတဲ့ ပွဲစဉ်မှာလည်း ပါဝင်ကစားပေးခဲ့ပါသေးတယ်။ အဆိုပါ ပွဲစဉ်အပြီးမှာ ကာဂါဝါဟာ ပရီးမီးယားလိဂ်ဖလားအပြင် တစ်လတာ အကောင်းဆုံး ကစားသမား စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

Source: football tribe

ကာဂါဝါဟာ ဒေါ့မွှန်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ခြေးစွမ်းပြကစားနိုင်ခဲ့ပေမဲ့ ဒဏ်ရာပြသာနာများနဲ့ မကြာခဏရင်ဆိုင်နေခဲ့ရတာကြောင့် နေရာမရရှိခဲ့ဘဲ ရာသီအကုန်မှာ တူရကီကလပ် ဘီဆစ်ခ်တတ်အသင်းဆီ အငှားဖြင့် သွားရောက်ကစားခဲ့ရပါတယ်။ ဘီဆစ်ခ်တတ် အသင်းအတွက် ၁၄ ပွဲ ကစားထားပြီး (၄) ဂိုးသွင်းယူပေးထားတယ်လို့ သိရပါတယ်။

Source: kyodo news

ကာဂါဝါဟာ နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံ (၉၅) ပွဲထိ ပါဝင်ကစားပေးခဲ့ပြီး ဂိုးပေါင်း (၃၁) ထိသွင်းယူပေးခဲ့ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အာဆီယံဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ အဆိုပါ ကစားသမားဟာ မန်ချက်စတာ ယူနိုက်တတ် ပရိသတ်တွေအတွက် မမေ့နိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲပါ။